Friday, September 29, 2006

Release them!!!

I'm so worried for the 88 generation student leaders, (ko) Min Ko Naing, (ko) Ko Ko Gyi and (ko) Htay Kywe, who were detained on 27th if Junta would arrest them for long time. Previously they were detained for 15 years. I wish they would be released soon.

News:

The irrawaddy: UN Urges Junta’s Release of Activists
UN official calls for release of Myanmar student leaders
Asian tribune



UPDATE: Oct 01, 06.
I’m saddened to learn that two more student leaders, (ko) Min Zeya and (ko) Pyone Cho, were detained yesterday. Nothing about why they were detained is still not known.
[Irrawaddy news: Junta Arrests More Activists]

Monday, September 25, 2006

No electricity in Yangon

I know. I didn't update my blog for many days. It is all because of electric power outage in Yangon. Today is the forth day of blackout. The whole street is in complete chaos with noisy electric generators.

Rumour said that electricity was transferred to so-called National Convention about to be held at Nyaung-Na-Pin. It was also said that there will be no electricity except midnight to morning 6 am as long as that stupid NC is held. Only that 6 hours of electricity a day is offered so that people can pump up water during that time.

I don't know if it is the electricity from all Yangon but it doesn't make sense that electric from a big city is transferred just to a small NC area. But these soldiers always do everything which doesn't make sense at all.

So, what do people do? People just sit at their home and curse at damn Junta.

PS: Sorry for no poem Moe Moe. I am busy cursing at Junta.



Update (September 26, 06):

The electric bill man said power was cut for they were repairing underground cables. So, rumour was just rumour. Today, electricity was back most of the time.

I think this rumour happened coz people keep in their mind that this junta always take anything they want from people without thinking how much people are suffering.

Thursday, September 21, 2006

Skyless Night

ဂျူးရဲ့ ဒီ "ကောင်းကင်မပါသောည" ၀တ္ထုတို ဟာ သူရေးခဲ့တဲ ၀တ္ထုတွေထဲမှာ ကျွန်တော် အကြိုက်ဆုံးပါပဲ။ အရေးအသားမှာ အစအဆုံး စကားလုံးတိုင်းဟာ ကျစ်လျစ်စူးရှ လွန်းလို့ ခဏခဏလည်း ပြန်ဖတ်ဖြစ်တယ်။ တစ်ခါ တစ်ခါ ရင်ထဲမှာ ခံစားချက်တွေ များနေရင် ဒီဝတ္ထုကို ဖတ်မိတယ်။
နောက်ပြီး  ဆရာမဂျူးရဲ့ ဒီဝတ္ထု နဲ့ "အဝေးဆုံးခရီးသို့ အနီးဆုံးအချိန်"* တို့ထွက်ပြီး နောက်ပိုင်းမှာ မြန်မာစာပေ အသိုင်းအ၀ိုင်းမှာ existentialism နဲ့ပတ်သက်ပြီး ပိုမို ပြောဆိုလာကြတယ်လို့ ထင်ပါတယ်။ 


Link:
ကျွန်မလက်တွေကပဲ တိုလွန်းနေလို့လား၊ မမီမကမ်းဖြစ်ခဲ့ရသော ချစ်ခြင်းမေတ္တာနှင့်လည်း လွဲခဲ့ရဖူးပြီ။ ကျွန်မမျက်နှာသို့ လာ၍စဉ်သော မနာလိုစကား အပိုင်းအစများကိုလည်း ထုံထိုင်းစွာ ခံစားသိရှိခဲ့ရပြီးပြီ။                           ယခုအချိန်တွင် မနက်ဖြန်ဆိုသော စကားလုံး၏ အရသာကိုပင် ကျွန်မမသိတော့ပါ။                         ကျွန်မ သွားတော့မည်။                         ပြတ်သားမှဖြစ်မည်ဟု သတိရလိုက်သောအချိန်တွင် မပြတ်သားမှုများစွာတို့ဖြင့် လေးလံပိကျနေသော ခန္ဓာကိုယ်မှာ လှုပ်ရှားရန် မလွယ်ကူတော့ချေ။ တွေဝေခြင်းသည် ကြောက်မက်ဖွယ်ရာ ချိုမြိန်လှသည်။                         ကျွန်မ သွားမှဖြစ်မည်။ တောင်အရပ်သို့ သွားသည်ဖြစ်စေ၊ မြောက်အရပ်သို့ သွားသည်ဖြစ်စေ အရေးကြီးသည်မှာ ဤနေရာတွင် ကျွန်မမရှိဖို့သာ ဖြစ်သည်။                         မိုးသည်းသော ညမဟုတ်။ နှင်းဝေသော ညမဟုတ်။ ရင်ခုန်နေသောညလည်း မဟုတ်။ လ၀န်းမရှိ။ ကြယ်တာရာများ မရှိ။ နေရောင်ခြည် လရောင်ခြည်များ၊ လောက၏ ချိုဆိမ့်မှုများ၊ မိန်းမူးဖွယ်ရာ အောင်မြင်မှုများကို ရနိုင်သလောက် ညှစ်နတ်၊ ခြစ်ထုတ်ယူပြီးသော အခွံချည်းသက်သက် ည၊ မှောင်မည်းတိတ်ဆိတ်နေသော သွေးအေးအေးနှင့် ညသာ ဖြစ်သည်။ စမ်းရေစီးသံမကြားရ။ နာရီစက်သံ မကြားရ။ ညငှက်တို့၏ အတောင်ပံခတ်သံ မကြားရ။ သစ်ရွက်သစ်ခက်တို့၏ တီးတိုးသံပင်လျှင် မကြားရ။ ခုလိုညမျိုးသည် တစ်ခုခုကို ဆုံးဖြတ်ဖို့၊ အဆုံးသတ်ဖို့ အသင့်တော်ဆုံးည ဖြစ်သည်။ ကျွန်မ ဘာကို စိုးရိမ်ကြောင့်ကြနေသနည်း။                         ကန္တာရပင် အကိုင်းဖျားမှာ ကြာမြင့်စွာ တွဲလွဲချိတ်ထားခံရသောကြောင့် အရောင်မှိန်ပျက်လျက်ရှိသော သစ္စာစကားများ၊ မဖွပ်လျှော်ဘဲ အဖန်တလဲလဲ သုံးခံရသဖြင့် ညစ်နွမ်းပျော့ဖတ်နေသော လောက၀တ္တရားများ၊ ရောဂါပိုးများ၊ ပြင်းပြလှိုက်မောနေသော အသက်ရှူသံများ၊ ဘယ်တော့မျှ လိုအင်ဆန္ဒ မပြေပျောက်နိုင်တော့သော ငတ်မွတ်မှုများ။ အားလုံးအပေါ်တွင် နောက်ဆံတင်းဖို့မလိုပါ။                         ဘယ်လိုအရာမျိုးကြောင့်မှ ပျော်ရွှင်မှုကို မရခဲ့သူ ကျွန်မအတွက် လောကကြီး၏ ဟဒယရွှင်ဆေးများက မတိုးတော့ပါ။ လူတစ်ယောက်အတွက် အရေးအကြီးဆုံးသော ပညာမှာ ရယ်မောတတ်ဖို့မဟုတ်။ မေတ္တာထားတတ်ဖို့လည်းမဟုတ်။ သေတတ်ဖို့သာ ဖြစ်ပါသည်။


Monday, September 18, 2006

How to use internet image formats


အင်တာနက်မှာ ပုံတွေအတွက် jpg, png, gif format တွေကို သင့်တော်တဲ့ format ရွေးချယ် အသုံးပြုသင့်ပါတယ်။ jpg က ဓါတ်ပုံအတွက် ကောင်းပါတယ်။ အများစုကတော့ ဘာပုံပဲဖြစ်ဖြစ် jpg format ပဲ သုံးလိုက်ကြတာ တွေ့နေရလို့ပါ။ အထူးသဖြင့် windows application တွေကို screenshot ရိုက်ရင် jpg က file size ကြိးပြီး၊ file size သေးအောင် compress လုပ်ရင် quality ညံ့သွားရော။ png သုံးမယ် ဆိုရင် file size သေးပြီး ပိုပြီးလဲ quality ကောင်းပါတယ်။ အသေးစိတ်ကိုတော့ ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်



Sunday, September 17, 2006

Weekend Poetry


ခေါ်သံ

ခေါ်သံတွေ ဆူညံ
လူသားအပေါင်း ရှိရာသို့ဦးတည်
ထိုသတ္တ၀ါတို့
နားကွဲအောင် အော်ကြလေပြီ။
လုပ်အားပေးဖို့ ခေါ်သံ၊
ဓါတ်ပုံရိုက်ဖို့ ခေါ်သံ၊
... ခေါ်သံ၊  ... ခေါ်သံ၊
ကြိမ်ဖန်ထပ်ခြင်းတို့ ကြိမ်ဖန်ထပ်၊
နေ့စဉ်ရက်ဆက်။
ဪ...
ရပ်ကွက်ရုံးက
အာဗြဲ လျှာဗြဲများ။

weekend တိုင်း မှာ ကဗျာတစ်ပုတ် ရေးရမယ်ဆိုပြီး သူငယ်ချင်း မို့မို့က အတင်းကြီး ပြောလာ တော့လည်း ကဗျာမရေးတတ်ပေမယ့် ဟောဒီ နားထဲ လာရစ်နေတဲ့ ပေါက်ကရ အကြောင်းပဲ ရေးချလိုက်တော့တယ် ။ ဟိုအရင် အသဲကွဲ တုန်းကတော့ ကဗျာလေး တစ်ပုဒ်နှစ်ပုဒ် ရေးဖူးပါရဲ့။ အခုတော့ ကဗျာလည်း မဆန်တော့ဘူး၊ အူကြောင်ကြောင် နှလုံးသားတစ်ခုနဲ့ ဘ၀မုန်တိုင်းထဲက လွဲချော်မှုတွေကြားမှာ ရှင်သန်နိုင်ဖို့ ကြိုးစားနေရတာပါပဲ။ ဘာပဲဖြစ်ဖြစ်လေ နောက်တစ်ပါတ်မှာတော့ ကဗျာဆန်နိုင်ဖို့ ကြိုးစားပါ့မယ်။ :)



Sunday, September 10, 2006

Happy Nation

ညီမမေ (mayvelous) က မြန်မာနိုင်ငံ ပြန်လာချင်အောင် နိုင်ငံအကြောင်း ပျော်စရာလေးများ ရေးပါဦး ဆိုလို့ စဉ်းစားနေတာပါ။ ကျွန်တော်က အမြင်မတော်တာတွေ ပြောသင့်တယ် ထင်တာတွေ ပြောနေဦးမှာဆိုတော့ ကြာရင် မြန်မာနိုင်ငံ မကောင်းကြောင်း ပြောတဲ့လူလို့များ ထင်ကုန်ကြမလား မသိ။ တစ်ကယ်တော့ ဒီနိုင်ငံကို ချစ်လွန်းလို့ပြောနေတာပါ။

ကျွန်တော်တို့  မြန်မာနိုင်ငံက စိမ်းစိုနေတဲ့ တောတောင၊် စိမ့်စမ်း၊ မြစ်ချောင်း၊ သဘာဝ အလှတွေနဲ့ လှပနေတဲ့ နိုင်ငံပါ။ ဒီစစ်အစိုးရက သစ်တောပြုန်းတီးအောင် စည်းမဲ့ ကမ်းမဲ့ သစ်ပင်တွေ ခုတ်ရောင်းနေတဲ့ကြားက လှပနေဆဲပါပဲ။ (လာလည်မယ်ဆိုရင် ဒီသဘာဝအလှတွေဆီ သွားသင့်ပါတယ်။) နောက်ပြီး လူမျိုးပေါင်းစုံ၊ စကားမျိုးစုံ၊ ကိုးကွယ်ရာ ဘာသာပေါင်းစုံနဲ့ လှလှပပ တည်နေသင့်တဲ့ နိုင်ငံပါ။ ဒါကိုလည်း စစ်အစိုးရက အားနည်းသူ လူမျိုးစုတွေကို သတ်ဖြတ်၊ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ဖိနှိပ်၊ ပြည်သူလူထုကို ချွေးတပ်ဆွဲသလိုအလုပ်ခိုင်း . . .

အင်းအင်း..တော်လိုက်ပါတော့မယ်။ ပျော်စရာလေးတွေ ရေးမလို့စဉ်းစားပြီး ရေးရင်းရေးရင်း စိတ်ညစ်စရာပဲ ပြန်ပြန်ရောက်သွားတယ်။ ပျော်စရာဆိုတော့ ဟိုတစ်နေ့က ဦးလေးကြီးတစ်ယောက် ပြောတာ ပြန်ပြောပြရဦးမယ်။

“မြန်မာနိုင်ငံက ပျော်စရာကြီးကွ” တဲ့။

ကျွန်တော်က အူကြောင်ကြောင်နဲ့ ပြုံးမိတော့.. . သူကဆက်ပြောပါတယ်.. .
“ဒီနိုင်ငံမှာ ဘာလုပ်လုပ် အကုန်ရတယ်။ ပိုက်ဆံပေးရင် အားလုံး ပြေလည်တယ်။ ဥပဒေတွေဘာတွေ ဆိုတာ ပိုက်ဆံပေး အားလုံး ရှင်းလို့ရတယ်။ အဲ့ဒါကြောင့် မြန်မာနိုင်ငံကြီးက ပျော်စရာကြီးလို့ ပြောနေကြတာ” တဲ့
နောက်ခြွင်းချက် တစ်ခုဆက်ပြောပါတယ်.. .
“ တစ်ခုတော့ ရှိတယ်ကွ ဒီမိုကရေစီ မအော်နဲ့၊ ဒေါ်အောင်ဆန်းစုကြည် အကြောင်း မအော်နဲ့၊ ဒါကတော့ ဘာနဲ့မှ ရှင်းမရဘူး” တဲ့။


Categories / tags: ,

Wednesday, September 06, 2006

I'm home

အင်း.. . ဟိုရောက် ဒီရောက် ရှောက်သွားနေလို့ မblog ဖြစ်တာပါ။  criers တို့ထင်သလိုလဲ ဟန်းနီးမွန်း ထွက်ရအောင်လဲ မကြီးပွားသေးပါဘူး။ :D ခရီးထွက်တာလည်း ပိုက်ဆံမရှိလို့ ဟိုမြို့က သူငယ်ချင်း၊ ဒီမြို့က သူငယ်ချင်း တွေဆီ အလကား လှည့်စားနေတာလေ။ :D အခုတော့ ပြည်တော် ပြန်ရောက်ပါပြီ။ အမေ့အိမ် ပြန်ရောက်ပါပြီ။

ကွဲကွာနေတဲ့ရတဲ့ မြန်မာနိုင်ငံကြီးမှာ ဘာတွေများ ထူးခြားနေပါလိမ့်…
လေဆိပ်ရောက်ရောက်ချင်း လေဆိပ် “လ၀က” က ပုဂ္ဂိုလ် များ ဆရာကြီး ဒေါက်တာ ဆလိုင်း ထွန်းသန်း ပုံကို စားပွဲတိုင်းမှာ ကပ်ထားတာတွေ့ရလေရဲ့။ ဆိုက်လာသမျှ လေယာဉ် တိုင်းမှာ ရှာနေ သလားတော့ မသိ။
ရန်ကုန်မြို့ထဲမှာတော့ ဘာမှမထူးခြား၊ ကားတွေ traffic jam မြဲ။  အရာရာ ခေတ်နောက်ပြန်နေတဲ့ နိုင်ငံမှာ ဟိုတစ်ခေါက်ကထက် တိုးတက်လာတာဆိုလို့ လျှပ်စစ်မီး ဆိုတဲ့အရာ ပြန်ရှိလာတယ်၊ ဟိုsite ၀င်မရ ဒီsite ၀င်မရ အင်တာနက်ဆိုတာလေး ရှိလာတယ်။ မဆိုးပါဘူးဗျာ။ မြန်မာနိုင်ငံ ပြန်ရောက်ကြောင်း email လေးတွေပို့ဖို့ Gmail ဖွင့်တော့မရ။ (yahoo, hotmail တွေမရတာတော့ အရင်ကတည်းက ကြားဖူးပြီးသားပါ။) သြော်.. . ဘယ်ရလေမလဲ mail4u.com.mm တို့က email တွေလို သူတို့ အကုန် ထိုင်ဖတ်လို့မှ မရတာကိုး။

လူတွေမှာတော့ ဒီစစ်အစိုးရ ဘယ်တော့ ပြုတ်မလဲ သတင်းအစအနလေးများ ရလိုရငြား ရေဒီယိုလေးတွေကိုင် နားစွင့်နေကြလေရဲ့။ မနက်ခင်း ကျန်းမာရေး ထွက် လမ်းရှောက်သူတွေတောင် ရေဒီယိုလေးတွေ တကိုင်ကိုင်။
ကန်တော်ကြီး (ဗိုလ်ချုပ်ပန်းးခြံ) ထဲက ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကြီးကတော့ အနားသွားလို့မရအောင် မြက်ရိုင်းတောထဲ ရောက်အောင် လုပ်ထားကြလို့ အထီးကျန် နေလေရဲ့။
Categories / tags: ,