Wednesday, April 23, 2014

The man fighting against dictator

Today, I want to re-post my old entry about U Win Tin. It was the article about him from Irrawaddy news magazine while he was in jail. U Win Tin : The man fighting against dictator

Burmese military government is so afraid of an old man because of the fact that he always speaks the truth. U Win Tin, age 75, is in jail since 1989 until now. It was almost 16 years he spent his life in jail. 
While he was in jail, the MI took him out and showed their exhibition which was made as propaganda giving false information about 8888 mass uprising. U Win Tin, despite he was in the mercy of MI, gave 25 pages long sharp criticism on exhibition.
He was never swayed by the army authorities and prepared to fight them until the Burmese dictator fall.


Links:
My Prison Days with U Win Tin File Format: PDF/Adobe Acrobat - View as HTML
http://www.amnesty.org.uk/scotland/festival/uwintin.shtml

The following article about U Win Tin is from Irrawaddy news magazine. It seems like the page there is not permanent for that article. So, I paste it here.
Image hosted by Photobucket.com
Image hosted by Photobucket.com
Image hosted by Photobucket.com
Image hosted by Photobucket.com
Image hosted by Photobucket.com
Image hosted by Photobucket.com

Monday, April 21, 2014

U Win Tin :(

I'm so sad to know that U Win Tin passed away this morning. He is the man who always stands bravely for the truth and justice. ပြည်သူလူထုအတွက် အမှန်တရားဘက်မှာ အမြဲ ရဲရင့်ပြတ်သားတဲ့ ဦးဝင်းတင်၊ ကောင်းရာသုဂတိလားပါစေ i am so sad to know he passed away this morning. RIP


Thursday, April 17, 2014

Science and Technology news 8 to 15 April

Heartbleed လုံခြုံရေး အားနည်းချက်
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
ပြီးခဲ့တဲ့ တစ်ပတ်အတွင်း နည်းပညာလောကကို လှုတ်ခတ်သွားခဲ့တာကတော့ Heartbleed bug လို့ခေါ်တဲ့ လုံခြုံရေး အားနည်းချက်ပဲ ဖြစ်ပါတယ်။ OpenSSL software ကိုသုံးတဲ့ SSL protocol မှာ အသုံးပြုသူတွေရဲ့ passward တွေကို ဖေါက်ထွင်း ရယူသွားနိုင်တဲ့ အားနည်းချက်ကို Heartbleed bug လို့ ခေါ်တာဖြစ်ပါတယ်။ ဒီလုံခြုံရေး အားနည်းချက်ကို Codenomicon ကုမ္ပဏီ က ဧပြီ ၇ရက်နေ့က တွေ့ရှိခဲ့တာ ဖြစ်ပြီး ၂၀၁၁ ဒီဇင်ဘာ ၃၁ ရက်မှာ ဖြန့်ချီခဲ့တဲ့ OpenSSL version မှာ ပါဝင်ခဲ့တာကြောင့် နှစ်နှစ်ကျော်ကာလ ဒီလို အားနည်းချက်ဟာ အင်တာနက်မှာ ရှိနေခဲ့တာပါပဲ။ အခုတော့ OpenSSL software အားနည်းချက်ကို ပြုပြင်ပေးတဲ့ software (patch) ကို ဖြန့်ချီပေးလိုက်ပြီး ဖြစ်ပါတယ်။

××××××××××××××××××××××××××

ဓါတ်ခွဲခန်းမှာ ပျိုးထောင်ယူခဲ့တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
ခန္ဓာကိုယ်တစ်ရှူးသုတေသနတွေ လုပ်နေတဲ့ Institute for Regenerative Medicine က သုတေသန အောင်မြင်မှုတစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ မွေးရာပါ ချွတ်ယွင်းချက်ကြောင့် ယောနိအင်္ဂါပါမလာတဲ့ ကလေးများအတွက် ၎င်းတို့ခန္ဓာကိုယ်က epithelialဆဲလ်ကို အသုံးပြုပြီး ဓါတ်ခွဲခန်းမှာ ပျိုးထောင်ယူခဲ့ပြီး ခနွာကိုယ်မှာ ခွဲစိတ်တပ်ဆင်ပေးခဲ့ပါတယ်။ စမ်သပ်ကုသမှုမှာ ၁၄နှစ်ပါတ်ဝန်းကျင် အရွယ် မိန်းကလေး ၄ယောက်ကို လွန်ခဲ့တဲ့ ရှစ်နှစ်ခန့်က ပြုလုပ်ခဲ့တာဖြစ်ပြီး စောင့်ကြည့်စစ်ဆေးမှုတွေအရ ယခုအခါမှာ ကုသမှုဟာ အပြည့်အဝ အောင်မြင်မှု ရှိတယ်ဆိုတာ ကြေငြာလိုက်တာ ဖြစ်ပါတယ်။ ဒီမွေးရာပါ ချွတ်ယွင်းမှုကို MRKHရောဂါစုလို့လည်း ခေါ်ပါတယ်။

×××××××××××××××××××××××××××

Dragon capsule ကို မလွှတ်တင်ဖြစ်
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
SpaceXရဲ့ Falcon 9 rocket ကို ဒီတနင်္လာမှာ နိုင်ငံတကာ အာကာသစခန်းကို ထောက်ပံ့ရေးပစ္စည်းတွေ ပို့ပေးဖို့ လွှတ်တင်ဖို့ စီစဉ်ထားပေမယ့် ဟီလီယမ် ဓါတ်ငွေ့ ယိုစိမ့်မှုကြောင့် ရက် ရွှေ့ဆိုင်းလိုက်ပါတယ်။ ISS မှာလက်ရှိ စက်လက်တံတွေရဲ့ MDM အရံလျှပ်စစ် စနစ် ချွတ်ယွင်းမှု ရှိပေမယ့် Dragon capsule ကို စီစဉ်ထားသလို ပစ်လွှတ်သွားဖို့ ရည်ရွယ်ခဲ့ပါတယ်။ Dragon capsuleမှာ အာကာသမှာ သီးနှံ စိုက်ပျိုးနိုင်မှု စမ်းသပ်ဖို့ ဆလပ်ရွက်ပျိုးခင်းအငယ်လေး တစ်ခုကိုလည်း သယ်ဆောင်သွားမှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ဒုံးပျ ံအပိုင်းတွေ မြေပြင် ပြန် အကျမှာ ပြန်လည်အသုံးပြုနိုင်အောင် စီစဉ်ထားတဲ့ ပထမဆုံး စမ်းသပ်မှု ဖြစ်ပါတယ်။

××××××××××××××××××××××××××

ဒြပ်မှုန် အသစ်ရှာဖွေတွေ့ရှိခြင်း
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
CERNက သုတေသီတွေဟာ ဒြပ်မှုန် Z(4430)ကိုတွေ့ရှိခဲကြပါတယ်။ Z(4430)ကိုတွေ့ရှိတာဟာ "ကွက်" အမျိုးအစားသစ် tetraquark ဖြစ်တည်မှုရှိတယ် ဆိုတဲ့ သက်သေပဲဖြစ်ပါတယ်။ သီအိုရီအဖြစ်ရှိဆဲဖြစ်တဲ့ နူထရွန်ကြယ်ကို ပိုမိုနားလည်နိုင်ဖို့ tetraquark ကို ထည့်သွင်းစဉ်းစား ဖို့လိုအပ်ပြီး နောက်ထပ်လည်း color neutral အမှုန်တွေနဲ့ တုန့်ပြန်မှုရှိတဲ့ pentaquarks နဲ့ hexaquarks စတဲ့ "ကွက်"အသစ်တွေကို တွေ့ရှိနိုင်ဖို့ လမ်းစဖြစ်တယ်လို့ Universe Today ဂျာနယ်မှာ ရေးသားထားပါတယ်။

××××××××××××××××××××××××××

Thursday, April 10, 2014

Sci and Tech news of the week

ဆိုနီကုမ္ပဏီရဲ့ e-ink tablet
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−

screenအကျယ်13.3 လက်မရှိပြီး pdf ဖတ်ဖို့အပြင် ကလောင်တံသုံးပြီး ရေးသားနိုင်မယ့် e-ink display သုံး Digital Paper လို့အမည်ပေးထားတဲ့ tablet ကို စျေးနှုန်း ၁၁၀၀ ဒေါ်လာ သတ်မှတ်ထားတဲ့ အတွက် ပြိုင်ဘက် Kindle Paperwhite 3G နဲ့ယှဉ်ရင် အလွန်အမင်း စျေးများနေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ Kindle Paperwhite 3G ကတော့ screenအကျယ် ၆လက်မ သာရှိပေမယ့် စျေးနှုန်းကလည်း ဒေါ်လာ ၁၉၀ သာ ဖြစ်ပါတယ်။

____________________________________________________________________________


Rubik's Cube ကို 3.253 စက္ကန့်အတွင်း အဖြေညှိနိုင်တဲ့ စက်ရုပ်
---------------------------------------------------------------------------------

Cubestormer 3 လို့ အမည်ပေးထားတဲ့ စက်ရုပ်ကို ကစားစရာလီဂိုအပိုင်းတွေနဲ့ တည်ဆောက်ပြီး ကွန်ပြူတာအဖြစ် Samsung Galaxy S IV ကို အသုံးပြုထားပါတယ်။ ဒီစက်ရုပ်ကို တည်ဆောက်သူနှစ်ဦးကတော့ ARM အင်ဂျင်နီယာ David Gilday နဲ့ Securi-Plex ကအင်ဂျင်နီယာ Mike Dobson တို့ဖြစ်ပါတယ်။ ပုံမှန် ၃x၃ အတုံးလေးတွေစီထားတဲ့ Rubik's Cube ကို ၃.၂၅၃ စက္ကန့်နဲ့ မျက်နှာပြင်ခြောက်ဘက်ကို ညှိနိုင်ခဲ့လို့ ကမ္ဘာ့ ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။ သူတို့ နှစ်ယောက်ကတော့ နောက်ထက်ပိုမို အဆင့်မြင့်တဲ့ စက်ရုပ် နှစ်မျိုး ကိုလည်း တည်ဆောက်ခဲ့ပါသေးတယ်။ MultiCuber 3 စက်ကတော့ ၄x၄x၄ အတုံးေလးတွေ ပါတဲ့ Rubik's Cube ကိုတော့ ၁မိနစ် 18.68 စက္ကန်နဲ့ ချိန်ညှိပေးနိုင်ပြီး MultiCuber 999 စက်က ၉x၉x၉ Rubik's Cube ကို ၃၄မိနစ် ၂၅.၈၉ စက္ကန် နဲ့ ချိန်ညှိနိုင်ပါတယ်။ video https://www.youtube.com/watch?v=X0pFZG7j5cE


____________________________________________________________________________

NASA က ရုရှနှင့် လုပ်ဆောင်မှုတွေကို လျှော့ချမည်
ရုရှနိုင်ငံက ယူကရိန်းနိုင်ငံရဲ့ ခရိုင်းမီးယားဒေသကို သိမ်းပိုက်လိုက်တဲ့ နောက်မှာ အမေရိကန်က ရုရှ အစိုးရခေါင်းဆောင်အချို့ကို ပိတ်ဆို့ အရေးယူမှုတွေ လုပ်ခဲ့ပေမယ် နိုင်ငံတကာ အာကာသစခန်း နဲ့ပတ်သတ်ရင်တော့ ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားရအုံးမှာ ဖြစ်ပါတယ်။ NASA က အာကာသလွန်းပျံယာဉ် အစီအစဉ် ရပ်နားခဲ့ပြီးတဲ့နောက် ရုရှရဲ့ ဆိုယုဇ် အာကာသယာဉ်တွေကို အားကိုးနေခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လ ၂၅ရက်ကပဲ ရုရှ နှစ်ဦး အမေရိကန်တစ်ဦး ဟာ ဆိုယုဇ် အာကာသယာဉ်နဲ့ နိုင်ငံတကာ အာကာသစခန်း ကို တက်ရောက်ခဲ့ရပါတယ်။ NASA တာဝန်ရှိသူတွေကတော့ ရုရှနဲ့ ပူးပေါင်း လုပ်ဆောင်မှုတွေကို လျှော့ချသွားမယ်လို့ ပြောပေမယ့် NASA အာကာသယာဉ်အသစ်ကတော့ ၂၀၁၇မှသာ စတင်နိုင်မှာ ဖြစ်ပါတယ်။ အခြား ဖြစ်နိုင်ခြေကတော့ ပုဂ္ဂလိကပိုင် SpaceX ရဲ့ အာကာသယာဉ်နဲ့ ၂၀၁၅မှာ လူလိုက်ပါနိုင်တဲ့ ခရီးစဉ် စတင်ဖို့ပဲ ဖြစ်ပါတယ်။

____________________________________________________________________________

ပိုးမွှားတစ်မျိုးကြောင့် သတ္တဝါတွေ မျိုးသုန်းကွယ်ပျောက်ခဲ့
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−

လွန်ခဲ့တယ် နှစ်ပေါင်း ၂၅၂ သန်းအကြာက ၉၀%သော ရေနေသတ္တဝါတွေနဲ့ ၇၀%သော ကုန်းနေသတ္တဝါတွေဟာ Methanosarcina လို့ခေါ်တဲ့ ပိုးမွှားကြောင့် မျိုးသုန်းပျောက်ကွယ် ခဲ့ရတယ်လို့ သုတေသီတွေက ဆိုပါတယ်။ Massachusetts Institute of Technology က သုတေသန အရ ဒီပိုးမွှားတွေဟာ အဖြားပိုးမွှားရဲ့ မျိုးရိုးဗီဇကို ကူးပြောင်းရာကနေ မီသိန်းဓါတ်ငွေ့ အလွန်အမင်းထုတ်လွှတ်ခဲ့တဲ့အတွက် ပင်လယ်မှာ အက်ဆစ်ဓါတ်မြင့်တက်ခဲ့ပြီး လေထုထဲမှာ လေထုကိုညစ်ညမ်းစေခဲ့ပါတယ်။ ဒီပိုးမွှားဟာ ဆဲလ်တစ်ခု ဘက်တီးရီးယား ဖြစ်ပြီး ဆဲလ်ထဲမှာ နူကလီးယပ်စ် မပါဝင်တဲ့အပြင် အခြားထူးခြားတဲ့ ဆဲလ်တည်ဆောက်ပုံတွေ ရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−