Sunday, September 06, 2020

ဘာမှမဆိုင်တာတွေကလည်း တစ်ကယ်တော့ ဆိုင်ပါတယ်။

Originally written on 2019 September 15 at 4:36 PM ·
ဘာမှမဆိုင်တာတွေကလည်း တစ်ကယ်တော့ ဆိုင်ပါတယ်။ တခါတရံ အချိန်တွေကို ရပ်တန့်ပစ်လိုက်ချင်တဲ့ အတွေးမျိုး ဆိုတာ မဖြစ်နိုင်ဘူးလို့ သိပေမယ့် လိပ်ပြာတစ်ကောင် အတောင်ပံခတ်လိုက်သလို မဆိုင်ဘူးထင်ရတာတွေကြောင့်လည်း လွဲနိုင်ခြေအားလုံးနဲ့ လွဲတတ်လွန်းလို့ပါ။ လူ့ဘဝကြီးက ပေးတဲ့ မျှော်လင့်ခြင်းတွေဆိုတာ ဖန်သားမဟုတ်ပေမယ့် ကျကွဲသွားတာများပါတယ်။ လွဲရမယ်ဆိုရင်တာ့ ဘာမှမဆိုင်တာတွေကလည်း တစ်ကယ်တော့ ဆိုင်ပါတယ်။