Saturday, July 18, 2009

Martyr’s Day


အာဇာနည်နေ့ ... ဗိုလ်ချုပ်အောင်ဆန်း နဲ့ ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ကြတယ်။ စဉ်းစားကြည့်ရင် မြန်မာ နိုင်ငံအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ကိုဆုံးရှုံးခဲ့ရလို့သာ အခုလို အခြေအနေကို ရောက်ရတာပါ။ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်ဆောင် အရည်အချင်း၊ အမြင်ကျယ်မှု၊ ရိုးသားမှု၊ open minded ဖြစ်မှု၊ နိုင်ငံချစ်မှု၊ ရဲရဲတောက် ...စတဲ့ စတဲ့ အရည်အချင်းတွေကတော့ အားလုံးရှိတဲ့ ခေါင်းဆောင် မြန်မာနိုင်ငံ မှာ ရှိကိုမရှိတာပါ။ နောက်... အခုတော့ သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်... ဖခင်ရဲ့ အရည်အချင်း တွေ နိုင်ငံချစ်တာတွေ အားလုံးရှိပေမယ့် အမျိုးသမီးဖြစ်တော့ ဂန္ဒီနည်းလမ်းပဲ ရွေးတယ်။ စဉ်းစားကြည့်မိတယ်၊ ဗိုလ်ချုပ်အောင်ဆန်းသာဆို အခုအခြေအနေမှာ ဘာလုပ်မလဲ... ။ ... ဗိုလ်ချုပ်အောင်ဆန်း ဟာ လွပ်လပ်ရေးကို လက်နက်ကိုင် တိုက်ယူခဲ့တယ်။ ခေတ်အခြေအနေတွေ ပြောင်းသွားပြီ ဘာညာဘာညာ ဘယ်လိုပြောပြော လက်နက်နဲ့ နိုင်ငံကို သိမ်းပိုက်ထားတဲ့ အာဏာရှင်ကို ငြိမ်းချမ်းရေးနည်းနဲ့ ဘယ်လို အနိုင်ယူမှာလဲ။


မြန်မာနိုင်ငံ ဗိုလ်ချုပ်အောင်ဆန်း ရယူပေးချင်တဲ့ လွတ်လပ်ရေး အမြန်ဆုံးရပါစေ။

ဒေါ်အောင်ဆန်းစုကြည် နဲ့ အကျဉ်းကျ နိင်ငံ့အရေး လှုပ်ရှားသူ တွေ အမြန်ဆုံးလွတ်မြောက်ပါစေ။

ဗိုလ်ချုပ်အောင်ဆန်း နဲ့ ခေါင်းဆောင်ကြီးတွေကို အလေးပြုလျှက်...





Zawgyi-one version


အာဇာနည္ေန့ ... ဗိုလ္ခ်ဳပ္ေအာင္ဆန္း နဲ့ ေခါင္းေဆာင္ျကီးေတြ က်ဆံုးခဲ့ျကတယ္။ စဉ္းစားျကည့္ရင္ ျမန္မာ နိုင္ငံအေနနဲ့ ဗိုလ္ခ်ုပ္ေအာင္ဆန္း ကိုဆံုးရံႈးခဲ့ရလို့သာ အခုလို အေျခအေနကို ေရာက္ရတာပါ။ ဗိုလ္ခ်ုဳပ္ေအာင္ဆန္းလို ေခါင္ေဆာင္ အရည္အခ်င္း၊ အျမင္က်ယ္မႈ၊ ရိုးသားမႈ၊ open minded ျဖစ္မႈ၊ နိုင္ငံခ်စ္မႈ၊ ရဲရဲေတာက္ ...စတဲ့ စတဲ့ အရည္အခ်င္းေတြကေတာ့ အားလံုးရွိတဲ့ ေခါင္းေဆာင္ ျမန္မာနိုင္ငံ မွာ ရွိကိုမရွိတာပါ။ ေနာက္... အခုေတာ့ သမီးျဖစ္တဲ့ ေဒၚေအာင္ဆန္းစုျကည္... ဖခင္ရဲ့ အရည္အခ်င္း ေတြ နိုင္ငံခ်စ္တာေတြ အားလံုးရွိေပမယ့္ အမ်ိုးသမီးျဖစ္ေတာ့ ဂနၵီနည္းလမ္းပဲ ေရြးတယ္။ စဉ္းစားျကည့္မိတယ္၊ ဗိုလ္ခ်ုဳပ္ေအာင္ဆန္းသာဆို အခုအေျခအေနမွာ ဘာလုပ္မလဲ... ။ ... ဗိုလ္ခ်ုဳပ္ေအာင္ဆန္း ဟာ လြပ္လပ္ေရးကို လက္နက္ကိုင္ တိုက္ယူခဲ့တယ္။ ေခတ္အေျခအေနေတြ ေျပာင္းသြားျပီ ဘာညာဘာညာ ဘယ္လိုေျပာျပာ လက္နက္နဲ့ နိုင္ငံကို သိမ္းပိုက္ထားတဲ့ အာဏာရွင္ကို ျငိမ္းခ်မ္းေရးနည္းနဲ့ ဘယ္လို အနိဳင္ယဴမွာလဲ။


ျမန္မာနိုင္ငံ ဗိုလ္ခ်ုဳပ္ေအာင္ဆန္း ရယဴေပးခ်င္တဲ့ လြတ္လပ္ေရး အျမန္ဆံဳးရပါေစ။

ေဒၚေအာင္ဆန္းစုျကည္ နဲ့ အက်ဉ္းက် နိင္ငံ့အေရး လႈပ္ရွားသဴ ေတြ အျမန္ဆံဳးလြတ္ေျမာက္ပါေစ။

ဗိုလ္ခ်ုဳပ္ေအာင္ဆန္း နဲ့ ေခါင္းေဆာင္ျကီးေတြကို အေလးျပဳလွ်က္...


Sunday, July 12, 2009

For the Truth




ချစ်လေးရေ...
ငါတို့တွေ အမှန်တရား အတွက်
တရားမျှတမှုအတွက်
ပြတ်ပြတ်သားသား ရပ်တည်ကြရမယ်။
အာဏာစက် ဆိုတာ ဥပဒေ မဟုတ်ဘူး လို့
ပြတ်ပြတ်သားသား ပြောနိုင်ကြရမယ်။
မတရားမှု ကို မတွန်းလှန်နိုင်သေးရင်တောင်
မျက်ကွယ်ပြု မနေပဲ
ပြတ်ပြတ်သားသား ပြောဆို ရှုတ်ချ နိုင်ရမယ်။
ချစ်လေးရေ...
ငါတို့ရဲ့ ချစ်ခြင်း မေတ္တာ နဲ့
ဒီနိုင်ငံကို ထွေးပွေ့လို့
ယုတ်မာသူတွေ ဆုံးခန်းတိုင်သွားအောင်
ငါတို့ရဲ့ နှလုံးသားတွေ ထက်ရှ
ပေးဆပ်သွားတဲ့ သူရဲကောင်းတွေကို သစ္စာမဖေါက်ပဲ
တရားမျှတမှုအတွက်
တော်လှန်ရေး စိတ်ဓာတ် ကိုနှလုံးသွင်း
အမှန်တရား ဘက်က
မဆုတ်ခွာကြေး။
(DTN)


Zawgyi-one version


ခ်စ္ေလးေရ...
ငါတို့ေတြ အမွန္တရား အတြက္
တရားမွ်တမႈအတြက္
ျပတ္ျပတ္သားသား ရပ္တည္ၾကရမယ္။
အာဏာစက္ ဆိုတာ ဥပေဒ မဟုတ္ဘူး လို့
ျပတ္ျပတ္သားသား ေျပာနိဳင္ၾကရမယ္။
မတရားမႈ ကို မတြန္းလွန္နိုင္ေသးရင္ေတာင္
မ်က္ကြယ္ျပဳ မေနပဲ
ျပတ္ျပတ္သားသား ေျပာဆို ရႈတ္ခ် နိဳင္ရမယ္။



ခ်စ္ေလးေရ...

ငါတို့ရဲ့ ခ်စ္ျခင္း ေမတၱာ နဲ့

ဒီနိုင္ငံကို ေထြးေပြ႕လို့

ယုတ္မာသူေတြ ဆံုးခန္းတိုင္သြားေအာင္

ငါတို့ရဲ့ နွလံုးသားေတြ ထက္ရွ

ေပးဆပ္သြားတဲ့ သူရဲေကာင္းေတြကို သစၥာမေဖါက္ပဲ

တရားမွ်တမႈအတြက္

ေတာ္လွန္ေရး စိတ္ဓာတ္ ကိုနွလံုးသြင္း

အမွန္တရား ဘက္က

မဆုတ္ခြာေၾကး။

(DTN)


Launchy



ဒီနေ့ကစပြီးတော့ သုံးလို့လဲကောင်း၊ အခမဲ့လည်း ဒေါင်းလုတ်ရနိုင်မဲ့ freeware လေးတွေ အကြောင်း ကြုံသလို ရေးသွားပါမယ်။


Vista သုံးတယ်ဆိုရင်တော့ သိကြမယ်ထင်ပါတယ်၊ program တစ်ခု ဖွင့် ဖို့အတွက် start menu ကိုနှိပ်ပြီး ကိုယ် သုံးမယ့် program နာမည်ကိုရိုက်လိုက်ရုံပဲလေ။ Firefox ကိုခေါ်ချင်ရင် fir လောက် ရိုက်ရုံနဲ့ ရတယ်လေ။

XP မှာလည်း ဒီလိုသုံးချင်ရင် Launchy ဆိုတဲ့ program လေး သုံးရ ပါတယ်။ install လုပ်ပြီးရင် alt+space ရိုက်လိုက်ရင် screen အလယ်မှာ box လေးပေါ်လာပါမယ်။ အဲဒီမှာ ကိုယ် သုံးမယ့် program နာမည်ကိုရိုက်လိုက်ရုံပဲ။ သူက start menu နဲ့ quick launch က shortcut တွေကို မှတ်ထားတာမို့ ကိုယ် သုံးမယ့် program က အဲဒီထဲတွေမှာ မရှိရင် တော့ မရဘူး။ ဒါဆိုရင်တော့ program shortcut လေးတွေ folder တစ်ခုထဲမှာ စုပြီး cache လုပ်ခိုင်းလို့ ရပါသေးတယ်။

XPမှာတော့ ရှိကိုရှိသင့်တဲ့ program လေးပါပဲ။


Website : http://www.launchy.net/



Zawgyi-one format
ဒီေန့ကစျပီးေတာ့ သံုးလို့လဲေကာင္း၊ အခမဲ့လည္း ေဒါင္းလုတ္ရနိုင္မဲ့ freeware ေလးေတြ အေျကာင္း ျကံုသလိဳ ေရးသြားပါမယ္။


Vista သံုးတယ္ဆိုရင္ေတာ့ သိျကမယ္ထင္ပါတယ္၊ program တစ္ခု ဖြင့္ ဖို့အတြက္ start menu ကိုနွိပ္ျပီး ကိုယ္ သံုးမယ့္ program နာမည္ကိုရိုက္လိုက္ရံုပဲေလ။ Firefox ကိုေခၚခ်င္ရင္ fir ေလာက္ ရိုက္ရံဳနဲ့ ရတယ္ေလ။


XP မွာလည္း ဒီလိုသံုးခ်င္ရင္ Launchy ဆိုတဲ့ program ေလး သံုးရ ပါတယ္။ install လုပ္ျပီးရင္ alt+space ရိုက္လိုက္ရင္ screen အလယ္မွာ box ေလးေပၚလာပါမယ္။ အဲဒီမွာ ကိုယ္ သံုးမယ့္ program နာမည္ကိုရိုက္လိုက္ရံုပဲ။ သူက start menu နဲ့ quick launch က shortcut ေတြကို မွတ္ထားတာမို့ ကိုယ္ သံုးမယ့္ program က အဲဒီထဲေတြမွာ မရွိရင္ ေတာ့ မရဘဴး။ ဒါဆိုရင္ေတာ့ program shortcut ေလးေတြ folder တစ္ခုထဲမွာ စုျပီး cache လုပ္ခိုင္းလိဳ့ ရပါေသးတယ္။


XPမွာေတာ့ ရွိကိုရွိသင့္တဲ့ program ေလးပါပဲ။
Website : http://www.launchy.net/