Sunday, November 27, 2011

Dear Thet Thet


သက်သက်ရေ... ဆောင်းကိုလည်း ရောက်ပြန်ပြီပေါ့။ ပြောမယ့်သာပြောရတာပါ ရန်ကုန်ဆောင်းကတော့ ပူတယ်။ တခါတခါကတော့လည်း လွမ်းမိတယ်။ ဟိုးအဝေးကြီးက ဆီးနှင်းတွေ ကျတဲ့ အရပ်ကို။ ။ဒါပေမယ့် သက်သက်ရယ်... မြန်မာနိုင်ငံမှာ လမ်းတွေ စုတ်ပြတ်သတ်နေတာပဲ။ ငါကတော့ နင့်ကို အမြဲ သတိရပါတယ်။ ကမ္ဘာမှာ စစ်မက်တွေ မပွားတော့ရင် စစ်တပ်ဆိုတာ မလိုတော့ဘူးပေါ့။ အခုထိတော့ လူသားတွေရဲ့ civilization လုံလုံလောက်လောက် မမြင့်မားသေးတာသေချာတယ်။ နယူထရီနိုက အလင်းထက်မြန်တယ်ဆိုတာလည်း မသေချာသေးပါဘူး သက်သက်ရယ်။ နင့်စိတ်ထဲမှာ ငါတို့ တနေ့နေ့ ပြန်ဆုံဖြစ်ကြမယ်လို့ မထင်ဘူးလား။ အချိန်တွေကတော့ ဘယ်တော့မှ နောက်ပြန် စီးဆင်းမှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေး၊ သဘာဝ ပါတ်ဝန်းကျင်၊ လူသားချင်း စာနာထောက်ထားမှု၊ တွေဆုံဆွေးနွေးရေး၊ ဘာညာဘာညာနဲ့ စကားလုံးတွေထက် လက်တွေ့က နဲနေသေးတယ် ဆိုတာ နင်လည်း သတင်းတွေမှာ တွေ့မှာပေါ့။ ဟိုတလောက နင်တို့ဆီမှာ မိုးတွေ အရမ်းရွာတယ်ဆို။ ငါ့ဘဝကြီးကတော့ မအေးချမ်းသေးပါဘူး။ ဒီနောက်ပိုင်း သီချင်းတွေတောင် သိပ်နားမထောင်ဖြစ်တော့ဘူး။ အခုတော့ ငါ့စိတ်ထဲမှာ human ဆိုတဲ့ metallica သီးချင်းကို ဆိုနေမိတယ်။ .ကမ္ဘာကြီးမှာ လူသားပေါက်ပွားနှုန်းက တစ်မိနစ်ကို နှစ်သိန်းခွဲလောက် ရှိတယ်။ ဒါ ဂေဟစံနစ်ကို ထိခိုက်စေတယ်။ ဒီလူသားတွေကပဲ ဂေဟစံနစ်ကို ကာကွယ်မယ် ဘာညာနဲ့။ တကယ်တော့ ဘယ်အရာကရော တကယ်ရှိလို့လဲ။ စတိဗ်ဂျော့ ဆုံးသွာတာကို လူတိုင်း စိတ်မကောင်းကြဘူး။ နောက်ဆုံးတော့ စတိဗ်ဂျော့ ပဲ ဖြစ်ဖြစ် မာသာထရီဇာပဲ ဖြစ်ဖြစ် လူအားလုံးက သေခြင်းရဲ့ သားကောင်ပဲ။ လူအားလုံး သားကောင်ပဲ။ လူတွေမလဲပဲ အသက်ရှင်ဆဲကာလမှာတော့ အိပ်မက်တွေနောက် လိုက်ရင်း မောကြတယ်။ u know what. human life is full of sufferings and miseries and entropy of the universe is always increasing လေ။ but, without u... universe is moving on without u beside me. သက်သက်ရေ ... နင့်ကို လွမ်းမိရင် မန္တလေးဆောင်းရဲ့ မနက်အစောကြီး မြူနှင်းတွေ အုံးဆိုင်းအေးစက်တဲ့ နေ့ရက်တွေကို လည်းသတိရတယ်။ မြူနှင်းတွေလိုပဲ ခံစားချက်တွေ ရင်ထဲမှာ အလိပ်လိုက် ပြိုဆင်းကျနေတဲ့ နေ့တွေပေါ့။