Friday, October 01, 2010

Inception

ဒီရက်ပိုင်း စိတ်နဲနဲ ညစ်နေတယ်။ blogလည်း မရေးဖြစ်ဘူး။ တကယ်သာ မရေးဖြစ်တာ ဟိုတစ်နေ့က အိပ်မက်ထဲမှာတောင် blogရေးနေတာ။ တကယ်ပဲ။ အဲဒါပဲ။ မနေ့ကတော့ စိတ်ပြေလက်ပျောက် ရုပ်ရှင်တစ်ကား ရုံမှာ သွားကြည့်လိုက်တယ်။ ကားနာမည်က Inception ။ အဲဒီကားအကြောင်း နဲနဲ ပြောပြမယ်။ ဇာတ်လမ်းတော့ ပြောမပြပါဘူး။ တချို့က ဇာတ်လမ်းကြိုပြောရင် မကြိုက်ဘူး ဆိုတော့။



ဒီဇာတ်ကားရဲ့ concept တွေက... အိပ်မက်တွေ ဖန်တီးပြီး သူတို့ target ထားတဲ့လူဆီက information ဘာညာ ရအောင်ယူတာပေါ့။ dream hacking ခေါ်မလားပဲ။ အိပ်မက်ထဲမှာကိုပဲ နောက်ထပ် အိပ်မက်ထဲထပ်ဝင် တာတွေရောပါတယ်.. အိပ်မက်Layer ကို ငါးဆင့်လောက် ၀င်ကြတာ။ သူတို့ အဆိုအရ အိပ်မက်ထဲက ၁နာရီကြာသွားရင် အပြင်ကအိပ်ပျော်ချိန် ၅မိနစ်လောက်ပဲ ကြာတယ်တဲ့။


အိပ်မက်ထဲမှာ သေရင် နိုးသွားတယ်။ ဒါပေမယ့် အိပ်မက်ထဲက > အိပ်မက်ထဲမှာသေရင် limbo အဖြစ် အိပ်မက်ထဲမှာ ပိတ်မိသွားတတ်သတဲ့။ ပထမအိပ်မက်ရဲ့ hostက နောက်တစ်ဆင့် အိပ်မက်ထဲ မ၀င်ပဲ အဲဒီသူ့ အိပ်မက်ကို maintain လုပ်ထားရတယ် နောက်ပြီး architect တစ်ယောက်က အိပ်မက်ရဲ့ design ကို ကြိုတင်ပုံဖေါ်ထားရတယ်တဲ့။ အိပ်မက်ထဲရောက်ရင် လူ့စိတ် subconscious projection မှာရှိနေတဲ့လူတွေ လည်းပါဝင်လာတတ်သတဲ့။


ဒီရုပ်ရှင်က Matrix ရဲ့ သဘောကို နဲနဲ တုထားတဲ့သဘောပဲ။ နောက် The Cell ဆိုတဲ့ကားလည်း အဲဒီလိုသဘောပဲ။ coma ဖြစ်နေတဲ့ လူရဲ့ စိတ်ထဲကိုဝင်တာလေ။ Matrix မှာ Morpheus က Neo ကို Matrix အကြောင်း လိုက်ရှင်းပြတာ မျိုးလည်း ဒီကားမှာ ပါတယ်။ ဒီကားမှာက အိပ်မက်ထဲဝင်တဲ့ သဘောတရားကို သိပ်ရှင်းရှင်းလည်း မပြဘူး။ ဆေးတစ်မျိုးကို drip ပိုက်နဲ့ အကြောထဲကို သွင်းလိုက်တယ်။ နောက်ခလုပ်တစ်ခု နှိပ်လိုပ်ရော။ ဒါပဲ။ အမှန်ဆို စိတ်ချင်းဆက်ရတဲ့ ကိစ္စမှာ ခေါင်းကို electrode တွေပါတဲ့ ခေါင်းစွပ်တွေဘာတွေ စွပ်တာမျိုး လုပ်ပေါ့။ သိတယ်မဟုတ်လား။ brain wave တွေဖတ်တဲ့အခါ သုံးတဲ့ဟာမျိုးလေ။


ဘာပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတဲ့ ကားပါပဲ။ ဒီနည်းသာ အပြင်မှာရှိရင်တော့ စာမေးပွဲနီးလို့ စာတွေ မပြီးသေးရင် အိပ်မက်ထဲမှာ စာကြည့်ဖို့ အချိန်တွေ အများကြီး လုပ်ယူလို့ ရမှာပဲ။ and.... what else??? virtual sex???!!! :D


trailer ကိုဒီမှာကြည့်ပါ။ ဇာတ်လမ်းသိချင်ရင်တော့ wikipediaမှာ ဖတ်ပါ


Inception movie shot

Inception movie shot