Thursday, March 27, 2014

Science and Technology news of the week

Facebook က Oculus VR ကို ဝယ်ယူ
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
Oculus VR ဆိုတာကတော့ Oculus Rift လို့ခေါ်တဲ့ ပုံရိပ်ယောင်မြင်ကွင်းစစ် (virtual reality) ကိရိယာကို တီထွင်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အခုဒီကုမ္ပဏီကို Facebook က ဒေါ်လာ သန်း နှစ်ထောင်နဲ့ ဝယ်ယူလိုက်ပါတယ်။ လက်ရှိတော့ ဒီကိရိယာဟာ ဂိမ်းကစားဖို့ အဓိက ထားပေမယ့် နောက်တစ်ဆင့် အနေနဲ့ အဝေးက ဆရာဝန်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံနိုင်သလို အဝေးသင် ကျောင်းကဲ့သို့ စာသင်ခန်းကိုလည်း အိမ်ကနေပဲ တက်ရောက်နိုင်တာမျိုးလို အကျိုးရှိတဲ့ အသုံးချ နည်းပညာတစ်ခု ဖြစ်လာမယ်လို့ Facebook တည်ထောင်သူ Mark Zuckerberg ကပြောကြားပါတယ်။ ဒီလိုကိရိယာမျိုးကို တီထွင်နေကြောင်းကို ဆိုနီကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ Consumer Electronics Show မှာ နမူနာ ပြသခဲ့ပါတယ်။

×××××××××××××××××××××
Samsung က smart နာရီစျေးနှုန်းများကြေငြာ
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
အရင်အပါတ်က Mobile World Congress မှာ ပြသခဲ့တဲ့ Samsung ရဲ smart နာရီစျေးနှုန်းတွေကို ကြေငြာလိုက်ပါတယ်။ Gear 2 Neo ကတော့ $199 ဖြစ်ပြီး ကင်မရာပါတဲ့ Gear 2 ကတော့$299ဖြစ်ပါတယ်။ ကွေးညွတ်ထားတဲ့ screen နဲ့ Gear Fit ကတော့ $199 ဖြစ်ပါတယ်။

×××××××××××××××××××××
Android Wear
−−−−−−−−−−−−−−−−−−−−
လက်ရှိ smart နာရီမျိုးစုံ ထွက်လာတဲ့ခေတ်မှာ ဂူးဂဲလ်က သူ့ရဲ့ Android အမျိုးအစားသစ် Android Wear ကို smart နာရီတွေအတွက် operating system အဖြစ် ထုတ်လုပ်ပေးလိုက်ပါတယ်။ ပထမဆုံး Android Wear ကိုအသုံးပြုထားမယ့် နာရီတွေကတော့ Motorola ရဲ့ Moto 360 နဲ့ LG G Watch တို့ ဖြစ်ပါတယ်။

××××××××××××××××××××
မလေးရှားလေကြောင်းခရီးစဉ် ၃၇၀ နဲ့ပါတ်သတ်၍
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
Swift လို့ခေါ်တဲ့ aircraft data-streaming system ကို တောင်အမေရိကနဲ့ ဥရောပဘက်ကို ပျံသန်းတဲ့ လေယာဉ်တွေမှာ တပ်ဆင်ဖို့ ညွှန်ကြားထားပေမယ့် အာရှဘက်မှာ ပျံသန်းတဲ့ လေယဉ်တွေမှာ တပ်ဆင်ဖို့ သတ်မှတ်ချက်မရှိပါဘူး။ လေယာဉ်မှာ ပုံမှန်ပါတင်တဲ့ Communications Addressing and Reporting System ပျက်သွားရင်တောင်မှ Swift က ဆက်လက် အလုပ်လုပ်နိုင်မှာ ဖြစ်ပြီး လေယာဉ် အမြန်နှုန်း၊ ဆီသုံးစွဲမှု အင်ဂျင်အခြေအနေ ဦးတည်ရာ အမြင့်ပေ စတာတွေကို ဂြိုဟ်တုဆီ တိုက်ရိုက် ပို့လွှတ်နိုင်တဲ့အတွက် တပ်ဆင်ထားမယ်ဆိုရင် လေယာဉ်ကို ရှာရမခက်ဘူးလို့ သိရပါတယ်။ အခု ခရီးစဉ် ၃၇၀ ကိုရှာတာမှာ မိုင်ပေါင်း ၂.၂၄ သန်း အကျယ်အဝန်းကို ရှာခဲ့ကြပေမယ့် မတွေ့နိုင်သေးပါဘူး။


××××××××××××××××××××××××

Sci and Tech news 2014-03-18

ဒရမ်တီးနိုင်တဲ့ စက်လက်အတု
အရင်တစ်ပါတ်က ထိတွေ့မှုကိုခံစားနိုင်တဲ့ လက်အတုအကြောင်း ဖေါ်ပြခဲ့တာ မှတ်မိကြလိမ့်မယ်လို့ ထင်ပါတယ်။ အခု နောက်ထပ် တစ်မျိုးကို တော့ Georgia Tech တက္ကသိုလ်မှ ပါမောက္ခ Gil Weinberg က ဒရမ်တီးနိုင်တဲ့ စက်လက်အတုကို တီထွင်ခဲ့ပါတယ်။ ဒရမ်ရိုက်ချက် ကို စက်မောင်းတံနဲ့ ရိုက်ခတ်ဖို့ ကို လက်ရဲ့ အာရုံကြောက ပို့လွှတ်တဲ့ အချက်ပြလှိုင်းကို electromyographyန နည်းနဲ့ ဆက်သွယ် လုပ်ဆောင်ပါတယ်။ ထူးခြားတာကတော့ နောက်ထပ် အလိုအလျောက် ဒရမ်ခေါက်တံတစ်ချောင်းက လက်နှစ်ဘက်က တီးနေတဲ့ သံစဉ်ပေါ် မူတည်ပြီး စည်းချက် ဖြည့်စွက် တီးခတ်ပေးမှာ ဖြစ်ပါတယ်။ တီးခတ်မှု ဗွီဒီယို https://www.youtube.com/watch?v=ntrlHw6f4E4

သူသားနှင့်စက်ရုပ်ပြိုင်ပွဲ
ဂျာမဏီနိုင်ငံက စက်ရုပ်လုပ်ငန်း Kuka က စားပွဲတင်တင်းနစ် ရိုက်နိုင်တဲ့ စက်ရုပ် Agilus ကို ထုတ်လုပ်ခဲ့ပြီး ဂျာမန် ချန်ပီယံ Timo Boll နဲ့ ယှဉ်ပြိုင်ကစားရာမှာ အစပိုင်းမှာ လူသားက ရှုံးနိမ့်ခဲ့ပေမယ့် Agilus စက်ရုပ်ကို ပြုလုပ်သူ လူသားတွေရဲ့ တီထွင်နိုင်စွမ်းကို တော့ youtube ဗွီဒီယို https://www.youtube.com/watch?v=tIIJME8-au8 မှာ ကြည့်ရှုနိုင်ပါတယ်။

Googleရဲ့ Project Ara
လက်ရှိခေတ်မှာ စားပွဲတင်ကွန်ပြူတာတွေတစ်လုံး ဝယ်ယူတဲ့အခါမှာ စိတ်ကြိုက် အစိတ်အပိုင်း တစ်မျိုးချင်းစီ ဝယ်ယူ တပ်ဆင်နိုင်ကြသို လက်ကိုင်ဖုန်းတွေကိုလည်း စိတ်ကြိုက် ပရိုဆက်ဆာ၊ စိတ်ကြိုက် ကင်မရာ။ စိတ်ကြိုက် မှတ်ဉာဏ်သိုလှောင်မှု စသည်ဖြင့် တပ်ဆင်နိုင်မယ် တပ်ဆင်နိုင်တဲ့ဖုန်း စနစ်ကို ဂူးဂဲလ်က Ara ဆိုတဲ့ ပရောဂျက်အမည်နဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဧပြီ ၁၅−၁၆ ရက်တွေမှ ဒီ အာရာ ပရောဂျက် ကွန်ဖရင့်တပ်ရပ်ကျင်းပဖို့ စီစဉ်ထားပါတယ်။

ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို 3D printerနဲ့ တည်ဆောက်ခြင်း
ပြီးခဲ့တဲ့အပါတ်အတွင်းမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို 3D printer နဲ့တည်ဆောက် ကုသတဲ့ သတင်းနှစ်ရပ် ရှိပါတယ်။ ပထမသတင်းကတော့ အသက် ၂၉နှစ်အရွယ် Stephen Power ဟာ ဆိုင်ကယ်မတော်တဆဖြစ်ပြီး ဦးခေါင်းခွံ ကျိုးကြေခဲ့ရတဲ့ အပိုင်းတွေကို Morriston ဆေးရုံက Adrian Sugar ဦးဆောင်တဲ့ အဖွဲ့က 3D printer တစ်မျိုးနဲ့ လိုအပ်တဲ့ ဦးခေါင်းခွံအပိုင်းကို ပြုလုပ်ပြီး ကုသပေးခဲ့ကြပါတယ်။ နောက်သတင်းကတော့ Harvard တက္ကသိုလ်က Jennifer Lewis ဦးဆောင်တဲ့ သုတေသီ အဖွဲ့ရဲ့ ပိုမို ရှုပ်တွေး အဆင့်မြင့်တဲ့ စမ်းသပ် သုတေသနဖြစ်ပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်း ကြွက်သားတစ်ရှုး တွေကို 3D printer နဲ့ ပြုလုပ်တဲ့အခါမှာ တစ်ရှုးထဲမှာ သွေးကြောလေးတွေကိုပါ ထည်ုသွင်းတည်ဆောက် နိုင်ခဲ့ကြပါတယ်။




Saturday, March 15, 2014

Sci Tech news

လက်ညှိုးအမူအရာပြသရုံနဲ့ ညွှန်ကြားခိုင်းစေနိုင်တဲ့ "Ring"
------------------------------------------------------------------

ဂျပန်လူမျိုး Takuro Yoshida ဦးဆောင်တဲ့ Logbar ကုမ္ပဏီဟာ "Ring" လို့ အမည်ပေးထားတဲ့ လက်စွပ်တစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။ အခြား နည်းပညာသုံး ကိရိယာများနဲ့ bluetoothကနေ ချိတ်ဆက်ပြီး လက်ညှိုးအမူအရာပြသရုံနဲ့ ညွှန်ကြားခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ− smart ဖုန်းမှာ စာရေးတာကို လက်ညှိုးက လေထဲမှာ စာလုံးပုံ ဆွဲပြခြင်း။ smart TV မှာ ချယ်နယ်လ်ပြောင်း ဖို့ လက်ညှိုးအမူအရာပြသနိုင်ခြင်းတွေ ဖြစ်ပါတယ်။ အခုနောက်ပိုင်း ပေါ်ထွက်လာတဲ့ Google glass လို ကိရိယာ၊ ကစားစရာ drone လေယာဉ်ငယ်လို ကိရိယာ ကဲ့သို့ program လုပ်ပြီး Ringနဲ့ ဆက်သွယ်လုပ်ဆောင်နိုင်တဲ့ ကိရိယာတွေ အများကြီး ရှိလာနိုင်ပါတေယ်။ လက်ရှိတော့ ၁၄၅ ဒေါ်လာလောက် နဲ့ရောင်းဖို့ စီစဉ်ထားပေမယ့် နောက်ပိုင်းမှာ ၁၀၀ဒေါ်လာလောက်ထိ လျှော့ချသွားမယ်လို့ Takuro Yoshida ကပြောဆိုပါတယ်။


_____________________________________________

အိုဇုန်းအလွှာကို ပျက်စီးစေတဲ့ ဓါတ်ငွေ့ အသစ်လေးမျိုး
------------------------------------------------------------

အိုဇုန်းအလွှာကို ပျက်စီးစေတဲ့ စက်မှုလုပ်ငန်းတွေက ထုတ်လွှတ်တဲ့ ဓါတ်ငွေ့ အသစ်လေးမျိုး ကို University of East Anglia က သုတေသီတွေက လေ့လာတွေ့ရှိထားပါတယ်။ CFC (chlorofluorocarbon) ဓါတ်ငွေ့ သုံးစွဲမှုကို ၂၀၁၀ ခုနှစ်ကစပြီး လုံးဝ ပိတ်ပင်ခဲ့တဲ့အတွက် သိသာစွာလျှော့ကျသွားပေမယ့် အခု တွေရှိတဲ့ ဓါတ်ငွေ့ အသစ်တွေက CFC အမျိုးအစား သုံးမျိုး နဲ့ hydrochlorofluorocarbon (HCFC) တစ်မျိုး ဖြစ်ပြီး ဒီဓါတ်ငွေ့တွေဟာ ပြိုကွဲချိန်ကြာရှည်တာကြောင့် ပိုမို အန္တရာယ်ရှိတယ်လို့ သိရပါတယ်။

____________________________________________

သွေးစစ်ခြင်းဖြင့်dementia ဖြစ်နိုင်ခြေကိုသိရှိနိုင်
-------------------------------------------------------

University of Oxford က အာရုံကြောသိပ္ပံပညာရှင် Simon Lovestone ဦးဆောင်တဲ့ သုတသနအရ သွေးရည်ကြည်ထဲက lipid metabolites ၁၀မျိုးကို စစ်ဆေးခြင်းဖြင့် နှစ်နှစ်လောက်အတွင်းမှာ dementia ရောဂါ ဖြစ်နိုင်ခြေ ရှိမရှိ ၉၀ ရာခိုင်နှုန်း မှန်ကန်တဲ့ ရလဒ်ကို သိရှိနိုင်တယ် လို့ ဆိုပါတယ်။ (dementia ဆိုတာကတော့ မှတ်ဉာဏ်ပျက်စီးခြင်း၊ စဉ်းစားနိုင်မှု မရှိတော့ခြင်း၊ ကဲ့သို အာရုံကြောလုပ်ဆောင်မှု ပျက်စီးတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။)

_____________________________________________

နှစ်ပေါင်းသုံးသောင်းက အေးခဲနေတဲ့ပိုးမွှားပြန်လည်နိုးထ
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−

သိပ္ပံပညာရှင်တွေဟာ P. sibericum လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကို ဆိုက်ဘေးရီးယားက အနုတ် ၁၃.၄'ဒီဂရီအေးခဲ နေတဲ့ မြေလွှာ ထဲမှာ အနှစ် သုံးသောင်းကြာ အေးခဲနေရာကနေ ပြန်လည်း နိုးထစေပြီး အမီဘာ ဘက်တီးရီးယားကို စမ်းသပ် ကူးစက်ကြည့်နိုင်ခဲ့ခြင်းဖြင့် ဗိုင်းရပ်စ်များရဲ့ ရှင်သန်နိုင်စွမ်းကို လေ့လာနိုင်ခဲ့ပါတယ်။ P. sibericumဗိုင်းရပ်စ် ဟာ သာမန်ဗိုင်းရပ်စ်တွေထက် ထူးထူးခြားခြား ကြီးမားပြီး သာမန်အဏုကြည့် မှန်ပြာ့င်းနဲ့ မြင်နိုင်တဲ့ ၁.၅ μm အရွယ်အစား ဖြစ်ပါတယ်။



Thursday, March 13, 2014

Map of Myanmar

This is the very comprehensive map of Myanmar made by MIMU. It is in high resolution and shows self administrative regions and Naypudaw division. Click on image to download pdf file. 5.9MB.



Friday, March 07, 2014

ArtPics

Images from https://www.facebook.com/ArtPics.tv



images from https://www.facebook.com/ArtPics.tv


Tuesday, March 04, 2014

Sci Tech news

ဒီတစ်ပါတ်မှာတော့ စပိန်နိုင်ငံ ဘာဆီလိုနာ မြို့မှာ အရင်အပါတ်ထဲက ကျင်းပခဲ့တဲ့ Mobile World Congress မှာပွဲထုတ်ပြသခဲ့တဲ့ ကုန်စည်သစ်တွေကို ဦးစားပေး ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။
မျက်နှာနှစ်ဖက်နဲ့ YotaPhone

ရုရှနိုင်ငံ က လက်ကိုင်ဖုန်းလုပ်ငန်း Yota Devices ကထုတ်လုပ်တဲ့ YotaPhone ဆိုတာကတော့ သာမန်ဖုန်းတွေထက် ထူးခြားပါတယ်။ ဖုန်းရဲ့ နောက်ကျောဘက်မှာ ဒုတိယ screen တစ်ခုပါတဲ့အတွက် မျက်နှာ နှစ်ဘက် ပါတဲ့ ဖုန်းဖြစ်ပါတယ်။ အရှေ့မျက်နှာကတော့ အားလုံးသိတဲ့ LCD screen ဖြစ်ပြီး နောက်ကျောကတော့ e-ink လို့ခေါ်တဲ့ ebook တွေဖတ်ဖို့ တီထွင်ထားတဲ့ display (ပုံဖေါ်မျက်နှာပြင်) ဖြစ်ပါတယ်။ e-ink display ဆိုတာကတော့ စာတစ်မျက်နှာကို ပုံဖေါ်ပြီးတာနဲ့ လျှပ်စစ်ဓါတ်အား သုံးစရာ မလိုတော့ပဲ တစ်ချိန်လုံးဆက်လက် ဖတ်ရှုလို့ရနေနိုင်တဲ့အတွက် ဓါတ်အား သိပ်မကုန်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ပထမမျိုးဆက် YotaPhone ကို ဥရောပမှာ စတင် ရောင်းချခဲ့ပါတယ်။ အခုတော့ သူတို့ရဲ့ ဒုတိယ မျိုးဆက် YotaPhone ကို Mobile World Congress မှာ မိတ်ဆက် ပြသခဲ့ပါတယ်။ ပါဝင်တဲ့ ပစ္စည်းတွေကတော့ Qualcomm quad-core 800 series processor, ကြိုးမဲ့ဓါတ်အားသွင်းနိုင်မှု, NFC အရှေ့မျက်နှာပြင်မှာ 5-inch AMOLED display, နောက်ကျောမျက်နှာပြင် 4.7-inch e-ink display တွေ ဖြစ်ပါတယ်။ ၂၀၁၄ နှစ်လယ်ပိုင်းမှာ ရောင်းချမှာ ဖြစ်ပါတယ်။
Boeing ရဲ့ လုံခြုံရေးဖုန်း

ထူးထူးဆန်းဆန်းပါပဲ။ လေယာဉ်ပျံ ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်တဲ့ Boeing က လက်ကိုင်ဖုန်း တစ်မျိုး ထုတ်လုပ်လိုက်ပါတယ်။ ထုတ်လုပ်လိုက်တဲ့ ဖုန်းကလည်း လုံခြုံရေးအတွက် ထူးထူးခြားခြား self-destruct လုပ်နိုင်အောင် ထုတ်လုပ်ထားတာပါ။ ဖုန်းပြောဆိုတဲ့အခါ ပြောစကားကို encrypted (လှို့ဝှက်သင်္ကေတဖြင့် ကာကွယ်ထား) ပြုလုပ်ထားသောကြောင့် အစိုးအရာရှိတွေအတွက် လုံခြုံစိတ်ချနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းကို ခိုးယူခံရပါကလည်း ဖုန်းရဲ့စက်ပိုင်းဆိုင်ရာ ဖွင့်ဖေါက်ပြီး အချက်အလက် ရယူဖို့ ကြိုးစားပါက အလိုအလျှောက် အချက်အလက်တွေကို ဖျက်ပစ်ပြီး ဖုန်းကိုသုံးမရအောင် လုပ်ပစ်လိုက်မှာ ဖြစ်ပါတယ်။ ဒီဖုန်းကိုတော့ သာမန်သုံးစွဲသူတွေကို မရောင်းပါဘူး။ အစိုးရပိုင်း လုံခြုံရေးအတွက် အရေးကြီး ပုဂ္ဂိုလ်တွေကိုသာ ရောင်းချမှာ ဖြစ်ပါတယ်။

Samsung Gear Fit

Samsung က လက်ပတ်နာရီအဖြစ် အရင် အပါတ်က ဖေါ်ပြခဲ့တဲ့ Gear 2 အပြင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ လက်ပါတ်နာရီ နောက်တစ်မျိုး ထုတ်လုပ်လိုက်ပါသေးတယ်။ Gear Fit လို့အမည်ပေးထားတဲ့ 'ဒီလက်ပါတ်နာရီကတော့ နာရီကြည့်ဖို့ အပြင် ကျမ်းမာရေး တိုင်းတာပေးတဲ့ အာရုံခ့ကိရိယာအဖြစ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ display အနေနဲ့ ကွေးညွတ်ထားတဲ့ Super AMOLED screen ကိုသုံးထားပါတယ်။ မတ်လ ၃၁ရက်မှာ ရောင်းချမှာ ဖြစ်ပြီး စျေးနှုန်း မကြေငြာသေးပါဘူး

တိုကျို bitcoin စျေးကွက် ပြိုလဲခြင်း

bitcoin ဆိုတာကတော့ အင်တာနတ် ငွေကြေးအဖြစ် အလွယ် သတ်မှတ်နိုင်တဲ့ cryptocurrency ငွေကြေး ဖြစ်ပါတယ်။ ဆော့ဝဲတစ်မျိုးသုံးပြီး ရောင်းဝယ်ရတဲ့ (လှို့ဝှက်သင်္ကေတဖြင့် ကာကွယ်ထား)တဲ့ ငွေကြေးပိုင်ဆိုင်မှုကို နိုင်ငံတကာ အစိုးရတွေက အသိအမှတ်မပြုပါဘူး။ ဒီ bitcoin ရောင်းဝယ်မှု ပြုလုပ်သူတစ်ဦးဖြစ်တဲ့ တိုကျိုက Mark Karpeles ဟာ သူ့ရဲ့ ကုမ္ပဏီက ကိုင်တွယ်ရောင်းဝယ်ပေးနေတဲ့ $425 millionဖိုးလောက် bitcoin တွေ ပျောက်ဆုံး ဆုံးရှုံးခဲ့ရတာကြောင့် ဒေဝါလီခံလိုက်ရပါတယ်။ bitcoin တွေဟာ ဆော့ဝဲလုံခြုံရေး အားနည်းချက်ကြောင့် ဆုံးရှုံး ခဲ့ရခြင်း ဖြစ်ပါတယ်။

၂၅$တန် Firefox စမတ် ဖုန်း


Firefox browser ကို ထုတ်လုပ်တဲ့ Mozilla ကရေးဆွဲခဲ့တဲ့ မိုဘိုင်းလ် OS ကိုအသုံးပြုထားတဲ့ ပထမဆုံး လက်ကိုင်ဖုန်းကို စပိန်နိုင်ငံ ဘာစီလိုနာမှာ ကျင်းပတဲ့ မိုဘိုင်းလ် ကုန်စည်သစ် ပြပွဲမှာ ထုတ်ဖေါ်ပြသလိုက်ပါတယ်။ တရုပ်နိုင်ငံက ဖုန်းထုတ်လုပ်သူ Spreadtrumနဲ့ တွဲဖက် ထုတ်လုပ်တာ ဖြစ်ပြီး ၂၅ဒေါ်လာ နဲ့ရောင်းချမှာ ဖြစ်ပါတယ်။ ZTE ။ Huawei ။ LG တို့ကလည်း Firefox OS အသုံးပြုတဲ့ ဖုန်းတွေကို ထုတ်လုပ်ပြသခဲ့ပါတယ်။
Cygnus capsule ထွက်ခွာပြီ

နိုင်ငံတကာ အာကာသစခန်းမှာ စက်တင်ဘာ ၂၉ရက်က ချိတ်ဆက်ပြီး အာကာသယာဉ်မှုးများအတွက် ကုန်ပစ္စည်းတွေ ပို့ပေးခဲ့တဲ့ ပုဂ္ဂလိက အကာသလုပ်ငန်း Orbital Sciences ကော်ပိုရေးရှင်းရဲ့ Cygnus အာကာသယာဉ်လေးကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြန်လည်ထွက်ခွာဖို့ စက်လက်တံက ဖြုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ Cygnus capsule ထဲမှာ အာကာသစခန်းက အမှိုက်တွေ ထည့်ပေးလိုက်ပြီး လေထုထဲ အဝင်မှာ လောင်ကျွမ်းပျက်စီးသွားမှာပဲ ဖြစ်ပါတယ်။
Samsung Gear 2

Samsung ဟာ လွန်ခဲ့တဲ့ ၅လက စတင်ထုတ်လုပ်ခဲ့တဲ့ လက်ပါတ်နာရီ Galaxy Gear ရဲ့ ဒုတိယ မျိုးဆက် Gear 2 ကို ထုတ်ဖေါ်ပြသလိုက်ပါတယ်။ မော်ဒလ်နှစ်မျိုး ထုတ်လုပ်မှာ ဖြစ်ပြီး တစ်မျိုးက ကင်မရာမပါတဲ့ မော်ဒလ် ဖြစ်ပါတယ်။ Gear 2 ဟာ Samsung ဖုန်း မများစုနဲ့ တွဲဖက်နိုင်မှာ ဖြစ်ခြင်း၊ ကျန်းမာရေး တိုင်းတာပေးတဲ့ ကိရိယာများ ပါဝင်ခြင်း ၊ TV အဝေးထိန်းခလုပ်အဖြစ် သုံးနိုင်ခြင်း စတဲ့ အားသာချက်တွေ ရှိပါတယ်။ အရင် Galaxy Gear မှာလို Android မသုံးတော့ပဲ Tizen ကိုသုံးထားပါတယ်။ ပါဝင်ပစ္စည်းများကတော့ − dual-core 1GHz processor 512MB of RAM 4GB of storage − ဖြစ်ပါတယ်။ ဧပြီလမှာ ရောင်းချမှာ ဖြစ်ပြီး စျေးနှုန်း မကြေငြာသေးပါဘူး။
ကလေးများအတွက် KidiZoom SmartWatch

နည်းပညာသုံး ကစားစရာတွေလုပ်တဲ့ ကုမ္ပဏီ VTech ဟာ ကလေးတွေအတွက် စမတ်လက်ပတ်နာရီ ထုတ်လုပ်လိုက်ပါတယ်။ လက်ရှိ အပြိုင်အဆိုင် ထုတ်လုပ်နေကြတဲ့ စမတ်လက်ပတ်နာရီလို ဖုန်းနဲ့ချိတ်ဆက်ထားတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနာရီလေးက screen 1.4 လက်မ ရှိပြီး (နာရီ ကြည့်တာအပြင်) ဓါတ်ပုံရိုက်တာ ဗွီဒီယိုရိုက်တာ ဂိမ်းကစားတာတွေ လုပ်နိုင်ပါတယ်။