Monday, June 21, 2010

Location of Than Shwe’s House

နအဖရဲ့ လွိုင္ေခါင္းေတြ အေျကာင္း video မွာ လွိုင္ေခါင္း တစ္ခုက သန္းေရႊရဲ့ အိမ္ေအာက္က ျဖတ္သြားတယ္ လို့ဆိဳတယ္။ အဲ့ဒီမွာ သန္းေရႊအိမ္ကို Google Earth မွာျပေတာ့ ကြ်န္ေတာ္လည္း စိတ္ဝင္စားေတာ့ ရွာျကည့္ထားတယ္။ ျကည့္ခ်င္ရင္ kmz file ေလးကိဳ ေဟာ့ဒီမွာ download လုပ္ျပီး Google Earthမွာ ဖြင့္ျကည့္နိဳင္ပါတယ္။
ဒါမွမဟုတ္လဲ 19˚51'29.68"N , 96˚19'26.90"E မွာ ကိုယ့္ဟာကိုယ္ ျကည့္လိဳ့ရပါတယ္။
ျမင္တဲ့ အတိုင္းပဲ Google ကရိုက္တဲ့ ရက္က Feb 20, 2006 ဆိဳေတာ့ အရမ္းေဟာင္းေနျပီ။
ေနာက္တစ္ခုေျပါရအံုးမယ္ email တစ္ခဳေရာက္လာတယ္။ သန္းေရႊအိမ္တဲ့ ျကည့္လိုက္ေတာ့ စားပြဲေပၚကမွန္ေဘာင္မွာ Arabic စာသားေတြ၊ အသံဳးေဆာင္ ပစၥည္းေတြကလည္း အာရပ္ဆန္ဆန္ေတြ။ တကယ္ ပံဳေတြက အာရပ္သဴေဌး တစ္ေယာက္ရဲ့အိမ္ပါ။ အဲ့ဒီ email ကလည္း ပ်ံ့ေနလိဳက္တာ "သန္းေရႊအိမ္ ငါျမင္ဘဴးတယ္ " လို့ေျပါတာ သံဳးေလးေယာက္ပဲ။ တကယ္ပဲ။ စိတ္ေလတယ္။



Than shwe home map  



 


Unicode Version

နအဖရဲ့ လှိုင်ခေါင်းတွေ အကြောင်း video မှာ လှိုင်ခေါင်း တစ်ခုက သန်းရွှေရဲ့ အိမ်အောက်က ဖြတ်သွားတယ် လို့ဆိုတယ်။ အဲ့ဒီမှာ သန်းရွှေအိမ်ကို Google Earth မှာပြတော့ ကျွန်တော်လည်း စိတ်ဝင်စားတော့ ရှာကြည့်ထားတယ်။ ကြည့်ချင်ရင် kmz file လေးကို ဟော့ဒီမှာ download လုပ်ပြီး Google Earthမှာ ဖွင့်ကြည့်နိုင်ပါတယ်။
ဒါမှမဟုတ်လဲ 19˚51'29.68"N , 96˚19'26.90"E မှာ ကိုယ့်ဟာကိုယ် ကြည့်လို့ရပါတယ်။
မြင်တဲ့ အတိုင်းပဲ Google ကရိုက်တဲ့ ရက်က Feb 20, 2006 ဆိုတော့ အရမ်းဟောင်းနေပြီ။
နောက်တစ်ခုပြောရအုံးမယ် email တစ်ခုရောက်လာတယ်။ သန်းရွှေအိမ်တဲ့ ကြည့်လိုက်တော့ စားပွဲပေါ်ကမှန်ဘောင်မှာ Arabic စာသားတွေ၊ အသုံးဆောင် ပစ္စည်းတွေကလည်း အာရပ်ဆန်ဆန်တွေ။ တကယ် ပုံတွေက အာရပ်သူဌေး တစ်ယောက်ရဲ့အိမ်ပါ။ အဲ့ဒီ email ကလည်း ပျံ့နေလိုက်တာ "သန်းရွှေအိမ် ငါမြင်ဘူးတယ် " လို့ပြောတာ သုံးလေးယောက်ပဲ။ တကယ်ပဲ။ စိတ်လေတယ်။



dThan shwe home mapf  



Thursday, June 17, 2010

WOFF font embedding

ဟိုတစ္ေန့က လြင္မိုးညြွန္းတာေျကာင့္ woff ဆိုတာကို စမ္းျကည့္ျဖစ္တယ္။
woff ဆိုတာ ကြ်န္ေတာ္တို့ စာမ်က္နွာမွာ သံုးထားတဲ့ fontဟာ စာဖတ္သူေတြရဲ့ စက္မွာမရွိလည္း ရေအာင္ ပါ။
font file ကို ဒီ page ေတြမွာ embed လုပ္တာကို ေျပာတာ။


အရင္က ကြ်န္ေတာ္တို့ zawgyi သံုးခါစက eot နဲ့ သံုးခဲ့တဲ့ ဟာမ်ိုးပဲ။
eot, svg, sIFR, otf/ttf ေတြျပီးေတာ့ ဒါ ေနာက္ဆံုးေပါ္ပဲ။ firefox 3.6 နဲ့ သံုးလို့ရျပီ။ တျခား browser ေတြလည္း ေနာက္ version ေတြမွာ ရလာမွာပါ။
ထူးတာက ဒီ woffက file size အရမ္း ေသးတယ္။ padauk font ကို woff ေျပာင္းလိုက္တာ 91.5 KB ပဲရွိတယ္။ connection ေနွးေနွးမွာ ေအးေဆးပဲ ။


woff လုပ္ရတာလည္း အရမ္းအရမ္း လြယ္တယ္။
ဒီကေန sfnt2woff.exeကို downloadလုပ္။
ဥပမာ padauk.ttf ကို ေျပာင္းမယ္ဆို... sfnt2woff.exe file ေလးကို padauk.ttf နဲ့အတူ folder တစ္ခုထဲမွာ အတူတူထား။
commend line ကေန sfnt2woff.exe Padauk.ttf ဆိုျပီး enter ေခါက္္လိုက္။
"၀ွစ္" ခနဲဆို Padauk.woff ထြက္လာေရာ။


commend line မသံုးတတ္ရင္ ဒီလိုလုပ္။
notepad ကိုဖြင့္လိုက္။
sfnt2woff.exe Padauk.ttf ဆိုျပီးရိုက္။
whatever.bat ဆိုျပီး ခုနက folder ထဲမွာ သိမ္း။
ျပီးရင္ အဲဒီ whatever.bat ကို run လိုက္ရံုပဲ။


file ကို upload လုပ္ ျပီးရင္ CSS မွာ


@font-face {
font-family: Padauk;
/* Works only in WOFF-enabled browsers */
src: url(Padauk.woff) format("woff");
}

ဆိုတာေလး (URL file path မွန္ေအာင္ေရးျပီး) ျဖည့္ေရးေပးလိုက္ပါ။
ျပီးပါျပီ။ :)
PS: if you are using WinXP-SP2 and older, Uniscribe in your system may not render Unicode 5.1 fonts properly.
Hope This Helps!!!


Unicode Version

ဟိုတစ်နေ့က လွင်မိုးညွှန်းတာကြောင့် woff ဆိုတာကို စမ်းကြည့်ဖြစ်တယ်။
woff ဆိုတာ ကျွန်တော်တို့ စာမျက်နှာမှာ သုံးထားတဲ့ fontဟာ စာဖတ်သူတွေရဲ့ စက်မှာမရှိလည်း ရအောင် ပါ။
font file ကို ဒီ page တွေမှာ embed လုပ်တာကို ပြောတာ။


အရင်က ကျွန်တော်တို့ zawgyi သုံးခါစက eot နဲ့ သုံးခဲ့တဲ့ ဟာမျိုးပဲ။
eot, svg, sIFR, otf/ttf တွေပြီးတော့ ဒါ နောက်ဆုံးပေါ်ပဲ။ firefox 3.6 နဲ့ သုံးလို့ရပြီ။ တခြား browser တွေလည်း နောက် version တွေမှာ ရလာမှာပါ။
ထူးတာက ဒီ woffက file size အရမ်း သေးတယ်။ padauk font ကို woff ပြောင်းလိုက်တာ 91.5 KB ပဲရှိတယ်။ connection နှေးနှေးမှာ အေးဆေးပဲ ။


woff လုပ်ရတာလည်း အရမ်းအရမ်း လွယ်တယ်။
ဒီကနေ sfnt2woff.exeကို downloadလုပ်။
ဥပမာ padauk.ttf ကို ပြောင်းမယ်ဆို... sfnt2woff.exe file လေးကို padauk.ttf နဲ့အတူ folder တစ်ခုထဲမှာ အတူတူထား။
commend line ကနေ sfnt2woff.exe Padauk.ttf ဆိုပြီး enter ခေါက်လိုက်။
"ဝှစ်" ခနဲဆို Padauk.woff ထွက်လာရော။


commend line မသုံးတတ်ရင် ဒီလိုလုပ်။
notepad ကိုဖွင့်လိုက်။
sfnt2woff.exe Padauk.ttf ဆိုပြီးရိုက်။
whatever.bat ဆိုပြီး ခုနက folder ထဲမှာ သိမ်း။
ပြီးရင် အဲဒီ whatever.bat ကို run လိုက်ရုံပဲ။


file ကို upload လုပ် ပြီးရင် CSS မှာ


@font-face {
font-family: Padauk;
/* Works only in WOFF-enabled browsers */
src: url(Padauk.woff) format("woff");
}

ဆိုတာလေး (URL file path မှန်အောင်ရေးပြီး) ဖြည့်ရေးပေးလိုက်ပါ။
ပြီးပါပြီ။ :)
PS: if you are using WinXP-SP2 and older, Uniscribe in your system may not render Unicode 5.1 fonts properly.
Hope This Helps!!!



Wednesday, June 09, 2010

Chaw Yadana

Chaw Yadana (ေခ်ာရတနာ)
She is the most beautiful, gorgeous, decent, cute actress model in Myanmar. :)
Chaw Yadana
chaw yadana
chaw yadana ေခ်ာရတနာ

Thursday, June 03, 2010

Counterfeit party names

အတုအပ ဆင္တူ ရိုးမွားမ်ား


၁. The 88 Generation Student Youths (Union of Myanmar) ၈၈ မ်ိဳးဆက္ ေက်ာင္းသားလူငယ္မ်ား (ျပည္ေထာင္စု ျမန္မာနိုင္ငံ)
၂. Myanmar New Society Democratic Party ျမန္မာ့ လူ႕ေဘာင္သစ္ ဒီမိုကရက္တစ္ ပါတီ
၃. Wunthanu NLD (The Union of Myanmar) ၀ံသာနု NLD (ျပည္ေထာင္စု ျမန္မာနိုင္ငံ)


အရွက္ကို မရွိျကဘူး။
အရင္ကေတာ့ ကုန္အမွတ္ တံဆိပ္ ဆင္တူ ရိုးမွားေတြ ရွိတယ္။ ေသာက္ျမင္ကပ္လြန္းလို႕ ဘယ္ေတာ့မွ အဲ့လို တံဆိပ္ေတြ မသံုးဘူ။
အခုဟာ ပါတီ။ ပါတီေတာင္ အတုေတြ ရွိေနပါလား။
ပါတီဖြဲ႕တယ္ ေရြးေကာက္ပြဲ၀င္မယ္ဆိုတာ နိုင္ငံ့ ေခါင္းေဆာင္ လုပ္မယ့္ လူေတြ ဆိုတဲ့ သေဘာပဲ။
ဟာာာ.... ဒီေလာက္ ေသာက္ရွက္ မရွိတဲ့ လူေတြက...........
စိတ္ပ်က္တယ္ကြာ။

http://www.scribd.com/doc/32248110/UEC-Passed-Registration-for-Formation-as-Political-Party


******** Unicode version *********


အတုအပ ဆင်တူ ရိုးမှားများ
၁. The 88 Generation Student Youths (Union of Myanmar) ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)
၂. Myanmar New Society Democratic Party မြန်မာ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ
၃. Wunthanu NLD (The Union of Myanmar) ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ)
အရှက်ကို မရှိကြဘူး။
အရင်ကတော့ ကုန်အမှတ် တံဆိပ် ဆင်တူ ရိုးမှားတွေ ရှိတယ်။ သောက်မြင်ကပ်လွန်းလို့ ဘယ်တော့မှ အဲ့လို တံဆိပ်တွေ မသုံးဘူ။
အခုဟာ ပါတီ။ ပါတီတောင် အတုတွေ ရှိနေပါလား။
ပါတီဖွဲ့တယ် ရွေးကောက်ပွဲဝင်မယ်ဆိုတာ နိုင်ငံ့ ခေါင်းဆောင် လုပ်မယ့် လူတွေ ဆိုတဲ့ သဘောပဲ။
ဟာ.... ဒီလောက် သောက်ရှက် မရှိတဲ့ လူတွေက...........
စိတ်ပျက်တယ်ကွာ။

http://www.scribd.com/doc/32248110/UEC-Passed-Registration-for-Formation-as-Political-Party



Counterfeit party names


အတုအပ ဆင္တူ ရိုးမွားမ်ား


၁. The 88 Generation Student Youths (Union of Myanmar) ၈၈ မ်ိဳးဆက္ ေက်ာင္းသားလူငယ္မ်ား (ျပည္ေထာင္စု ျမန္မာနိုင္ငံ)
၂. Myanmar New Society Democratic Party ျမန္မာ့ လူ႕ေဘာင္သစ္ ဒီမိုကရက္တစ္ ပါတီ
၃. Wunthanu NLD (The Union of Myanmar) ၀ံသာနု NLD (ျပည္ေထာင္စု ျမန္မာနိုင္ငံ)


အရွက္ကို မရွိျကဘူး။
အရင္ကေတာ့ ကုန္အမွတ္ တံဆိပ္ ဆင္တူ ရိုးမွားေတြ ရွိတယ္။ ေသာက္ျမင္ကပ္လြန္းလို႕ ဘယ္ေတာ့မွ အဲ့လို တံဆိပ္ေတြ မသံုးဘူ။
အခုဟာ ပါတီ။ ပါတီေတာင္ အတုေတြ ရွိေနပါလား။
ပါတီဖြဲ႕တယ္ ေရြးေကာက္ပြဲ၀င္မယ္ဆိုတာ နိုင္ငံ့ ေခါင္းေဆာင္ လုပ္မယ့္ လူေတြ ဆိုတဲ့ သေဘာပဲ။
ဟာာာ.... ဒီေလာက္ ေသာက္ရွက္ မရွိတဲ့ လူေတြက...........
စိတ္ပ်က္တယ္ကြာ။

http://www.scribd.com/doc/32248110/UEC-Passed-Registration-for-Formation-as-Political-Party


******** Unicode version *********


အတုအပ ဆင်တူ ရိုးမှားများ
၁. The 88 Generation Student Youths (Union of Myanmar) ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)
၂. Myanmar New Society Democratic Party မြန်မာ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ
၃. Wunthanu NLD (The Union of Myanmar) ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ)အရှက်ကို မရှိကြဘူး။
အရင်ကတော့ ကုန်အမှတ် တံဆိပ် ဆင်တူ ရိုးမှားတွေ ရှိတယ်။ သောက်မြင်ကပ်လွန်းလို့ ဘယ်တော့မှ အဲ့လို တံဆိပ်တွေ မသုံးဘူ။
အခုဟာ ပါတီ။ ပါတီတောင် အတုတွေ ရှိနေပါလား။
ပါတီဖွဲ့တယ် ရွေးကောက်ပွဲဝင်မယ်ဆိုတာ နိုင်ငံ့ ခေါင်းဆောင် လုပ်မယ့် လူတွေ ဆိုတဲ့ သဘောပဲ။
ဟာ.... ဒီလောက် သောက်ရှက် မရှိတဲ့ လူတွေက...........
စိတ်ပျက်တယ်ကွာ။

http://www.scribd.com/doc/32248110/UEC-Passed-Registration-for-Formation-as-Political-Party



Wednesday, June 02, 2010

Against the Army (I) zg1

[ Unicode version can be found here.]ဟိုတစ္ေန့က May 30 ရက္ဟာ ဒီပဲယင္း လုပ္ျကံမႈ ၄နွစ္ ျပည့္တဲ့ေန့။ ယုတ္မာေကာက္က်စ္ ေအာက္တန္းက်တဲ့ အစီအစဉ္ကို ဗိုခ်ုပ္စိုးဝင္းက စီစဉ္တယ္။ ေထာင္သားေတြကို ေလးက်င့္ျပီး NLD အဖြဲ႕သားေတြကို အေသရိုက္သတ္ခိုင္းခဲ့တယ္။ ၁၀ဝ နီးပါးေသဆံုးခဲ့ရတယ္။NLD အဖြဲ႕သားေတြ ဒီလို ဘာလို့ အသက္ စေတးခဲ့ရသလဲ။ ျပည္သူလူထုအတြက္ပါပဲ။ ျပည္သူလူထုကို စစ္ကြ်န္ဘဝက ကယ္ဆယ္ဖို့ NLD နဲ့ ဒီမိဳကေရစီအေရး လႈပ္ရွားသူေတြ ေက်ာင္းသား/သူေတြ အသက္ စေတးခဲ့ရတယ္။ ေထာင္နွစ္ရွည္ေတြ က်ခဲ့တယ္။ စစ္ေက်ာေရး စခန္းေတြက လဴမဆန္ နွိပ္စစက္မႈေတြ ခံခဲ့ရတယ္။
ကြ်န္ေတာ္ ေရးျကည့္ခ်င္ပါတယ္။ စစ္တပ္ရဲ့ အျပစ္မဲ့သူေတြကို သတ္ခဲ့ ေထာင္ခ်ခဲ့တဲ့ အေျကာင္းေတြျပန္ မေျပါပဲေတာင္ သူတို လုပ္ရပ္ေတြ ေတြဟာ ဒီတိုင္းျပည္အေပၚ ဘယ္ေလာက္ ဆိုးရြားတယ္ဆိုတာ။ (ဘာလိုလဲဆိုေတာ့ စစ္အသိုင္းအဝိုင္းနဲ့ ပညာမဲ့ လဴတန္းစားက ကြ်န္ေတ္တို့ေတြ စစ္အစိုးရကို အေျကာင္းမဲ့ ဆန့္က်င္ေနတယ္ ထင္ေနျကေသးလိဳ့ပါ။)
*************************
စစ္အာဏာပိုင္ေတြ အေနနဲ့ အာဏာက လံုးဝ ဆင္းမေပးခ်င္ဘူးဆိုရင္ေတာင္ သူတို့ရဲ့ လက္ဝါးျကီးအုတ္ စီးပြားေရးကိုေတာ့ ေလွ်ာ့သင့္ျပီ။ Gas နဲ့ ေရနံ ေတြေရာင္း၊ သစ္ေတာေတြခုတ္ေရာင္း၊ ေက်ာက္စိမ္းေတြ… လက္ညွိုးထိုး ေရာင္းစား . . . ျပီးေတာ့. . . ရတဲပိုက္ဆံကို ကိုယ့္အိတ္ထဲထည့္၊ စစ္လက္နက္ေတြဝယ္၊ က်ပ္ေျပးျမို့ေတာ္ကိုေဆာက္၊ လွိုင္ဂူေတြတူး၊ ေျပါရရင္ မဆံုးဘူး။ ရွိသမွ် ျမစ္ေတြ ပိတ္ျပီး ေရကာတာေတြ ေဆာက္တယ္၊ နိုင္ငံရဲ့ အနာဂါတ္မွာ သဘာဝေဂဟစံနစ္ ပ်က္စီးမွာ အေရးမထားဘူး။ ရသမွ် ေရအားလွ်ပ္စစ္ နိုင္ငံျခါးေရာင္းစားအံုးမယ္၊ ျပည္သူေတြမွာ အေမွာင္ထဲမွာေနေနရတယ္။ ရသမွ် Gas နိုင္ငံျခါးေရာင္းစားျပီး ျပည္သူေတြမွာ အေမွာင္ထဲမွာေနေနရတယ္။ နိုင္ငံမွာ မီးလင္းတဲ့ေနရာဆိုလို့ က်ပ္ေျပးျမို့ေတာ္ပဲရွိတယ္။ မီးမရွိေတာ့ လူေတြမွာ ကိုယ့္ဟာကို မီးစက္ပဲ အားကိုးရတယ္။ တစ္ျမို့လံုး မီးစက္သံ ဆူညံညံ ျကားမွာ။ စက္ဆီနံ့ေတြျကားမွာ။
စီးပြားေရးစံနစ္ မေျပါင္းသေရြ႕ ေငြေျကးေဖာင္းပြမႈ ရွိေနသေရြ႕ လခစားေတြအဖို့ ဘယ္လိုလခတိုးတိုး ေခ်ာင္လည္လာမွာ မဟုတ္ဘူး။ အက်ိုးဆက္ လာဘ္ေပးလာဘ္ယူ ေတြနဲ့ ဝဲလည္ေနအံုးမွာပဲ။ ျပည္သူလူထုမွာ ဆင္းရဲတြင္းနက္ေနမွာပဲ။ နအဖကေတာ့ တိုင္းျပည္စည္းပြားေရးသည္ ငါတို့ အတြက္ဆိုျပီးဆက္ လုပ္ေနေလရဲ့ ။ နအဖအေနနဲ့ အာဏာကို ဆက္ကိုင္ထားခ်င္ေသးတယ္ ဆိုရင္ေတာ့ ျပည္သူလူထုျကိုက္ေအာင္ ေနျပေပါ့။ နိုင္ငံ့ ဘ႑ဍာကိုသံုးျပီး ျကံ့ဖြတ္က လုပ္ေပးတာပါလို့ အမည္ခံျပီး လမ္းခင္းေပးတာေလာက္ကေတာ့ ဘယ္သူမွ အရူးလုပ္ မခံဘူး။
စီးပြားေရး ဒုကၡေတြ ခံစားေနရတဲ့ ျပည္သူလူထုမွာ က်န္းမာေရးေစာင့္ေရွာက္မႈ ေကာင္းေကာင္းမရွိဘူး။ ေျပါရရင္ ျပည္သူေဆးရံုဆိုတာ ဆရာဝန္ပဲရွိျပီး ဘာ facility မွမရွိလို့ ေငြကုန္ေျကးက် မ်ားတဲ့ ပုဂၢလိကေဆးခန္းပဲ အမ်ားစု အားကိုးေနျကရတယ္။ စစ္တပ္ေဆးရံုေတြမွာေတာ facility အျပည့္ အပ်ံစားဆိုပဲ။ အခုလက္ရွိ ျပည္သူလူထုရေနတဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ အမ်ားစုကလည္း UNICEF, UNDP စတဲ့ UN အဖြဲအစည္းေတြနဲ့ အျခါး INGO ေတြ ကလုပ္ေပးေနတာ။ (နအဖက သူတို့လုပ္သလို ဟန္ေဆာင္ေနတာ)။ ဒီ INGO ေတြမွာ ကူညီတာေတာင္ အတားအဆီး အမ်ိုးမ်ိူးျကားက ခက္ခက္ခဲခဲ ကူညီျကရတယ္။
ပညာေရးစံနစ္ကလည္း လံုးဝ ယိုယြင္းေနျပီ။ အေျခခံပညာေရးမွာဆိုလည္း ဆရာ၊ဆရာမေတြ လခမလံုေလာက္ရာက ေလးစားထိုက္တဲ့ ဆရာ၊ဆရာမေတြမွာ တျပါးမရွိတဲ့ျပႆနာ ကို ဦးစားေပး ေျဖရွင္းရေတာ့တယ္။ ကေလးေတြ ကိုယ့္ဆီ က်ူရွင္တက္မွ ဆိုတာမ်ိုး၊ လက္ေဆာင္ေပးမွ အမွတ္တိုးေပးတာမ်ိုး၊ ဝမ္းနဲစရာ ပ်က္စီးမႈေတြ ရွိလာပါတယ္။ ေက်ာင္းအေဆာင္အဦေတြမ်ား ဆိုလည္း စုတ္ျပတ္သတ္ေနတဲ့ ေက်ာင္းေတြ အမ်ားျကီး။ Lab ဆိုတာေတာ့ ဘာမွန္းကိုမသိဘူး။ အဆင့္ျမင့္ ပညာေရးကေတာ့ စုတ္ျပတ္သတ္ေနျပီ။ တကၠသိုလ္ေတြက ေတာထဲမွာ။ ဘာ lab facility မွမရွိ။ ေက်ာင္းသူ။ ေက်ာင္းသားေတြလည္း ပ်က္စီး။ စိတ္ပ်က္စရာျကီးပါပဲ။
လယ္ယာစိုက္ပ်ိုးေရးကိုလည္း တိုးတက္ေအာင္ ဘာမွ မေထာက္ပံ့တဲ့ အျပင္ လယ္ေတြသိမ္းတာမ်ိုး အဓမၼ လုပ္အားေပးခိုင္းတာေတြ ေျကာင့္ ေတာင္သူေတြဟာ အရမ္းဖိနွိပ္ခံရပါတယ္။ စိုက္ပ်ိုးေရး က႑ဍကေတာ့ အရမ္းကို ေခတ္ေနာက္က်ေနဆဲပဲ။ နာဂစ္မုန္တိုင္းခံရတဲ့ ေဒသေတြဆို အခုထိ စိုက္ပ်ိုးေရး လုပ္ငန္း နာလန္မထူနိုင္ေသးဘူးတဲ့။
နာဂစ္ တုန္းကအေျခအေနကို ဥပမာထားျကည့္ရင္ေတာ့ စစ္အာဏာရွင္ရဲ့ ျပည္သူအေပၚထားတဲ့ သေဘာထား က ရွင္းေနတာပဲ။ ကိုယ္တိုင္ ကယ္ဆယ္ေရး မလုပ္တဲ့အျပင္ နိုင္ငံတာကာက ကယ္ဆယ္ေရး ေတြကို နွစ္ပါတ္ ျကာတဲ့အထိ ဝင္ခြင့္မေပး။ ေသသြားသူေတြရဲ့ အေလာင္းေတြေတာင္ ဒီတိုင္း ပုတ္ျပက္ေဆြးသြားတဲ့ထိ ျပစ္ထားတယ္။ ေနာက္မွ ဘန္ကီမြန္းကိုယ္တိုင္ ကယ္ဆယ္ေရး အတြက္ လာ စီစဉ္ရတဲ့ အထိ။ အဲ့ဒီေနာက္ ေန့စဉ္ရက္ဆက္ ေရာက္လာတဲ့ နိုင္ငံတကာ အကူအညီေတြ အမ်ားစုဟာလည္း စစ္တပ္ထဲေရာက္ သြားတယ္။ သန္းေရႊကေတာ့ သူအာဏာတည္ျမဲေရး plan ကို လံုးဝ အပ်က္မခံ။ referendum ကို မ်က္နွာေျပါင္ေျပါင္နဲ့ မျဖစ္ျဖစ္ေအာင္ လုပ္တယ္။
စီးပြားေရးလုပ္သူေတြမွာကေတာ့ လုပ္ငန္းျကီးမ်ား လုပ္မယ္ဆိုရင္ သက္ဆိုင္ရာ စစ္ဗိုလ္ ဝန္ျကီးေတြနဲ့ ေဝစားမွ်စား လုပ္မွကို ရပါတယ္။ ဒါမွ မဟုတ္ရင္ေတာ့ ေဈးထဲဆိုင္ဖြင့္တာေလာက္ပဲရမယ္။ trading နဲ့ manufacturing ဆိုလို့ကေတာ့ အားလံုး သူတို့နဲ့ ေဝစားမွ်စား မွကို ရတာပါ။ အားလံုး သိတဲ့အတိုင္း နအဖရဲ့ ဦးပိုင္ economic holding ltd နဲ့ သူတိုရဲ့ tycoons ေတြကေတာ့ နိုင္ငံ့စီးပြားေရးကို လက္ဝါးျကီး အုပ္ျပီးပါျပီ။ ဒီရက္ပိုင္းေလးမွာပဲ နိုင္ငံပိုင္စီးပြားေရး ေတြကို ထူး-ေတဇ max-ေဇာ္ေဇာ္၊ ေအးရွားေဝါလ္ - ထြန္းျမင့္နိုင္။ ကမ࿿ေဘာဇ-ေအာင္ကိုဝင္း၊ စတဲ့ လူေတြက ခြဲေဝ ယူျပီးသြားပါျပီ။ ဒါနဲ့ေျပါရရင္ ဒီလုပ္ငန္းရွင္ျကီးေတြ အခြန္ ဘယ္ေလာက္ ေပးေနသလဲ။ အငယ္စား လုပ္ငန္း ေလးေတြနဲ့ ကိုယ္ပိုင္အိမ္ ဝယ္တာမ်ိုးကို က်ေတာ့ အခြန္ေငြ မတန္တဆေတာင္းေနတယ္။ ဒီလို ဒီးပြားေရး စံနစ္မွာ ေငြေျကး ေဖာင္းပြမႈေတြ ဘယ္လိုမွ ရပ္တန့္မွာ မဟုတ္ဘူး။
ပင္စင္စားေတြဆိုတာ ဘာမွကို မရျကရွာဘူး။ ဟိုအရင္က ပင္စင္ယူတဲ့သူဟာ အဲ့ဒီအခ်ိန္က လခနံႈးအတိုင္း မူတည္ျပီး ရတယ္။ ဥပမာ- ၁၉၉၀ ေလာက္က ၃၀ဝ၀ ေလာက္ရတဲ့သူက အခု ပင္စင္လခ ၉၀ဝေလာက္ ပဲရတယ္။ အမွန္ဆို အဲ့ဒီေခတ္က ၃၀ဝ၀လစာက အခုေခတ္မွာ ၆၀,ဝ၀ဝ ေလာက္ ရွိတယ္။ ခ်ို့ခ်ို့တဲ့တဲ့ အဖိုးျကီး အဖြားျကီးေတြခမ်ာ ဒီပိုက္ဆံေလး ၁၀ဝ၀ ေလာက္ကို တပင္တပန္း လာထုတ္ျကရရွာတယ္။ busကားဖိုး နုတ္လိုက္ရင္ ဘာမွ မက်န္ဘူး။
အစိုးရ ဝန္ထမ္းအားလံုး ျခံုျကည့္ရင္ေတာ့ လခနည္းလြန္းတာေျကာင့္ လဘ္စားမႈေတြ တိုးပြားေနတာပဲ။ စစ္တပ္ အရာရွိေတြကေတာ့ တျခါး အခြင့္အေရး ေပါင္းစံုရတဲ့ အျပင္ လခလည္း ေကာင္းပါတယ္။ ညႊန္မႈးတစ္ေယာက္ရဲ့ လစာဟာ ဗိုလ္ျကီးတစ္ေယာက္ရဲ့လစာနဲ့ ညီတယ္လို့ ဆိုပါတယ္။ ဒီလို မညီမွ်မႈေတြ ေငြေျကး ေဖာင္းပြမႈေတြနဲ့ bureaucracy ယနၱယားမွာ လာဘ္ေပး လာဘ္ယဴမႈေတြနဲ့ ဒီနိုင္ငံ ဘယ္လိဳ ေရွ့ဆက္မလဲ။
အပိုင္း ၂ ဆက္ေရးပါမယ္။
ဒီတစ္ခါ တကယ္ဆက္ေရးမွာ။

Related posts: ။ income and price
Burma and SPDC (I)



Against the Army (I)

[Zawgyi-one version can be found here.]ဟိုတစ်နေ့က May 30 ရက်ဟာ ဒီပဲယင်း လုပ်ကြံမှု ၄နှစ် ပြည့်တဲ့နေ့။ ယုတ်မာကောက်ကျစ် အောက်တန်းကျတဲ့ အစီအစဉ်ကို ဗိုချုပ်စိုးဝင်းက စီစဉ်တယ်။ ထောင်သားတွေကို လေးကျင့်ပြီး NLD အဖွဲ့သားတွေကို အသေရိုက်သတ်ခိုင်းခဲ့တယ်။ ၁၀၀ နီးပါးသေဆုံးခဲ့ရတယ်။

NLD အဖွဲ့သားတွေ ဒီလို ဘာလို့ အသက် စတေးခဲ့ရသလဲ။ ပြည်သူလူထုအတွက်ပါပဲ။ ပြည်သူလူထုကို စစ်ကျွန်ဘဝက ကယ်ဆယ်ဖို့ NLD နဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ ကျောင်းသား/သူတွေ အသက် စတေးခဲ့ရတယ်။ ထောင်နှစ်ရှည်တွေ ကျခဲ့တယ်။ စစ်ကျောရေး စခန်းတွေက လူမဆန် နှိပ်စစက်မှုတွေ ခံခဲ့ရတယ်။
ကျွန်တော် ရေးကြည့်ချင်ပါတယ်။ စစ်တပ်ရဲ့ အပြစ်မဲ့သူတွေကို သတ်ခဲ့ ထောင်ချခဲ့တဲ့ အကြောင်းတွေပြန် မပြောပဲတောင် သူတို လုပ်ရပ်တွေ တွေဟာ ဒီတိုင်းပြည်အပေါ် ဘယ်လောက် ဆိုးရွားတယ်ဆိုတာ။ (ဘာလိုလဲဆိုတော့ စစ်အသိုင်းအဝိုင်းနဲ့ ပညာမဲ့ လူတန်းစားက ကျွန်တေ်တို့တွေ စစ်အစိုးရကို အကြောင်းမဲ့ ဆန့်ကျင်နေတယ် ထင်နေကြသေးလို့ပါ။)
*************************
စစ်အာဏာပိုင်တွေ အနေနဲ့ အာဏာက လုံးဝ ဆင်းမပေးချင်ဘူးဆိုရင်တောင် သူတို့ရဲ့ လက်ဝါးကြီးအုတ် စီးပွားရေးကိုတော့ လျှော့သင့်ပြီ။ Gas နဲ့ ရေနံ တွေရောင်း၊ သစ်တောတွေခုတ်ရောင်း၊ ကျောက်စိမ်းတွေ… လက်ညှိုးထိုး ရောင်းစား . . . ပြီးတော့. . . ရတဲပိုက်ဆံကို ကိုယ့်အိတ်ထဲထည့်၊ စစ်လက်နက်တွေဝယ်၊ ကျပ်ပြေးမြို့တော်ကိုဆောက်၊ လှိုင်ဂူတွေတူး၊  ပြောရရင် မဆုံးဘူး။ ရှိသမျှ မြစ်တွေ ပိတ်ပြီး ရေကာတာတွေ  ဆောက်တယ်၊ နိုင်ငံရဲ့ အနာဂါတ်မှာ သဘာဝဂေဟစံနစ် ပျက်စီးမှာ အရေးမထားဘူး။ ရသမျှ ရေအားလျှပ်စစ် နိုင်ငံခြားရောင်းစားအုံးမယ်၊ ပြည်သူတွေမှာ အမှောင်ထဲမှာနေနေရတယ်။ ရသမျှ Gas နိုင်ငံခြားရောင်းစားပြီး ပြည်သူတွေမှာ အမှောင်ထဲမှာနေနေရတယ်။ နိုင်ငံမှာ မီးလင်းတဲ့နေရာဆိုလို့ ကျပ်ပြေးမြို့တော်ပဲရှိတယ်။ မီးမရှိတော့ လူတွေမှာ ကိုယ့်ဟာကို မီးစက်ပဲ အားကိုးရတယ်။ တစ်မြို့လုံး မီးစက်သံ ဆူညံညံ ကြားမှာ။ စက်ဆီနံ့တွေကြားမှာ။
စီးပွားရေးစံနစ် မပြောင်းသရွေ့ ငွေကြေးဖောင်းပွမှု ရှိနေသရွေ့ လခစားတွေအဖို့ ဘယ်လိုလခတိုးတိုး ချောင်လည်လာမှာ မဟုတ်ဘူး။ အကျိုးဆက် လာဘ်ပေးလာဘ်ယူ တွေနဲ့ ဝဲလည်နေအုံးမှာပဲ။ ပြည်သူလူထုမှာ ဆင်းရဲတွင်းနက်နေမှာပဲ။ နအဖကတော့ တိုင်းပြည်စည်းပွားရေးသည် ငါတို့ အတွက်ဆိုပြီးဆက် လုပ်နေလေရဲ့ ။ နအဖအနေနဲ့ အာဏာကို ဆက်ကိုင်ထားချင်သေးတယ် ဆိုရင်တော့ ပြည်သူလူထုကြိုက်အောင် နေပြပေါ့။ နိုင်ငံ့ ဘဏ္ဍာကိုသုံးပြီး ကြံ့ဖွတ်က လုပ်ပေးတာပါလို့ အမည်ခံပြီး လမ်းခင်းပေးတာလောက်ကတော့ ဘယ်သူမှ အရူးလုပ် မခံဘူး။

စီးပွားရေး ဒုက္ခတွေ ခံစားနေရတဲ့ ပြည်သူလူထုမှာ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းမရှိဘူး။ ပြောရရင် ပြည်သူဆေးရုံဆိုတာ ဆရာဝန်ပဲရှိပြီး ဘာ facility မှမရှိလို့ ငွေကုန်ကြေးကျ များတဲ့ ပုဂ္ဂလိကဆေးခန်းပဲ အများစု အားကိုးနေကြရတယ်။ စစ်တပ်ဆေးရုံတွေမှာတော facility အပြည့် အပျံစားဆိုပဲ။ အခုလက်ရှိ ပြည်သူလူထုရနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အများစုကလည်း UNICEF, UNDP စတဲ့ UN အဖွဲအစည်းတွေနဲ့ အခြား INGO တွေ ကလုပ်ပေးနေတာ။ (နအဖက သူတို့လုပ်သလို ဟန်ဆောင်နေတာ)။ ဒီ INGO တွေမှာ ကူညီတာတောင် အတားအဆီး အမျိုးမျိူးကြားက ခက်ခက်ခဲခဲ ကူညီကြရတယ်။
ပညာရေးစံနစ်ကလည်း လုံးဝ ယိုယွင်းနေပြီ။ အခြေခံပညာရေးမှာဆိုလည်း ဆရာ၊ဆရာမတွေ လခမလုံလောက်ရာက လေးစားထိုက်တဲ့ ဆရာ၊ဆရာမတွေမှာ တပြားမရှိတဲ့ပြဿနာ ကို ဦးစားပေး ဖြေရှင်းရတော့တယ်။ ကလေးတွေ ကိုယ့်ဆီ ကျူရှင်တက်မှ ဆိုတာမျိုး၊ လက်ဆောင်ပေးမှ အမှတ်တိုးပေးတာမျိုး၊ ဝမ်းနဲစရာ ပျက်စီးမှုတွေ ရှိလာပါတယ်။ ကျောင်းအဆောင်အဦတွေများ ဆိုလည်း စုတ်ပြတ်သတ်နေတဲ့ ကျောင်းတွေ အများကြီး။ Lab ဆိုတာတော့ ဘာမှန်းကိုမသိဘူး။ အဆင့်မြင့် ပညာရေးကတော့ စုတ်ပြတ်သတ်နေပြီ။ တက္ကသိုလ်တွေက တောထဲမှာ။ ဘာ lab facility မှမရှိ။ ကျောင်းသူ။ ကျောင်းသားတွေလည်း ပျက်စီး။ စိတ်ပျက်စရာကြီးပါပဲ။
လယ်ယာစိုက်ပျိုးရေးကိုလည်း တိုးတက်အောင် ဘာမှ မထောက်ပံ့တဲ့ အပြင် လယ်တွေသိမ်းတာမျိုး အဓမ္မ လုပ်အားပေးခိုင်းတာတွေ ကြောင့် တောင်သူတွေဟာ အရမ်းဖိနှိပ်ခံရပါတယ်။ စိုက်ပျိုးရေး ကဏ္ဍကတော့ အရမ်းကို ခေတ်နောက်ကျနေဆဲပဲ။ နာဂစ်မုန်တိုင်းခံရတဲ့ ဒေသတွေဆို အခုထိ စိုက်ပျိုးရေး လုပ်ငန်း နာလန်မထူနိုင်သေးဘူးတဲ့။
နာဂစ် တုန်းကအခြေအနေကို ဥပမာထားကြည့်ရင်တော့ စစ်အာဏာရှင်ရဲ့ ပြည်သူအပေါ်ထားတဲ့ သဘောထား  က ရှင်းနေတာပဲ။ ကိုယ်တိုင် ကယ်ဆယ်ရေး မလုပ်တဲ့အပြင် နိုင်ငံတာကာက ကယ်ဆယ်ရေး တွေကို နှစ်ပါတ် ကြာတဲ့အထိ ဝင်ခွင့်မပေး။ သေသွားသူတွေရဲ့ အလောင်းတွေတောင် ဒီတိုင်း ပုတ်ပြက်ဆွေးသွားတဲ့ထိ ပြစ်ထားတယ်။ နောက်မှ ဘန်ကီမွန်းကိုယ်တိုင် ကယ်ဆယ်ရေး အတွက် လာ စီစဉ်ရတဲ့ အထိ။ အဲ့ဒီနောက် နေ့စဉ်ရက်ဆက် ရောက်လာတဲ့ နိုင်ငံတကာ အကူအညီတွေ အများစုဟာလည်း စစ်တပ်ထဲရောက် သွားတယ်။ သန်းရွှေကတော့ သူအာဏာတည်မြဲရေး plan ကို လုံးဝ အပျက်မခံ။ referendum ကို မျက်နှာပြောင်ပြောင်နဲ့ မဖြစ်ဖြစ်အောင် လုပ်တယ်။
စီးပွားရေးလုပ်သူတွေမှာကတော့ လုပ်ငန်းကြီးများ လုပ်မယ်ဆိုရင် သက်ဆိုင်ရာ စစ်ဗိုလ် ဝန်ကြီးတွေနဲ့ ဝေစားမျှစား လုပ်မှကို ရပါတယ်။ ဒါမှ မဟုတ်ရင်တော့ ဈေးထဲဆိုင်ဖွင့်တာလောက်ပဲရမယ်။ trading နဲ့ manufacturing ဆိုလို့ကတော့ အားလုံး သူတို့နဲ့ ဝေစားမျှစား မှကို ရတာပါ။ အားလုံး သိတဲ့အတိုင်း နအဖရဲ့ ဦးပိုင် economic holding ltd နဲ့ သူတိုရဲ့ tycoons တွေကတော့ နိုင်ငံ့စီးပွားရေးကို လက်ဝါးကြီး အုပ်ပြီးပါပြီ။ ဒီရက်ပိုင်းလေးမှာပဲ နိုင်ငံပိုင်စီးပွားရေး တွေကို ထူး-တေဇ max-ဇော်ဇော်၊ အေးရှားဝေါလ် - ထွန်းမြင့်နိုင်။ ကမ္ဘောဇ-အောင်ကိုဝင်း၊ စတဲ့ လူတွေက ခွဲဝေ ယူပြီးသွားပါပြီ။ ဒါနဲ့ပြောရရင် ဒီလုပ်ငန်းရှင်ကြီးတွေ အခွန် ဘယ်လောက် ပေးနေသလဲ။ အငယ်စား လုပ်ငန်း လေးတွေနဲ့ ကိုယ်ပိုင်အိမ် ဝယ်တာမျိုးကို ကျတော့ အခွန်ငွေ မတန်တဆတောင်းနေတယ်။ ဒီလို ဒီးပွားရေး စံနစ်မှာ ငွေကြေး ဖောင်းပွမှုတွေ ဘယ်လိုမှ ရပ်တန့်မှာ မဟုတ်ဘူး။
ပင်စင်စားတွေဆိုတာ ဘာမှကို မရကြရှာဘူး။ ဟိုအရင်က ပင်စင်ယူတဲ့သူဟာ အဲ့ဒီအချိန်က လခနှုံးအတိုင်း မူတည်ပြီး ရတယ်။ ဥပမာ- ၁၉၉၀ လောက်က ၃၀၀၀ လောက်ရတဲ့သူက အခု ပင်စင်လခ ၉၀၀လောက် ပဲရတယ်။ အမှန်ဆို အဲ့ဒီခေတ်က ၃၀၀၀လစာက အခုခေတ်မှာ ၆၀,၀၀၀ လောက် ရှိတယ်။ ချို့ချို့တဲ့တဲ့ အဖိုးကြီး အဖွားကြီးတွေခမျာ ဒီပိုက်ဆံလေး ၁၀၀၀ လောက်ကို တပင်တပန်း လာထုတ်ကြရရှာတယ်။ busကားဖိုး နုတ်လိုက်ရင် ဘာမှ မကျန်ဘူး။
အစိုးရ ဝန်ထမ်းအားလုံး ခြုံကြည့်ရင်တော့ လခနည်းလွန်းတာကြောင့် လဘ်စားမှုတွေ တိုးပွားနေတာပဲ။ စစ်တပ် အရာရှိတွေကတော့ တခြား အခွင့်အရေး ပေါင်းစုံရတဲ့ အပြင် လခလည်း ကောင်းပါတယ်။ ညွှန်မှုးတစ်ယောက်ရဲ့ လစာဟာ ဗိုလ်ကြီးတစ်ယောက်ရဲ့လစာနဲ့ ညီတယ်လို့ ဆိုပါတယ်။ ဒီလို မညီမျှမှုတွေ ငွေကြေး ဖောင်းပွမှုတွေနဲ့ bureaucracy ယန္တယားမှာ လာဘ်ပေး လာဘ်ယူမှုတွေနဲ့ ဒီနိုင်ငံ ဘယ်လို ရှေ့ဆက်မလဲ။ 
အပိုင်း ၂ ဆက်ရေးပါမယ်။
ဒီတစ်ခါ တကယ်ဆက်ရေးမှာ။
Related posts: ။ income and price
Burma and SPDC (I)