Thursday, July 28, 2016

Thet

ဝေးကွာခြင်းဆိုတာ ရှိနေခဲ့သတဲ့
ငါတို့ ဆုံဆည်းဖို့ ကြိုးစားတိုင်း
ဝေးကွာခြင်က လက်ဦးမှု ရယူနိုင်ခဲတယ်။
ငါတို့ ဘဝတွေမှာ အကြိမ်ကြိမ် ကြေကွဲရတယ်လေ
ဘဝပင်လယ်ရဲ့ လှိုင်းတွေထဲမှာ ကျခဲ့တဲ့ ငါတို့
စိတ်ထဲမှာ အသားမာ တက်လာပေမယ့်
နှလုံးသားက နုညံ့ဆဲပဲ
သတိရဆဲပဲ
ချစ်နေဆဲပဲ
လွမ်းဆွတ်နေဆဲပဲ
မျက်ရည်ဝဲဆဲပဲ။
(2016July22)