Saturday, September 27, 2014

Science and Technology news Sept 25

(Facebook ရဲ့ အင်တာနတ်ဒရုန်း)
ကမ္ဘာမှာ အင်တာနတ် ဆက်သွယ်မှုမရတဲ့ ဒေသတွေအတွက် Facebookက ဒရုန်း (Drone)လို့ခေါ် ဆိုကြတဲ့ မောင်းသူမဲ့ လေယာဉ်တွေအသုံးပြုပြီး WiFi ထုတ်လွှင့်ပေးဖို့ စီစဉ်နေပါတယ်။ ပုံမှန်အားဖြင့် Droneတွေဟာ လေယာဉ် အသေးလေးတွေဖြစ်ပေမယ့် Facebookရဲ့ Droneကတော့ ဘိုးရင်း ၇၄၇ လောက် အရွယ်အစား ကြီးမားပါတယ်။ ဒါပေမယ့် ပေါ့ပါးတဲ့ နေရောင်ခြည်သုံးလေယာဉ်ဖြစ်ပါတယ်။ လေထုထဲမှာ ၁၇မိုင် အမြင့်မှာနေရောင်ခြည် စွမ်းအင်သုံး ပျံသန်းမှာဖြစ်တဲ့အတွက် နှစ်ရှည်လများ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ လေယာဉ်ကိုတည်ဆောက်ပေးမယ့် ကုမ္ပဏီက Titan Aerospace ဖြစ်ပါတယ်။


------------------------
(ကမ္ဘာ့ပထမဆုံး 3D printer နဲ့တည်ဆောက်တဲ့ကား)
အမေရိကန် ရှီကာဂို မြို့မှာ ကျင်းပတဲ့ (IMTS)နိုင်ငံတကာ စက်မှုထုတ်လုပ်မှု နည်းပညာ ပြပွဲမှာ Local Motors ကားကုမ္ပဏီက ကားတစ်စီးကို ခ အသုံးပြုပြီး တည်ဆောက်ပြခဲ့ပါတယ်။ သာမန်ကားတစ်စီးမှာ အစိတ်အပိုင်း ၂၀,၀၀၀ ခန့်ထိ ပါဝင်ပေမယ့် အခုတည်ဆောက်တဲ့ကားမှာတော့ အစိတ်အပိုင်း ၄၀ပဲပါဝင်ပါတယ်။ ကားအမည်ကို Strati လို့ပေးထားပါတယ်။ ကားတည်ဆောက်တဲ့ကြာချိန်ကတော့ 3D printing ၄၄နာရီ၊ အချောကိုင်စက် ကြာချိန်နဲ့ အင်ဂျင်၊ စတီယာရင်၊ ဘီး၊ suspension ကဲ့သို့ အစိတ်အပိုင်းတပ်ဆင်ချိန် စုစုပေါင်း ၄ရက် ကြာမြင့်ပါတယ်။ လျှပ်စစ်အင်ဂျင်နဲ့ မောင်းနှင်ပြီး တစ်နာရီ မိုင်၄၀နှုံးမောင်းနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဈေးကွက်တင်ရောင်းချမှာဖြစ်ပြီး ဈေးနှုံး US$ 18,000လောက် ခန့်မှန်းထားပါတယ်။


---------------------------

(စတီဗင်ဟော့ကင်း၏ Higgs အမှုံခန့်မှန်းချက် )

Higgs boson အမှုံဟာ စွမ်းအင် 100bn gigaelectronvolts (GeV)ရှိတဲ့အခါမှာ မတည်မငြိမ်ဖြစ်ခါ ပတ်ဝန်းကျင် စက်ြာဝဠာဟာ တွင်းနက်သဖွယ် ပြိုလဲသွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေရဲ့ ဟောပြောပို့ချချက်တွေ စုစည်းထုတ်ဝေတဲ့ "Starmus" စာအုပ်ရဲ့ အမှာစာမှာ Stephen Hawkingက ရေးသားခဲ့ပါတယ်။ ဒါပေမယ့် Higgs boson အမှုံကို စွမ်းအင် 100bnGeV ရရှိဖို့အတွက် အမှုံအရှိန်ပေးစက် တည်ဆောက်မယ်ဆိုရင် ကမ္ဘာထက်တောင် ကြီးမားမှာ ဖြစ်တာကြောင့် ဒီကိစ္စ ဖြစ်နိုင်ခြေ သိပ်မရှိဘူးလို့လည်း ရေးသားထားပါတယ်။

---------------------------

(နိုင်ငံတကာအာကာသစခန်း သို့ 3D printer ပိုဆောင်)
ဒီတစ်ခေါက် နိုင်ငံတကာအာကာသစခန်း ISSကို ပို့ဆောင်မယ့် ကုန်ပစ္စည်းတွေထဲမှာ 3D printer တစ်လုံးလည်း ပါဝင်ပါတယ်။ ပလပ်စတစ်ကုန်ကြမ်းတစ်မျိုးကို အသုံးပြုပြီး ISSမှာ လိုအပ်တဲ့ အပိုပစ္စည်းတွေကို 3D printerနဲ့ ထုတ်လုပ်ပြီး အစားထိုးတပ်ဆင်နိုင်ဖို့ ဖြစ်ပါတယ်။ SpaceX ကDragon capsule ကိုFalcon 9 ဒုံးပျံနဲ့ တနင်္ဂနွေနေ့မနက်က လွှတ်တင်လိုက်ပါတယ်။ Dragon capsule ထဲမှာ နိုင်ငံတကာအာကာသစခန်းကို ပို့ဆောင်မယ့် အလေးချိန်ပေါင်၅၀၀၀စာ ကုန်ပစ္စည်းတွေ သယ်ဆောင်သွားပါတယ်။ အခြား သယ်ဆောင်သွားတဲ့ အရာတွေကတော့ ကြွက်အကောင် ၂၀။ ကြွက်ကိုဓါတ်မှန်ရိုက်ဖို့ စက်။ ယင်ကောင် အကောင် ၃၀ နဲ့ ပင်လယ်ပြင်ပေါ်က လေစီးကြောင်းကို တိုင်းတာဖို့ စက်ကိရိယာ တွေပါဝင်ပါတယ်။






Sunday, September 14, 2014

science n technology news Sept I


(Samsung Gear S )
Samsung ကတော့ ပြီးခဲ့တဲ့အပတ်ထဲက ထုတ်ထုန်သစ်တွေကို မိတ်ဆက် ပြသခဲ့ပါတယ်။ ပထမတစ်ခုကတော့ Gear S လို့ခေါ်တဲ့ smartနာရီဖြစ်ပါတယ်။ Gear S ကတော့ ဖုန်းနဲ့ချိတ်ဆက်ထားစရာမလိုပဲ 3G SIM ကဒ်ကို တိုက်ရိုက် ထည့်သုံးရမှာပါ။ ကင်မရာတော့ မပါဝင်ပါဘူး။ screen ကတော့ ကွေးညွတ်ထားတဲ့ 2-လက်မအရွယ် SuperAMOLED screen ဖြစ်ပြီး 360 x 480 resolution ရှိပါတယ်။ dual-core 1GHz ပရိုဆက်ဆာ အသုံးပြုထားပြီး RAMကတော့ 512MBရှိပြီး သိုလှောင်နိုင်မှု ပမာဏ 4GBရှိပါတယ်။ အောက်တိုဘာလမှာ ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းကို မကြေငြာသေးပါဘူး။

_______________________
(Samsungရဲ့ ပုံရိပ်ယောင်မြင်ကွင်းစစ် )
နောက်ထပ် ထူးခြားတဲ့ ပစ္စည်းကတော့ ပုံရိပ်ယောင်မြင်ကွင်းစစ် Samsung Gear VR ဖြစ်ပါတယ်။ အသစ်ထုပ်လုပ်လိုက်တဲ့ Galaxy Note 4 နဲ့ တွဲဖက် အသုံးပြုရမှာဖြစ်ပါတယ်။ အသုံးပြုပုံကတော့ ဟိုတလောက Google I/O မှာ စက္ကူဗူးလေးနဲ့ စမ်းသပ်ခဲ့ကြတဲ့ နည်းမျိုးပါပဲ။ ဦးခေါင်းမှာ ဝတ်ဆင်ရတဲ့အပိုင်းရဲ့ရှေ့မှာ Galaxy Note 4 ကိုတပ်ဆင်လိုက်ရမှာဖြစ်ပါတယ်။ အခုလို 3Dဗွီဒီယိုထဲကို ကိုယ်တိုင် ​ရောက်သွားတာကို စမ်းသပ်ကြည့်ဖို့လည်း ဗွီဒီယိုတွေ game တွေထည့်သွင်းပေးထားတယ်လို့ သိရပါတယယ်။ အောက်တိုဘာလမှာ ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းကို မကြေငြာသေးပါဘူး။
related news --- (Google Cardboard)
_______________________

(နာဆာရဲ့ အကြီးဆုံး ဒုံပျံ)
နာဆာရဲ့ အာကာသ ဒုံပျံစနစ် အသစ်ကို Space Launch System (SLS) ဟုခေါ်ဆိုထားပြီး တည်ဆောက်ဖူးသမျှ ဒုံးပျံတွေထဲမှာ အကြီးဆုံး ဖြစ်ပါတယ်။ အမြင့်ပေ ၄၀၀ရှိမယ့် ဒီဒုံးပျံဟာ ၂၀၁၈ ခုနှစ်မှာ လွှတ်တင်ဖို့ အဆင်သင့် ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီဒုံးပျံနဲ့ အာကာသယာဉ်မှူးတွေကို အင်္ဂါဂြိုဟ်လိုမျိုး ဝေးကွာတဲ့ အာကာသ ထဲအထိ ပို့ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။ ကုန်ကျစရိတ်အတွက် ဒေါ်လာ သန်း၇၀၀၀ လျာထားတယ်လို့ သိရပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
(ဂူးဂဲလ်ရဲ့ မောင်းသူမဲ့ကား အဆင်သင့်မဖြစ်သေး)
ဂူးဂဲလ်ရဲ့ မောင်းသူမဲ့ကား ဟာ အများပြည်သူသုံးစွဲဖို့ဆိုရင် အခုလို စီးနင်းသူက လိုအပ်ရင် ထိန်းချုပ်ဖို့ လက်ကိုင်၊ ဘရိတ် လိုမျိုး မပါတဲ့ အတွက် လမ်းပေါ်မှာမောင်းနှင်ဖို့ ခွင့်ပြုချက် မရသေးကြောင်း သိရပါတယ်။ အဲ့ဒီအပြင် မိုးသည်းထန်စွာရွာသွန်းနေရင် အာရုံခံကိရိယာတွေ ကောင်းမွန်စွာ အလုပ်မလုပ်နိုင်တာကြောင့် ဒီအခက်အခဲကို မကျော်လွှားနိုင်သေးဘူး လို့ သိရပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
(Tesla က တရုတ်နိုင်ငံတွင် ဓါတ်အားဖြည့်စက်များ တပ်ဆင်မည်)
Tesla လျှပ်စစ် ကား ကုမ္ပဏီဟာ တရုတ်နိုင်ငံမှာ ဓါတ်အားဖြည့်စက်များ ၄၀၀ တပ်ဆင်သွားဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒီဓါတ်အားဖြည့်စက်တွေကို မြို့ပေါင်း ၁၂၀ မှာတပ်ဆင်သွားမှာ ဖြစ်လို့ Tesla ကားဝယ်သူတွေအတွက် အဆင်ပြေနိုင်တဲ့အတွက် တရုတ်နိုင်ငံဟာ Tesla အတွက် အလားအလာကောင်းတဲ့ ဈေးကွက်ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ မြို့ကြီးတွေမှာ လေထုညစ်ညမ်းမှု ဆိုးရွားလွန်းတာကြောင့် လျှပ်စစ်ကား ကိုပိုမို အသုံးပြုလိုကြတာလည်း ဖြစ်ပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
(နာမည်ကြီးတစ်ချို့ရဲ့ iCloud ကဓါတ်ပုံများ ခိုးယူခံရ)
ဒီတစ်ပတ်ထဲ အင်တာနတ်မှာ ပျံနှံ့နေတဲ့သတင်းကတော့ နာမည်ကြီးတစ်ချို့ရဲ့ iCloud ကဓါတ်ပုံများ ခိုးယူခံရတာပဲဖြစ်ပါတယ်/။ မင်းသမီး Jennifer Lawrence, မော်ဒယ်လ် Kate Upton, နဲ့ အဆိုတော်Ariana Grande, တို့ရဲ့ ကိုယ်တိုင် iPhone နဲ့ရိုက်ထားတဲ့ ဝတ်လစ်စလစ်ပုံတွေကို hacker တစ်ဖွဲ့က iCloudစနစ်ကို ဖေါက်ထွင်း ရယူသွားပြီး 4Chan ဝဘ်ဆိုက်မှာ တင်လိုက်ပါတယ်။ ပညာရှင်တွေရဲ့ အဆိုအရ iCloud Login မှာ brute force attack လုပ်လို့ ရတဲ့အခြေအနေရှိနေခဲ့တာကြောင့် အခုလို လုံခြုံရေး ကျိုးပေါက်ခဲ့တာလို့ သိရပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−−−−



iPhone 6 Plus comes in at resolution of 1,920 x 1,080 with a pixel density of 401 ppi (pixels per inch) while the iPhone 6 has a slightly lower 1,334 x 750 resolution with 326 ppi. feature an upgraded 8 MP rear-facing camera and 2.1 MP front-facing shooter.