Sunday, October 12, 2014

science and technology news Oct 1-15



(၂၀၁၄ ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆု)

၂၀၁၄ ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုကိုတော့ အပြာရောင် LED(light-emitting diode) ကို တီထွင်ခဲ့တဲ့ ဂျပန်လူမျိုး ရူပဗေဒပညာရှင် သုံးဦးက ရရှိသွားပါတယ်။ LEDမီးလုံး အနီရောင်နဲ့ အစီမ်းရောင်သာ တီထွင်ပြီးဖြစ်ကာ အပြာရောင် အလင်းရရှိမှသာ အလင်းဖြူ ထွက်ပေါ်နိုင်တာ ဖြစ်လို့ သူတို့ရဲ့ တီထွင်မှုက အရေးပါခဲ့ရတာ ဖြစ်ပါတယ်။
1962ခုနှစ်မှာ Nick Holonyak က ပထမဆုံး အနီရောင် LEDကို တီထွင်ခဲ့ပါတယ်။ နောက် ၅နှစ်အကြာမှာ George Craford က အစိမ်းရောင်LEDကို တီထွင်ခဲ့ပါတယ်။ ဒါပေမယ် အပြာရောင် LEDကိုတီထွင်နိုင်ဖို့ကတော့ နောက်ထပ် ၂၇နှစ် ကြာခဲ့ပါတယ်။ အနီနဲ့ အစီမ်း LEDတွေကို gallium arsenide phosphide နဲ့ ပြုလုပ်နိုင်ခဲ့ပေမယ့် ပိုပြီး စွမ်းအင်မြင့်တဲ့ အပြာရောင်အလင်းကို gallium arsenide phosphideနဲ့ မပြုလုပ်နိုင်ကြပါဘူး။ နောက်ဆုံးမှာ ပရော်ဖက်ဆာIsamu Akasaki ပရော်ဖက်ဆာHiroshi Amano နဲ့ ပရော်ဖက်ဆာ Shuji Nakamura တို့ရဲ့ အကြိမ်ကြိမ် ကြိုးစားမှုတွေကြောင့် gallium nitride နဲ့ပြုလုပ်တဲ့ အပြာရောင် LEDကို တီထွင်နိုင်ခဲ့ကြပါတယ်။

-----------------------

(၂၀၁၄ ဓါတုဗေဒ နိုဘယ်လ်ဆု)

မိုက်ခရိုစကုပ်တွေ ဘယ်လောက်ပဲကောင်းပါစေ ၀.၂ မိုက်ခရိုမီတာထက်သေးငယ်တဲ့ အရွယ်အစားကို သာမန်အလင်းက မဖြတ်သန်းနိုင်တာကြောင့် အဲ့ဒီထက်သေးငယ်တဲ့ အရွယ်အစားကို ပုံဖေါ်လို့ မရခဲ့ပါဘူး။ ဒါကို 1873 က Ernst Abbe ကတွက်ထုပ်ခဲ့လို့ Abbe’s limit လို့ ခေါ်ပါတယ်။ Max Planck Instituteက Stefan Hell နဲ့ Howard Hughes Medical Institute က Eric Betzig နဲ့ Stanfordက William E. Moerner တို့ရဲ့ သီးခြားစီတီထွင်မှု နှစ်မျိုးကတော့ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့အတွက် ကြည့်ရှုလိုတဲ့ ဆဲလ်နမူနာကိုယ်တိုင်က အရောင်လင်းလက် တောက်ပလာအောင် ပြုလုပ်တဲ့နည်းကို တီထွံင်ခဲ့တဲ့အတွက် ၂၀၁၄ ဓါတုဗေဒ နိုဘယ်လ်ဆု ရရှိခဲ့ကြပါတယ်။ နည်းပညာသစ်ကြောင့် သက်ရှိဆဲလ်တွေကို နာနိုအရွယ် (၁/၁,၀၀၀,၀၀၀,၀၀၀မီတာ) ထိ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။



------------
----------------------
အောက်တိုဘာ ၈ ရက်ထိ WHO မှ ထုတ်ပြန်သော သတင်းအရ
လွန်ခဲ့သော ၇ လအတွင်း နိုင်ငံပေါင်း ၇ နိုင်ငံမှာ
အီဘိုလာ ကူးစက်ခံရသူ ၈၃၉၉ ဦး အနက်မှ
သေဆုံးခဲ့သူ ၄၀၃၃ ဦး ရှိသွားပြီ ဖြစ်သည်။

နိုင်ငံအလိုက် သေဆုံးသူ အရေအတွက်မှာ---
လိုက်​ဘေးရီးယားတွင် ၂၃၁၆ဦး
Sierra Leone တွင် ၉၃၀ ဦး
ဂါနာတွင် ၇၇၈ဦး
နိုက်ဂျီးရီးယားတွင် ၈ဦး
အမေရိကန်ပြည်ထောင်စုတွင် တစ်ဦး
ကွန်ဂိုတွင် ၄၃ဦး
ရှိသွားပြီဖြစ်သည်။
သေဆုံးသူများတွင် ကျန်းမာရေး ဝန်ထမ်း ၂၃၃ ဦးပါဝင်သည်။

-------------------------


Shellshock bug လုံခြုံရေးယိုပေါက်

ပြင်သစ်နိုင်ငံက ကွန်ပြူတာ လုံခြုံရေးပညာရှင် Stéphane Chazelas က UNIX အခြေခံ ကွန်ပြူတာတွေမှာ အသုံးပြုတဲ့ Bash shell မှာ လုံခြုံရေးယိုပေါက်တစ်ခုကို တွေ့ရှိဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ လုံခြုံရေးယိုပေါက်ကို bash bug သို့အဟုတ် Shellshock bug လို့ ခေါ်ဆိုထားကြပါတယ်။ ဒီ bug ကြောင့် ထိခိုက်နိုင်တဲ့ စနစ်တွေကတော့ Linux, Apple mac, တွေအပြင် connected device လို့ခေါ်ဆိုကြတဲ့ အင်တာနတ်နဲ့ ချိတ်ဆက်ထားတဲ့ ကိရိယာတွေ အထိပါဝင်ပါတယ်။ ထိခိုက်နိုင်မှုဟာ ဒီနှစ်အစောပိုင်းက ထွကိပေါ်ခဲ့တဲ့ Heartbleed bug ထက် ဆိုးရွားနိုင်ပါတယ်။ Android ကိုတော့ ထိခိုက်မှုမရှိဘူးလို့ ဂူးဂဲလ်က ပြောဆိုပါတယ်။ hacker တွေဟာ အင်တာနတ် ဆာဗာတွေကို botnet အဖြစ်ထိမ်းချုပ်ပြီး တိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တယ်လို့ ကွန်ပြူတာ လုံခြုံရေးပညာရှင် တွေက ဆိုပါတယ်။

-----------------------------

(Dream Chaserကို အာကာသခရီးသွားလုပ်ငန်းတွင်သုံးမည်)

ပြီးခဲ့တဲ့ အပတ်ထဲက NASA ရဲ့ အကာသခရီးစဉ်တွေ အတွက် သယ်ယူပို့ဆောင်ရေး လုပ်ငန်း ကန်ထရိုက်ကို Boeing ရဲ့ CST-100 နဲ့ SpaceXရဲ့ Dragon တို့ကို အသုံးပြုရန်ရွေးချယ်လိုက်ပြီး Sierra Nevada Corpရဲ့ Dream Chaser ကတော့ အရွေးမခံရတဲ့အတွက် ဥပဒေအရ ရင်ဆိုင်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။ ယှဉ်ပြိုင်တဲ့ ကုမ္ပဏီသုံးခုထဲမှာ Sierra Nevada Corpရဲ့ Dream Chaser ကသာ မြောပြင်ပေါ် ပျံသန်းဆင်းသက်နိုင်တဲ့ လွန်းပျံယာဉ်ပုံစံဖြစ်ပါတယ်။ ကျန်နှစ်မျိုးကတော့ capsule ပုံစံတွေဖြစ်ပါတယ်။ ဒီနေ့ (အောက်တိုဘာ ၂)သတင်းအရ အာကာသခရီးသွားလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ပြင်ဆင်နေတဲ့ Stratolaunch Systems က Dream Chaser လွန်းပျံယာဉ်ငယ်ကို ဝယ်ယူဖို့ စိတ်ဝင်စားတယ်လို့ ပြောဆိုလိုက်ပါတယ်။ Stratolaunch Systemsကို ပိုင်ဆိုင်သူကတော့ Microsoft ကိုပူးတွဲတည်ထောင်သူ Paul Allen ဖြစ်ပါတယ်။ Dream Chaser လွန်းပျံယာဉ်ငယ်ဟာ ခရီးသည် ၇ဦးလိုက်ပါနိုင်ပြီး NASA ရဲ့ လွန်းပျံယာဉ်ကြီးတွေ ရဲ့ ၄ပုံတစ်ပုံ အရွယ်အစါးသာ ရှိပါတယ်။ ပျံသန်းပုံကတော့ လွန်းပျံယာဉ်ငယ်ကို ကမ္ဘာ့လေထုလွှာ အပေါ်ပိုင်းထိ လေယာဉ်ကြီးတစ်စင်းက သယ်ယူသွားပြီး လွှတ်တင်ပေးမှာ ဖြစ်တဲ့အတွက် Virgin Galactic ရဲ့ SpaceShipTwo နဲ့ ဆင်တူပါတယ်။

----------------------

(ဂူးဂဲလ်ရဲ့ modular screen)

ဂူးဂဲလ်က အစိတ်အပိုင်း တစ်မျိုးစီ စိတ်ကြိုက် တပ်ဆင်ရတဲ့ modular ဖုန်းတစ်မျိုးကို တီထွင်နေသလို screen မျက်နှာပြင်ကိုလည်း modular ပုံစံ ဆက်စပ်တပ်ဆင်နိုင်မယ့် နည်းပညာကို စတင်လိုက်ပါတယ်။ ဒါပေမယ့် ဒီတစ်ခါကတော့ ဖုန်းလို ခပ်သေးသေးလေး အတွက် မဟုတ် ပါဘူး။ တီဗွီ အကြီးကြီးတွေ စိတ်ကြိုက် တပ်ဆင်နိုင်ဘို့ ဖြစ်ပါတယ်။ ဒီပရောဂျက်ကို MIT မှ ပရော်ဖက်ဆာ Mary Lou Jepsen ကဦးဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ အနားသတ်ဘောင်တွေမပါတဲ့ screenကို အရင်တီထွင်ရမှာ ဖြစ်ပါတယ်။ လက်ရှိဈေးကွက်ထဲမှာတော့ LED pannel တွေကိုသာ စိတ်ကြိုက် screen အရွယ်အစားနဲ့ ပုံစံ ရနိုင်တယ်။

-----------------------