Monday, July 30, 2007

ရောက်တတ်ရာရာ

ဒီရက်ပိုင်း ရေးစရာတွေ အများကြီး ရှိပေမယ့် computer ရှေ့ သိပ်ထိုင်ခွင့်မရဘူး။ လူကြီးတွေက ကျွန်တော့်ကို အကျိုးမရှိတာတွေ လုပ်နေတယ် ဆိုပြီး ပြဿနာ ရှာနေလို့။ ဒါတောင် blog ရေးတာ သိသေးတာ မဟုတ်ဘူး။ ပြောမရဆိုမရနဲ့။ လုံးဝ မငြိမ်းချမ်းဘူး။ ကျွန်တော့်မှာ ဒီ blog လေးအဖေါ်လုပ်နေရတာ။ မရေးရလို့မဖြစ်ဘူးလေ။
ဒီနေ့ တော့ ခပ်တိုတိုချုံ့ပြီး ရောက်တတ်ရာရာလေးတွေပဲ ရေးတော့မယ်။

ကြက်ဆူ
မပြောတော့ဘူးလို့ နေနေတာ။ ကြက်သရေတုံးတာ လွန်လွန်လာတယ်။ ကြက်ဆူစိုက်ကြတာတဲ့ဗျာ အရှက်မရှိ ဒီစစ်ကောင်တွေ။ တခမ်းတနား စင်မြင့်ကြီးတွေဆောက် မိန့်ခွန်းကပြောသေးတယ်။ ပြီးရင်  အတင်းအကြပ် ခေါ်ထားတဲ့လူတွေကို တစ်ကြွင်းတစ်ယောက် မိုးရွာထဲမှာ ရပ်နေခိုင်းထားသေးတယ်။ အဲ့သလို ကြက်ဆူစိုက်ပွဲတွေ နေ့တိုင်းကျင်းပကြလေတယ်။ ဗေဒင်ဆရာ ခိုင်းတာကို ဒီအာဏာပိုင်လူတန်းစားတွေ ကုန်းလုပ်နေတာ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကို ကြောက်လို့ပဲပေါ့ခင်ဗျာ။

စစ်သတင်းစာသို့ feedback
စစ်အစိုးရ သတင်းစာတွေမှာ ဟိုတစ်ပတ်က အကြံပြုချက်တောင်းခံတာ ဆိုပြီး စာရွက်လေးတွေပါလာတယ်။ သတင်းတို့၊ ဆောင်းပါးတို့၊ ခေါင်းကြီးတို့နဲ့ ပါတ်သတ်ပြီး အကြံပြုချက် တောင်းခံတာတဲ့။ အမှန်တွေ ရေးရမှာလား။ အမည် မှတ်ပုံတင်တွေလည်း ဖြည့်ခိုင်းသေးတယ်။ သူတိုက ရေးတာ ကောင်းရင် ဆုတွေပေးမယ် ဆိုပဲ (ဖားရေးတာ ကောင်းရင်)။ ပထမ ၃သိန်း။ ဒုတိယ ၂သိန်း။ တတိယ ၃သိန်းတဲ့။ ရေးရမယ်ဆိုရင် သတင်းကတော့ ဘာမှအကျိုးမရှိတဲ့ စစ်ကောင်တွေ အကြောင်း။ ဆောင်းပါးကတော့ သူခိုးကလူလူဟစ် အလိမ်အညာတွေကို အရှက်မရှိ အောက်တန်းအကျဆုံး ရေးထားတာတွေ။ အဲလိုမျိုး အမှန်တွေရေးလို့ရမလား။

တရုတ်နိုင်ငံရဲ့ အိမ်မွေးသန်းရွှေ
ဒီစစ်TVတွေရဲ့ အကျင့်က သတင်းလွှင့်ရင် သူတို့ထဲက အကောင် အကြီးဆုံး အကောင်ကို အရင်ပြတယ်လေ။ ဘာက အရေးပါတဲ့ သတင်းလဲဆိုတာ နားမလည်တဲ့ TVတွေ။ ဘယ်သူကမှမကြည့်ဘူး။ အခုပြောချင်တာက နိုင်ငံခြား သတင်း။ သူတို့ထုံးစံ အတိုင်း ပြတာပေါ့။ တရုတ်တွေရဲ့ သတင်းကို အရင်ပြရတာ။ ဝမ်ကြားပေါင်တို့ ဘာကောင် ညာကောင်တို့၊ နိုင်ငံတကာရဲ့ သတင်းတွေမှာ ဘာမှ အရေးမပါတဲ့ဟာတွေ။ တရုတ်နိုင်ငံရဲ့ အိမ်မွေးသန်းရွှေ ရဲ့ ကျေးဇူးနဲ့ ကြာရင် မြန်မာနိုင်ငံက တရုတ်နိုင်ငံရဲ့ ပြည်နယ်ဖြစ်လာလိမ့်မယ်။
myanmar, ho-ho-d-d

Tuesday, July 24, 2007

Killer Than Shwe :D

Today, my blogger friend sent me following article. I'm thankful to the group who placed such ad saying "killer than shwe" in Myanmar Times.

From the article [www.iht.com]:
An advertisement placed in Monday's English-language Myanmar Times newspaper by a satirical art group had a hidden message calling the country's military ruler Gen. Than Shwe a "killer."
It was placed by Danish-based Surrend, which has experience placing clandestine ads under the noses of repressive regimes, group member Pia Bertelsen said in a telephone interview from Denmark with The Associated Press in Bangkok, Thailand.

The ad, published in Myanmar's commercial capital Yangon, looked like an innocent call for tourists visiting Myanmar from Scandinavia, with the drawing of a palm tree and sun, and text praising Myanmar's "beautiful country and friendly people."

At the bottom of the half-page ad was "The Board of Islandic Travel Agencies Ewhsnahtrellik and the Danish Industry BesoegDanmark," including the long Danish-looking word "Ewhsnahtrellik." When read backward it said, "killer than shwE."

Bertelsen said the ad was a way to show even autocratic leaders could be criticized. (LINK)
killer than 

shew ad
Thanks mh for sending the image and article. :)
LINK


Monday, July 23, 2007

How to search Google in Myanmar

အခု zawgyi-one ကိုသုံးတာတော်တော် များလာပြီဆိုတော့ Google မှာရှာရင်လည်း ရှာလို့ရပြီ။ ဥပမာ- ပုလဲဝင်း လို့ ရှာကြည့်ရအောင်။ ဒါပေမယ့် ရတဲ့ result တွေက firefox မှာဆို ???? (question mark) တွေနဲ့ ပေါ်လာတယ်မဟုတ်လား။
firefox မှာက site တစ်ခုကို ကြိုက်တဲ့ style ပြောင်းလို့ရတဲ့နည်း ရှိပါတယ်။ အဲတော့ ဒီ Google ရဲ့ font ကို zawgyi-one အဖြစ် ပြောင်းကြရအောင်။

ပထမ ဒီ css file လေးကို download လုပ်ပါ။ ပြီးရင် win key+R သို့မဟုတ် start menu » run ကိုသွားပြီး
%userprofile%\Application Data\Mozilla\Firefox\Profiles ရိုက်ပြီး ok ပြောပါ။
အဲဒီ ထဲကရှိတဲ့ folder ကိုဖွင့်ပါ။ အဲဒီ ထဲက chrome ကိုဖွင့်ပါ။
chrome ထဲကို ခုနက userContent.css ကို ကူးထည့်ပါ။ firefox ကို ဖွင့်ထားရင် restart လုပ်ပါ။
ကဲ... ပုလဲဝင်းကို ရှာလို့ရပြီ။
Google blog search: ပုလဲဝင်း
blogger search: ပုလဲဝင်း
ဒီ style မှာ Google blog search ရော blogger search ရော ထည့်ထားပါတယ်။ နောက် input box ကိုလည်း ပြင်ထားပါတယ်။

နောက်တစ်နည်းက add-on (extension) Stylish ကိုသုံးတဲ့နည်းပါ။ Stylish ကို install လုပ်ပြီးရင် style ကို ဟောဒီ နေရာကနေ install လုပ်ပါ။ ဒါက လူတိုင်းအတွက် ပိုလွယ်ပါလိမ့်မယ်။ နောက်ဒီ extension နဲ့ style တွေအများကြီး ရှာပြီး ပြောင်းလို့ရပါတယ်။ ဥပမာ- ဒီအနက်ရောင် Google ဆို အရမ်းလှတယ်။
ံhope this helps!
Note: အကယ်၍များ www.google.com အစား google.co.uk လို နိုင်ငံအလိုက် Google site သုံးရင်တော့ CSS code က URL တွေကို သင့်တော်သလို လိုက်ပြောင်းပါ။

Google Myanmar



Update:
Mayvelous suggested an easier way in her comment. Her method would change the font style of all sites to Zawgyi-one. Pls see comment area for her method.



Thursday, July 19, 2007

Unforgettable 19 July

Unforgettable 19 July Today is the Martyrs day of Burma. Sixty years ago, on July 19 1974, General Aung San and six of his cabinet members were assassinated during the Executive Council meeting. The whole country lamented the death of founding father of Burma. General Aung San was the one who could save the independence of a country and he was just 32 years old when he was assassinated.

Martyrs are
1. General Aung San,
2. Mai Pun Saw-Bwar Gyi Sao San Tun,
3. Mann Ba Khaing,
4. Takhin Mya,
5. U Razak,
6. U Ba Win (Elder brother of Aung San), and
7. Dedoke U Ba Cho,
8. Ministry secretary U Ohn Maung and
9. body guard of U Razak, Ye Baw Ko Twe
Nowadays, Burmese military dictator is trying to ignore this day although General Aung San was also the founder of Burmese Army. However hard SPDC tried to fade this day, I found many post showing their respect on Martyrs around Burmese blogosphere, this year.

With great respect to the Martyrs,
Eccentric Ghost
recommended link: 19th-july-martyrs-day

Wednesday, July 18, 2007

Recover some disk space

Windows ကို install လုပ်ပြီးသုံးနေတာ တော်တော် ကြာလာပြီဆိုရင်လေ သတိထားမိကြလား မသိဘူး။ disk space တွေမသုံးပဲ ကုန်နေတာကိုလေ။ ကျွန်တော်ကတော့ ကပ်စီးနဲလို့လားမသိ ငါ့disk spaceတွေ ဘယ်ရောက်ကုန်သလဲလို့ လိုက်လိုက်စစ်တယ်။ disk တစ်ခုလုံးရဲ့used space ကိုကြည့်၊ ရှိသမျှ folderတွေ selectလုပ်ပြီး sizeကိုကြည့်။ ပျောက်နေတဲ့ disk space တွေအများကြီး။

တစ်ကယ်တော့ တရားခံက system restore point ပါ။ သိတယ်မို့လား တစ်ခုခုဖြစ်လို့ system တက်မလာတော့ရင် "last known good configuration" ကိုပြန် restore လုပ်လို့ရတာ။ အဲ့ဒါတွေအတွက် Windows က အခြေအနေကောင်းကောင်း runတဲ့ အခါတိုင်း configurationတွေကို "system volume information" ဆိုတဲ့ folder ထဲမှာ သိမ်းသိမ်းထားတာ။ (သူက system, hidden လေ) တဖြည်းဖြည်းနဲ့ restore pointတွေ များများလာရော။ တစ်နှစ်လောက်ကြာရင် အဲဒါတွေက 1GB - 2GB လောက်ထိ ဖြစ်လာရော။

တစ်ကယ်တော့ နောက်ဆုံး restore point ကလွဲရင် အဟောင်းတွေက သိပ်မလိုပါဘူး။ အဲတော့ ရှင်းပစ်လိုက်။ ဒီလိုလုပ်... disk ပေါ်မှာ right click - properties ခေါ်။ general tab ရဲ့ ညာဘက်အောက်ထောင့်က မှာ disk cleanupကို နှိပ်ပါ။ disk cleanup is calculating ဘာညာဆို ခဏစောင့်ပေါ့။ ပြီးရင်more options tab ရဲ့အောက်ဆုံးမှာ system restoreကို နောက်ဆုံး point ကလွဲရင် အဟောင်းတွေကိုရှင်းတဲ့ ခလုပ်လေးကို နှိပ်ပါ။ ဆုံးရှုံးသွားတဲ့ နေရာတွေ ပြန်ရပြီပေါ့။ :)

နောက်တစ်ခုက hibernation မသုံးရင် power options မှာ ဖြုတ်ထားလို့ရသေးတယ်။ သူက ကိုယ့်မှာရှိတဲ့ RAM size အတိုင်းနေရာယူတယ်။ ကျွန်တော်ကတော့ hibernationကို အမြဲသုံးတော့ မဖြုတ်ပါဘူး။ လုပ်လက်စကို ဒီတိုင်းထားပိတ်လို့ရတာရော၊ အဖွင့်အပိတ် မြန်တာရောကြောင့် မလိုအပ်သရွေ့ shut down မလုပ်ပဲ hibernate ပဲ အမြဲလုပ်တယ်။

disk space နေရာတွေ မပုတ်အောင်လုပ်ကြည့်ပါလား။ Hope this helps.


Tuesday, July 17, 2007

ရောက်တတ်ရာရာ

ဒီနေ့တော့ ရောက်တတ်ရာရာပဲ ပြောကြတာပေါ့။
blog အသစ်တွေ
မနေ့က blog အသစ်တွေ လိုက်ဖတ်ဖြစ်လိုက်တယ်။  ဖတ်လို့ကောင်းတဲ့ blog အသစ် တွေ အများကြီးပဲ။ နောက် connection ကောင်းမှ အေးအေးဆေးဆေး လိုက်ဖတ်ရအုံးမယ်။ စာရေးဆရာမမေငြိမ်း လို နာမည်ကြီးတောင် blog ရေးလာပြီ။ နောက်ထပ်လည်း မဂ္ဂဇင်း စာရေးဆရာ/မ တွေရော အများကြီးပဲ။ ကျွန်တော်တော့ အဲ့ဒါတွေဖတ်ပြီး သူတို့ရဲ့ရသ post တွေကို အားကျလိုက်တာ။

ရန်ကုန် EPC
အိမ်မှာ အလုပ်လုပ်တဲ့ အဒေါ်ကြီး ပြောပြတာပါ။ သူတို့တောင်ဒဂုံမှာ လမ်းပေါ် ဓါတ်ကြိုးပြတ်ကျလို့ EPC ကိုအကြောင်းကြားတာ နောက်တစ်ရက်မှာ မီးပဲလာဖြတ်တယ်တဲ့။ နောက်တစ်ရက် ပြင်ပေးဖို့ထပ်သွားခေါ်တော့ လမ်းထဲကအိမ်တွေ တစ်အိမ်၂၀၀၀ ပေးပါလို့ တောင်းသတဲ့။ အဲဒီဘက်က ဆင်းရဲသားတွေကိုး မပေးနိုင်တော့ ပြင်မပေးပဲ ပြန်သွားသတဲ့။ နောက်ရက်မှ တစ်အိမ် ၁၀၀၀နဲ့ သွားညှိပြီး ပြင်ရတယ်တဲ့။

Internet မှထိုထိုသတင်းများ
နောက်ပြီး အခုမှပဲ ကိုယ်မသိတာတွေ တော်တော်များသားကလားလို့ သိတယ်။ မိုးဟေကို ဆိုတဲ့ မော်ဒလ်ဂဲရဲ့ ဟို video ကို website တစ်ခုမှာ တင်ထားသတဲ့။ ပြဿနာက မိုးဟေကို ဆိုတာကို ဘယ်သူမှန်းမသိတာ။ အဲဒါနဲ့ moe hay ko ကို googleမှာ ရှာလိုက်တော့ ... အိုးမီဂေါ့!!! ပုံတွေ ပုံတွေ ပုံတွေ!!!!!! အဲ... ဘာပဲဖြစ်ဖြစ် လူမြင်မှသိတော့တယ်။ ကြော်ငြာတွေမှာ တွေ့ဖူးသားပဲ။ သတင်း နည်းပညာခေတ်ကြီးက မရဘူး။ အီရတ်သုံ့ပန်းတွေကို အမေရိကန်စစ်တပ်က နှိပ်စက်တော့လည်း ပေါ်တာပဲ။ mobile phone ကြော်ငြာတစ်ခုကြည့်ဖူးတယ် - လှေခါးမှာ အတွဲနှစ်ယောက် ကဲနေတာကို မြင်တဲ့သူက ဖုန်းနဲ့ ဓါတ်ပုံရိုက်ပြီး ပို့လိုက်တာ နောက်ဆုံး ယောင်္ကျားလေးရဲ့ တရားဝင် မိန်းမဆီ ပုံက ချက်ချင်းရောက်သွားရော။ ဘာပဲဖြစ်ဖြစ် ဒီ မြန်မာမော်ဒလ်ဂဲတွေ အဲလောက် သောင်းကျန်းနေတာတော့ အံ့သြတယ်။ ဒါမျိုးဆိုတာ နိုင်ငံခြားက celiberity တွေရဲ့ သတင်းတွေမှာပဲ ကြားဖူးခဲ့တာ။



Thursday, July 12, 2007

Files and folders in Burmese

ငြီးငွေ့လာလို့ ရှောက်လုပ်ကြည့်နေတာ။ ကျွန်တော့်လို ရှောက်လုပ်ချင်ရင်... Desktop ပေါ်မှာ right click » properties Appearance tab ညာဘက်အောက်နားက Advanced Item ဆိုတဲ့ drop down box (combo box) မှာ တစ်ခုချင်းပြောင်း ရွေးကြည့်ရင်း... အောက်က Font ရွေးစရာပေါ်လာတိုင်း zawgyi-one ရွေးပါ။
screenshot

ဒါကတော windows က စီပေးတဲ့ပုံ။ စီတာတော့ သိပ်မမှန်ဘူး။ zawgyi-one ရဲ့ ချို့ယွင်းချက်ပေါ့။ ဘာပဲဖြစ်ဖြစ် မြန်မာ သီချင်းတွေမှာ burglish တွေနဲ့ ရှုတ်မနေတော့ဘူး။ :) PS: (ဟိုးအရင် မြစေတီ ထွက်ခါစက တစ်ခါပြောင်းဖူးသေးတယ်။ standard Unicode စောင့်ရင်း ပြန်မလုပ်တာ။ အခုတော့... အင်း... မဆိုးပါဘူးးးးးးးးးးးး...)

PS: ရုပ်ရှင်သရုပ်ဆောင် ဒွေး မနေ့ ညနေက ကွယ်လွန်သွားတယ်လို့ မနက်က VOA နဲ့RFA ကကြားလိုက်ရတယ်။ ရုပ်ရှင်တွေကနေ ရင်းနှီးနေခဲ့ရတဲ့ သရုပ်ဆောင် တစ်ယောက် ရုတ်တရက် ကွယ်လွန် သွားတော့ ကျွန်တော်လည်း စိတ်မကောင်းဘူး။

Powered by ScribeFire.



Wednesday, July 11, 2007

bLog status

ကျွန်တော့် blog template ကို blogger အသစ်ရဲ့ format နဲ့ ပြောင်းပြီးတာ နှစ်လလောက် ရှိပြီ အခုထိ သိပ်စိတ်တိုင်းမကျသေးဘူး။ ဒီရက်ပိုင်း ရန်ကုန်မှာ မီးတော့ တော်တော် မှန်နေပြီ။ ဒါပေမယ့် connection က နှေးတာ သေချင်စော်နံတယ်။ blogger ထဲကို login လုပ်ရင် သေအောင်စောင့်လည်း ပွင့်မလာဘူး။ blogger ကလည်း နှေးနေတယ်ထင်တယ်။ post အသစ်တင်တာကို email နဲ့တင်လိုက် scribefire နဲ့ တင်လိုက် လုပ်နေရတယ်။ အဲတာကြောင့် blog ရဲ့ setting တွေသိပ်မပြင်နိုင်တာ။ အထူးသဖြင့် post အဟောင်းတွေမှာ lable မတပ်ရသေးဘူး။ အဲဒါကြောင့် အဟောင်းတွေကို လောလောဆယ် ဟောဒီ del.icio.us tag တွေကနေ ကြည့်ပေးကြပါ။

58 myanmar 20 miscellaneous 20 mm-misc 16 funny 14 science 13 people 12 software 12 video 11 tech 10 fun 10 music 9 humanity 8 font 8 lyrics 8 Scream 7 art 6 howto 5 browser 5 html-css-java-flash 4 lists 4 movie 3 aerospace 3 gadget 3 graphic 3 quotation 3 robotics 3 tips 3 WeekendPoetry 2 FAQ



Powered by ScribeFire.



Tuesday, July 10, 2007

ကြေကွဲလွယ် သယံဇာတ by MawRuSoe

ကြေကွဲလွယ် သယံဇာတ (မောရူးဆိုး)
၁။(က)
ဒီလိုနဲ့ အမေ့ရဲ့ မွေးကျေးဇူးကို မဆပ်နိုင်တဲ့
သားတစ်ယောက်အဖြစ် ကမ္ဘာထဲမှာ ပူလောင်စွာ
စီးဆင်းခဲ့ပါတယ်...။
(နေမင်းပိုင်စိုး)

1.
ပိုင်ဆိုင်ထားပြီးသား ချင်ခွက်တစ်ခွက် ရှိသည်။ အလို ဆန္ဒနှင့် အညီ ထိုခွက်ထဲသို့ ထည့်သာစွာသော ငွေကြေးပမာဏ ရတတ်သရွေ့ ထည့်ကြည့်လိုက်သည်။ အသံ စိုးစဉ်းမျှ မကြားရ။ ရေ၊ လေ နှင့် မြေကြီးတို့သည် အထိုက်အလျှောက် စီးဆင်းသွားကြလျှက် ရှိသည်။ ထိုအခါ အဘယ်မျှ အရာရောက်ခဲ့သည် ဆိုသည်ကိုလည်း မေးခွန်းများကငံ့ကြည့်လျက် ဘာမှ အရာမရောက်သည်ကို နားမလည်နိုင်အောင် ဖြစ်ကြရသည်။ အရေးအကြောင်းတွေ ရှုံ့တွလာသည်နှင့်အမျှ အချိန်ကာလသည်ပင် ကြီးရင့်၍ နုပျိုဆဲ ဖြစ်နေပြန်သည်မှာ ငြင်းဆိုနိုင်ခြင်း မရှိ အောင်ပင်။ ဘ၀ဆိုသော စာလုံးပေါင်း သတ်ပုံကို ထပ်ကာထပ်ကာ ချရေးကြည့်။ ခပ်ဟဟ နာကြည်းရသည်များ ထပ်ကာထပ်ကာ အချည်းအနှီး ဖြစ်ရလျက် ကုန်ခန်းသွားလျက် ရှိသည်။ ညည့်အလွန်နက်တဲ့ မနက်တိုင်း မနက်တိုင်းမှာ အေးစက်တဲ့ လက်ဘက်ရေ တစ်ခွက်ကို သောက်ရသလိုမျိုး နှင်းစိုရွှဲစွာ ထူထပ်လျက် ရှိပေါ့။



Powered by ScribeFire.



Thursday, July 05, 2007

Desktop Mod

XPကို ပိုလှလာအောင်လုပ်တဲ့ software သေးသေးလေး နှစ်ခု ကျွန်တော် သဘောကျလို့ ပြောပြမယ်။ နှစ်ခုလုံး portable ပဲ။ (install လုပ်စရာမလိုပဲ တန်း run ရုံပဲလို့ ဆိုလိုတာပါ။) ပထမတစ်ခုက Vista Start menu ပုံပြောင်းပေးတာပါ။ ViStart လို့ခေါ်ပါတယ်။ လှလည်းလှတယ်၊ program တွေဖွင့်ရတာလည်း တော်တော် အဆင်ပြေတယ်။ skin လည်းပြောင်းလို့ရတယ်။ ဒုတိယ တစ်ခုက Madodate ပါ။ သူက minimize လုပ်မယ့်အစား windows တွေကို 3Dပုံစံ တစောင်းလှည့်ပေးတာပါ။ လှည့်ထားတုန်း right mouse button နဲ့ ဆွဲဆွဲပြီး ဆော့လို့ကောင်းတယ်။ :) သူကလည်း portable ပါပဲ။ have fun

Powered by ScribeFire.



Monday, July 02, 2007

sIFR Flash font embedding for Myanmar Unicode Zawgyi-one

The following is the another font embedding method like "weft eot" for Burmese font. Unlike eot, this one uses flash. In this tutorial I will show you how to embed zawgyi-one Myanmar Unicode font.

မှတ်မိလား မသိဘူး၊ ကျွန်တော်တို့ Web pageပေါ်က မြန်မာစာကို font install လုပ်မထားတဲ့ စက်တွေမှာပါ မြင်ရအောင် လုပ်ဖို့ အရင်က eot tutorial တစ်ခု ရေးခဲ့ဖူးပါတယ်။ eot ရဲ့ အားနည်းချက်က IE browser တစ်မျိုးတည်းမှာပဲ အလုပ်လုပ်တာပါပဲ။
ဟိုတစ်လောက အခုပြောပြမယ့် sIFR ဆိုတဲ့နည်းကို  ထပ်တွေ့လို့ စမ်းကြည့်ဖြစ်ပါတယ်။ သူကတော့ ဘယ်browser မှာမဆို သုံးလို့ရတာတွေ့တော့ ကျွန်တော် တော်တော် ပျော်သွားတယ်။ နောက် မြန်မာ စာလုံးလေးတွေကလည်း cleartype မသုံးထားရင်တောင် လှနေတာပဲ။ နောက် file size က 26.5KB ပဲရှိတာမို့ eotထက် အများကြီး ပိုသေးပါတယ်။  ထပ်ပြောရရင် ဒါက OS platform တောင် ရွေးမယ့်သဘောမရှိပါဘူး။ နမူနာ page ကို ဒီမှာကြည့်ပါ။

အခုကတော့ font ဘယ်လိုလုပ်သလဲ java script နဲ့ CSS ကို ဒီ font အတွက် ဘယ်လို configure လုပ်သလဲဆိုတာ မရေးတော့ပါဘူး။ အဲ့ဒါကို ဒီမှာ ဖတ်လို့ရပါတယ်။ အဲတော့ ကျွန်တော် လုပ်ပြီးသား font , java script နဲ့ CSS ကို ဘယ်လို implement လုပ်မလဲဆိုတာပဲ ရေးပါမယ်။

ကဲထားပါတော့ နိဒါန်းချီတာများနေပြီ။ အလုပ်စရအောင်။

java script ကို </head> မတိုင်ခင်လေးမှာ ထားပါ။
 <script src="http://dathana.googlepages.com/sifr.js" type="text/javascript"></script>
 <script src="http://dathana.googlepages.com/sifr-config.js" type="text/javascript"></script>

ပြီးရင်...
ဒီစာသားအားလုံးကို ကူးပြီး CSS အပိုင်းမှာ paste လုပ်ပါ။

template အပိုင်းကတော့ ဒါပါပဲ။
ကိုယ်ရေးတဲ့စာကို <p class="sIFR-root"> ဆိုတဲ့ tag ထဲမှာ ရေးပါ။
ဥပမာ...
<p class="sIFR-root">ဘာညာကွိကွ ဘာညာကွိကွ<br /></p>
note: မြန်မာစာရဲ့ line-height ကြောင့်ထင်ပါတယ်၊ အောက်ခြေမှာ ပြတ်နေတတ်တယ်။ ဒါကြောင့် <br /> လေးတွေ ကို အဆုံးမှာလိုသလောက် ထည့်ပေးပါ။   

ပြီးပါပြီ။
hope this helps :)

အင်း... install လုပ်နည်း ပြောပြလိုက်တော့ ခဏလေး၊ ကျွန်တော့်မှာတော့ လုပ်ရင်း ပတ်ချာလည်နေတာက အကြာကြီး။ သူပေးထားတဲ့ tutorial က စုံအောင်ရှင်းမထားဘူး။ ပထမ နောက်ခံ transparent မဟုတ်ပဲ အဖြူခံ ပေါ်မှာ ပေါ်လာတယ်။ ဒီပြဿနာကိုလည်း လိုက်ရှာ လိုက်ရတာ အကြာကြီး။  နောက်တစ်ခုက သူ့ tutorial မှာ headder tag တွေနဲ့ စမ်းပြထားတယ်။ headder ထဲမှာရေးရမှာ CSS နဲ့ စာလုံးချိန်လို့ရပေမယ့် သဘာဝမကျဘူး။ စမ်းရင်းစမ်းရင်း နဲ့မှ p tag နဲ့ရသွားတယ်။  နောက် locally စမ်းတော့ Link တွေနှိပ်ရင် မသွားဘူး။ ရှုပ်နေတာပါပဲ။

အဆိုးဆုံးက PC ပေါ်မှာစမ်းပြီး ရပြီတော့ online တင်ပြီးစမ်းတော့ မရဘူး။ ဟာ... ဒါကမှ ဘယ်လိုမှ အဖြေရှာမရတာ။ ကျွန်တော့် connection ကလည်း နှေးနှေးနဲ့။ နောက်ဆုံး Opera မှာ စမ်းလိုက်တော့ ရတယ်။ ဒါနဲ့ firefox ကို ဘာ add-on မှ မပါပဲ စမ်းလိုက်တယ်။ ရသွားတယ်။ အဲတော့မှ flash block ဆိုတဲ့ add-on ကို သွားသတိရတယ်။ သြော်... ဒီကောင်က zawgyi-one.swf flash file ကို ပိတ်ထားတာကိုး။ အဲဒါပါပဲခင်ဗျာ။ ဒါမသုံးခင်  flash block ရှိရင်အရင်ပိတ်ပါ။
Link:  http://novemberborn.net/sifr3/beta1
PS: ကြိုက်ကြရဲ့လား မသိဘူး။ စက်နဲနဲလေးလို့ ကျွန်တော်တော့ စဉ်းစားနေတုန်းပဲ။