Saturday, June 28, 2014

Science and Technology news 2014-06-25

2014-06-23

(Amazon ရဲ့ Fire Phone နည်းပညာ)
ဒီလ ၂၅ရက်နေ့မှာ စတင်ရောင်းချတော့မယ့် Fire Phone ကို Amazon က ၁၈ရက်နေ့က ပွဲထုတ်ပြသခဲ့ပါတယ်။ ဒီဖုန်းရဲ့ ထူးခြားချက်ကတော့ 3Dမြင်ကွင်းပါဝင်တဲ့ screen ဖြစ်ပါတယ်။ 3Dမျက်မှန်တပ်စရာမလိုပဲ 3Dမြင်ကွင်းကို မြင်နိုင်မှာ ဖြစ်ပါတယ်။ 3Dမြင်ကွင်း ရဲ့နည်းပညာကိုတော့ Dynamic Perspective လို့ခေါ်ပါတယ်။ 3D ရုပ်ရှင်မှာလို ပုံရိပ်တွေက screen ရဲ့ အရှေ့ဘက်ကို ထွက်လာတာမဟုတ်ပဲ screen ရဲ့ အတွင်းကို အနက် (depth) အဖြစ်နဲ့ မြင်ရမှာ ဖြစ်ပါတယ်။ မြင်နေရတဲ့ ပုံရိပ်ကို ကြည့်သူရဲ့ ရှု့တောင့်အလိုက် ပြောင်းလဲ ပြသသွားတာ ဖြစ်ပါတယ်။ အရှေ့မျက်နှာပြင်က အာရုံခံ ကင်မရာလေးလုံးက ကြည့်သူရဲ မျက်နှာကို အမြဲမပြတ် ရိုက်ကူးကာ ရှု့တောင့်ကို တွက်ထုတ်ပေးပြီး မြင်ကွင်းကို ပြောင်းလဲပေးပါတယ်။

Fire Phone ရဲ့နောက်ထပ် ထူးခြားချက်ကတော့ Firefly နည်းပညာဖြစ်ပါတယ်။ ဘယ်ပစ္စည်းနမူနာကိုမဆို ဓါတ်ပုံရိုက်လိုက်ရုံနဲ့ Amazon storeမှာ အလိုအလျှောက် ရှာဖွေပေးမှာ ဖြစ်ပါတယ်။ သီချင်းအသံကိုကြားရုံနဲ့လည်း online store ကနေ အဲ့ဒီ သီချင်းကို ဝယ်ယူနိုင်ဖို့ အလိုအလျှာက် ရှာပေးမှာပဲ ဖြစ်ပါတယ်။ TV ကိုလည်း ဒုတိယ screen အဖြစ်တွဲဖက် အသုံးပြုနိုင်ပါတယ်။

ဖုန်းရဲ့ operating system ကတော့ Android ကို အထူးပြုပြင်ပြောင်းလဲထားတဲ့ Fire OS ဖြစ်ပါတယ်။ appတွေကိုတော့ Amazon store ကပဲ ရယူရမှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ spec တွေကတော့ 4.7" HD LCD display, with 1280 x 720 resolution at 315 ppi.// 2.2GHz Quad-core Snapdragon 800 CPU, with Adreno 330 GPU and 2GB of RAM// (Storage:32 GB or 64 GB)// 13 MP rear-facing camera, 2.1 MP front-facing camera// 1080p HD video recording at 30 fps// Sensors: Dynamic Perspective sensor, gyroscope, accelerometer, magnetometer, barometer, proximity sensor, ambient light sensor. GPS, စသည်တို့ ဖြစ်ပါတယ်။ unlocked ဖုန်းကို ဝယ်မယ်ဆိုရင်တော့ $649 နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။


----------------------------------------
(Harley Davidson လျှပ်စစ်ဆိုင်ကယ်)
ဆိုင်ကယ်လောကရဲ့ နာမည်အကြီးဆုံး Harley Davidson ဟာ သူတို့ရဲ့ ပထမဆုံး လျှပ်စစ်ဆိုင်ကယ်ကို ပြီးခဲ့တဲ့အပတ်ထဲက ပွဲထုတ်ပြသခဲ့ပါတယ်။ အင်ဂျင်ပါဝါ မြင်းကောင်ရေအား ၇၄ ရှိပြီး အမြန်ဆုံး တစ်နာရီ၉၂မိုင်နှုံး မောင်းနိုင်ပါတယ်။ စတင်မောင်းနှင်တဲ့အခါ တစ်နာရီမိုင် ၆၀နှုံးကို ၄ စက္ကန့် အတွင်း အရှိန်တင်နိုင်တဲ့ ဆွဲအားရှိတယ်လို့ ဆိုပါတယ်။ တစ်ခါ ဓါတ်အားဖြည့်ထားရင် မိုင်၁၃၀ မောင်းနိုင်ပြီး ဓါတ်အားအပြည့် ပြန်ဖြည့်ဖို့ မိနစ် ၄၀ ကြာမြင့်ပါတယ်။ ဒီဆိုင်ကယ်အမျိုးအစားကို ကြော်ငြာအဖြစ် ခြောက်လကြာ နယ်လှည့်ပြသပြီး လူအများရဲ့ စိတ်ဝင်စားမှုကိုလေ့လာပြီးမှ ရောင်းချသင့်မသင် စဉ်းစားမှာ ဖြစ်ပါတယ်။ Harley Davidson ဆိုင်ကယ်သမား အများစုကတော့ အင်ဂျင်စက်သံတညံညံ ကြားရတာကိုနှစ်သက်ပြီး အခုလျှပ်စစ်ဆိုင်ကယ်လို မကျယ်လောင်တဲ့ လေယာဉ်သံမျိုး မြည်တာကို မကြိုက်ကြဘူးလို့ ဆိုပါတယ်။

---------------------------------------------
(အာကာသ ခရီးသွားလုပ်ငန်းအသစ်)
အာကာသ ခရီးသွားလုပ်ငန်းအတွက် စျေးနှုန်းသက်သာတဲ့ နည်းလမ်းအသစ်ကို Tucson World View Enterprises က ပြီးခဲ့တဲ့ အင်္ဂါနေ့(၂၄ရက်)က စမ်းသပ်အောင်မြင်ခဲ့ပါတယ်။ သူတို့ရဲ့နည်းလမ်းကတော့ မိုးပျံပူဖောင်းကြီး အသုံးပြုပြီး အမြင့် မိုင် ၂၀ အထိတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ သြစတြေးလျနိုင်ငံက Felix Baumgartner ဟာ ၂၀၁၂ ခုနှစ်က အမြင့် ၂၄မိုင်လောက်ထိ တက်ရောက်ပြခဲ့ဖူးပါတယ်။ အခု တည်ဆောက်နေတဲ့ ယာဉ်ကတော့ လူ၆ ဦး လိုက်ပါနိုင်ပြီး နှစ်နာရီလောက် မိုင်၂၀ အမြင့်မှာ ပျံသန်းပြမှာ ဖြစ်ပါတယ်။ ခရီးသည်တစ်ဦးအတွက် ဒေါ်လာ ၇၉၀၀၀ ကျသင့်မှာ ဖြစ်ပြီး ၂၀၁၆ခုနှစ်မှာ ခရီးစဉ်စတင်ဖို့ ရည်မှန်းထားပါတယ်။
အခုလို အာကာသရဲ့ အနီးနား ဖြစ်တဲ့ ကမ္ဘာ့ အပေါ်ဆုံး လေထုလွှာထဲကို ခရီးစဉ် ပို့ဆောင်ပေးမယ့် အစီအစဉ်ကို Virgin Galactic ကလည်း ဂျက်လေယာဉ်နဲ့ ပို့ဆောင်ပေးဖို့ ကြိုးပမ်းနေပါတယ်။ Virgin Galactic ခရီးစဉ်ကတော့ အမြင့်မိုင် ၆၂မိုင်ထိ တက်ရောက်မှာ ဖြစ်ပေမယ့် ခရီးစဉ်ဟာ မိနစ်ပိုင်းပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။ ကုန်ကျစရိတ် အနေနဲ့ကလည်း ဒေါ်လာ နှစ်သိန်း သတ်မှတ်ထားပါတယ်။

-----------------------------------------
2014-06-16

(ရှင်သန်မှုကို ခေတ္တ ရပ်တန့်နိုင်မည်လား)
အမေရိကန်နိုင်ငံ Pittsburgh မြို့ရှိ UPMC Presbyterian ဆေးရုံမှ ခွဲစိတ်ဆရာဝန် Dr. Sam Tisherman ဦးဆောင်တဲ့ အဖွဲ့ဟာ အမေရိကန်စစ်တပ် အတွက် သုတေသန တစ်ရပ်ကို ပြုလုပ်လျှက် ရှိပါတယ်။ ပြင်းထန်တဲ့ ဒါဏ်ရာကြောင့် သွေးဆုံးရှုံးမှု များတဲ့အခါ ခွဲစိတ်တဲ့ အချိန်ကို မမှီနိုင်ခဲ့ရင် ရှင်သန်မှုကို နာရီအနည်းငယ် ရပ်တန့်ပြီး ခွဲစိတ်နိုင်အောင် ဖြစ်ပါတယ်။ ပထမဆုံး သွေးကြောမကြီးကတဆင့် ခန္ဓာကိုယ်ထဲက သွေးတွေကို 10°C လောက်အေးတဲ့ ဓါတ်ဆားရည် နဲ့လဲထည့်ပေး မှာဖြစ်ပါတယ်။ သွေးမရှိရင် ဆဲလ်တွေသေသွားနိုင်ပေမယ့် အဲ့သလောက် အေးသွားတဲ့အခါမှာ ဆဲလ်တွေရဲ့ ဇီဝရုပ် ဖြစ်ပျက်မှု ရပ်တန့်သွား တဲ့အတွက် ဦးနှောက် အပါအဝင် ဆဲလ်တွေ မပျက်စီး ပဲ နာရီအနည်းငယ် ထားနိုင်မှာ ဖြစ်ပါတယ်။ ခွဲစိတ်မှုပြီးတဲ့အခါ သွေးပြန်သွင်းပေးပြီး နှလုံးနှိုးစက် အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒီHypothermia လို့ခေါ်တဲ့နည်းကို လူသားတွေမှာ စမ်းသပ်နိုင်ဖို့ကတော့ သုတေသန ပြုဆဲဖြစ်ပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−

(နာဆာရဲ့ အနာဂါတ် အာကာသယာဉ် )
NASA ရဲ့ ရူပဗေဒပညာရှင် အင်ဂျင်နီယာ ဖြစ်သူ Harold White က နာဆာမှာ နှစ်အနည်းငယ်ကြာ သုတေသနပြုခဲ့တဲ့ အာကာသယာဉ် ဒီဇိုင်းကို ထုတ်ဖေါ်ပြသလိုက်ပါတယ်။ အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီ အရဖြစ်နိုင်ခြေရှိတဲ့ loophole သဘောတရားကို အခြေခံပြီး အာကာသ−အချိန်ကို ချုံ့ယူ−ဆန့်ထုတ်နိုင်မယ့် ကွင်းပုံစံ အာကာသယာဉ်ဟာ ရာစုနှစ်နဲ့ချီပြီး သွားရမယ့်ခရီးကို တစ်ပတ်လောက်အတွင်း ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ အလင်းထက် အဆများစွာ မြန်တယ်လို့ ထင်ရပေမယ့် တကယ်ကတော့ အာကာသယာဉ်က အမြန်ပျံသန်းတာမဟုတ်ပဲ အာကာသ−အချိန်ကို ချုံ့ယူ−ဆန့်ထုတ်တဲ့နည်းနဲ့ ကျော်ဖြတ်တာ ဖြစ်ပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−

(လျှပ်စစ်ကားနည်းပညာသစ်)
ဘက်ထရီ တစ်ကြိမ် အားဖြည့်ထားတာနဲ့ ၉၉၄ မိုင် မောင်းနိုင်မယ့် နည်းပညာသစ်ကို Phinergy နဲ့ Alcoa ကုမ္ပဏီ နှစ်ခုက ပူးပေါင်းတီထွင်လိုက်ပါတယ်။ သူတို့ ထုတ်ဖေါ်ပြသလိုက်တဲ့ လျှပ်စစ်သားမှာ သုံးနေကျ ဖြစ်တဲ့ lithium-ion ဘက်ထရီအပြင် aluminum-air (ဒန်သထ္ထု နှင့် လေ)ဘက်ထရီ ကိုပါ တပ်ဆင်ထားပါတယ်။ အားကုန်သွားတဲ့အခါမှာလည်း သာမန်ရေဖြည့်ပေးရုံပဲ ဖြစ်တဲ့အတွက် လေထုညစ်ညမ်းမှု လုံးဝ မဖြစ်စေတဲ့ နည်းပညာဖြစ်ပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−

(မြေပြင်နဲ့မထိပဲသွားမည့်ကား)
တိုယိုတာ ကားကုမ္ပဏီ ရဲ့ နည်းပညာ managing officer ဖြစ်သူ Hiroyoshi Yoshiki က တိုယိုတာဟာ မြေပြင်နဲ့ မထိပဲ ရှပ်ပြေးသွားနိုင်မယ့် ကားနည်းပညာအသစ်ကို သုတေသနပြုနေတယ်လို့ ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။ 'ဒီနည်းပညာရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုခြင်းမရှိပါဘူး။
Image: Nebuchadnezza from the Matrix movie.
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−


2014-06-02

ဂူးဂဲလ် မောင်းသူမဲ့ကား
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
ဂူးဂဲလ်က စမ်းသပ် သုတေသနပြုနေတဲ့ မောင်းသူမဲ့ကား အတွက် ကားအသစ်ကို အရင်အပတ်ထဲက စမ်းသပ်ပြသခဲ့ပါတယ်။ အရင်ကတော့ စျေးကွက်ထဲက ကားတွေဖြစ်တဲ့ Toyota Prius နဲ့ Lexus လိုကားမျိုးတွေမှာ အာရုံခံကိရိယာတွေ တပ်ဆင် စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ အခု ကားပုံစံ အသစ်ကတော့ နှစ်ယောက်စီး ကားအသေးလေးဖြစ်ပြီး မောင်းနှင်တဲ့ လက်ကိုင်ဘီး၊ အရှိန်ပေး ခြေနင်းတို့ တပ်ဆင်မထားဟု သိရသည်။ စျေးကွက်ထဲမှာ ရောင်းချမယ့်ရက်ကိုတော့ ထုတ်ဖေါ်ပြေကြားခြင်းမရှိပါဘူး။
×××××××××××××××××××××××

Surface Pro 3
−−−−−−−−−−−−−−−−−−−−−−
ပြီးခဲတဲ့အပတ်ထဲက Microsoft က စိတ်ဝင်စားစရာ ပစ္စည်းသစ်တစ်ခုဖြစ်တဲ့ Surface Pro 3 ကို စတင်ပွဲထုတ် ပြသခဲ့ပါတယ်။ အရင်က ထုတ်လုပ်ခဲ့တဲ့ Surface Pro 2 မှာကတော့ Windows RT ကို သုံးထားတဲ့အတွက် လူကြိုက်နဲခဲ့ပါတယ်။ Surface Pro 3 ကတော့ Windows 8.1 သုံးထားပြီး ပရိုဆက်ဆာ အဖြစ် Intel ကို သုံးပါတယ်။ ဈေးနှုန်းကတော့ Core i3 နဲ့ဆို $799 i5နဲ့ဆို $999 i7နဲ့ဆိုရင် $1,549 လောက် ဖြစ်ပါတယ်။ Hard disk ကိုတော့ SSD အမျိုးအစား သုံးထားပြီး Keyboard ကတော့ သီးသန့် ဝယ်ယူရမှာ ဖြစ်ပြီး $130 ဈေးသတ်မှတ်ထားပါတယ်။ touch screen မှာ ရေးသားနိုင်တဲ့ digital pen ကတော့ သီးသန့်ဝယ်ဖို့မလိုကြောင်း သိရသည်။ သြဂုတ်လကုန်မှာ ဈေးကွက်သို့ ရောင်းချမှာ ဖြစ်ပါတယ်။

×××××××××××××××××××××××

Transformer Book V
−−−−−−−−−−−−−−−−−−−−−−−−−−−−−
Asus က အစ်ထုတ်လုပ်မယ့် Transformer Book V ကတော့ hardware အားဖြင့် laptop+tablet+phone ဖြစ်ပြီး software အားဖြင့် Windows+Android ဖြစ်တာကြောင့်မို့ 5 in 1 လို့တောင် ခေါ်ဆိုကြပါတယ်။ tablet ရဲ့ နောက်ကျောမှာ Android ဖုန်းကို လျှောသွင်းလိုက်ရပြီး Android tablet အဖြစ်သုံးနိုင်သလို tablet မှာပါဝင်တဲ့ Windows 8.1 ကို လည်းသုံးနိုင်ပြီး Keyboard ကို တပ်ပြီး သုံးရင်တော့ Laptop တစ်လုံး ဖြစ်ပါတယ်။ ဈေးနှုံးနဲ့ ဖြန့်ချီမယ့်ရက်ကိုတော့ မကြေငြာသေးပါဘူး။

××××××××××××××××××××××××

အင်တာနတ် အတွက် ဂြိုဟ်တု အလုံး ၁၈၀
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
O3b လိုခေါ်တဲ့ Greg Wyler ရဲ့ အင်တာနတ် ဆက်သွယ်မှု မရရှိတဲ့ နေရာတွေအတွက် အင်တာနတ် ဆက်သွယ်မှု ရရှိအောင် အနိမ့်ပိုင်း ကမ္ဘာပါတ်လမ်းကို ဂြိုဟ်တု အလုံး ၁၈၀ လွှတ်တင် ဖို့ ဆောင်ရွက်ရာမှာ ဂူးဂဲလ်က ပူးပေါင်း လုပ်ဆောင်ဖို့ သဘောတူလိုက်ပါတယ်။ O3b ဆိုတာကတော့ "other 3 billion people" ကို ဆိုလိုတာ ဖြစ်ပြီး အင်တာနတ် ဆက်သွယ်မှု မရရှိတဲ့ လူသား သန်း ၃၀၀၀ကို ရည်ညွှန်းပါတယ်။ ဂူးဂဲလ်က ဒေါ်လာ ၁၂၀၀ သန်း ထည့်ဝင်မှာ ဖြစ်ပြီး ဒီစီမံကိန်းရဲ့ စုစုပေါင်း ဒေါ်လာ သန်း ၃၀၀၀ လောက် ကုန်ကျမှာ ဖြစ်ပါတယ်။