[Zawgyi-one version can be found here.]ဟိုတစ်နေ့က May 30 ရက်ဟာ ဒီပဲယင်း လုပ်ကြံမှု ၄နှစ် ပြည့်တဲ့နေ့။ ယုတ်မာကောက်ကျစ် အောက်တန်းကျတဲ့ အစီအစဉ်ကို ဗိုချုပ်စိုးဝင်းက စီစဉ်တယ်။ ထောင်သားတွေကို လေးကျင့်ပြီး NLD အဖွဲ့သားတွေကို အသေရိုက်သတ်ခိုင်းခဲ့တယ်။ ၁၀၀ နီးပါးသေဆုံးခဲ့ရတယ်။
NLD အဖွဲ့သားတွေ ဒီလို ဘာလို့ အသက် စတေးခဲ့ရသလဲ။ ပြည်သူလူထုအတွက်ပါပဲ။ ပြည်သူလူထုကို စစ်ကျွန်ဘဝက ကယ်ဆယ်ဖို့ NLD နဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ ကျောင်းသား/သူတွေ အသက် စတေးခဲ့ရတယ်။ ထောင်နှစ်ရှည်တွေ ကျခဲ့တယ်။ စစ်ကျောရေး စခန်းတွေက လူမဆန် နှိပ်စစက်မှုတွေ ခံခဲ့ရတယ်။
ကျွန်တော် ရေးကြည့်ချင်ပါတယ်။ စစ်တပ်ရဲ့ အပြစ်မဲ့သူတွေကို သတ်ခဲ့ ထောင်ချခဲ့တဲ့ အကြောင်းတွေပြန် မပြောပဲတောင် သူတို လုပ်ရပ်တွေ တွေဟာ ဒီတိုင်းပြည်အပေါ် ဘယ်လောက် ဆိုးရွားတယ်ဆိုတာ။ (ဘာလိုလဲဆိုတော့ စစ်အသိုင်းအဝိုင်းနဲ့ ပညာမဲ့ လူတန်းစားက ကျွန်တေ်တို့တွေ စစ်အစိုးရကို အကြောင်းမဲ့ ဆန့်ကျင်နေတယ် ထင်နေကြသေးလို့ပါ။)
*************************
စစ်အာဏာပိုင်တွေ အနေနဲ့ အာဏာက လုံးဝ ဆင်းမပေးချင်ဘူးဆိုရင်တောင် သူတို့ရဲ့ လက်ဝါးကြီးအုတ် စီးပွားရေးကိုတော့ လျှော့သင့်ပြီ။ Gas နဲ့ ရေနံ တွေရောင်း၊ သစ်တောတွေခုတ်ရောင်း၊ ကျောက်စိမ်းတွေ… လက်ညှိုးထိုး ရောင်းစား . . . ပြီးတော့. . . ရတဲပိုက်ဆံကို ကိုယ့်အိတ်ထဲထည့်၊ စစ်လက်နက်တွေဝယ်၊ ကျပ်ပြေးမြို့တော်ကိုဆောက်၊ လှိုင်ဂူတွေတူး၊ ပြောရရင် မဆုံးဘူး။ ရှိသမျှ မြစ်တွေ ပိတ်ပြီး ရေကာတာတွေ ဆောက်တယ်၊ နိုင်ငံရဲ့ အနာဂါတ်မှာ သဘာဝဂေဟစံနစ် ပျက်စီးမှာ အရေးမထားဘူး။ ရသမျှ ရေအားလျှပ်စစ် နိုင်ငံခြားရောင်းစားအုံးမယ်၊ ပြည်သူတွေမှာ အမှောင်ထဲမှာနေနေရတယ်။ ရသမျှ Gas နိုင်ငံခြားရောင်းစားပြီး ပြည်သူတွေမှာ အမှောင်ထဲမှာနေနေရတယ်။ နိုင်ငံမှာ မီးလင်းတဲ့နေရာဆိုလို့ ကျပ်ပြေးမြို့တော်ပဲရှိတယ်။ မီးမရှိတော့ လူတွေမှာ ကိုယ့်ဟာကို မီးစက်ပဲ အားကိုးရတယ်။ တစ်မြို့လုံး မီးစက်သံ ဆူညံညံ ကြားမှာ။ စက်ဆီနံ့တွေကြားမှာ။
စီးပွားရေးစံနစ် မပြောင်းသရွေ့ ငွေကြေးဖောင်းပွမှု ရှိနေသရွေ့ လခစားတွေအဖို့ ဘယ်လိုလခတိုးတိုး ချောင်လည်လာမှာ မဟုတ်ဘူး။ အကျိုးဆက် လာဘ်ပေးလာဘ်ယူ တွေနဲ့ ဝဲလည်နေအုံးမှာပဲ။ ပြည်သူလူထုမှာ ဆင်းရဲတွင်းနက်နေမှာပဲ။ နအဖကတော့ တိုင်းပြည်စည်းပွားရေးသည် ငါတို့ အတွက်ဆိုပြီးဆက် လုပ်နေလေရဲ့ ။ နအဖအနေနဲ့ အာဏာကို ဆက်ကိုင်ထားချင်သေးတယ် ဆိုရင်တော့ ပြည်သူလူထုကြိုက်အောင် နေပြပေါ့။ နိုင်ငံ့ ဘဏ္ဍာကိုသုံးပြီး ကြံ့ဖွတ်က လုပ်ပေးတာပါလို့ အမည်ခံပြီး လမ်းခင်းပေးတာလောက်ကတော့ ဘယ်သူမှ အရူးလုပ် မခံဘူး။
စီးပွားရေး ဒုက္ခတွေ ခံစားနေရတဲ့ ပြည်သူလူထုမှာ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းမရှိဘူး။ ပြောရရင် ပြည်သူဆေးရုံဆိုတာ ဆရာဝန်ပဲရှိပြီး ဘာ facility မှမရှိလို့ ငွေကုန်ကြေးကျ များတဲ့ ပုဂ္ဂလိကဆေးခန်းပဲ အများစု အားကိုးနေကြရတယ်။ စစ်တပ်ဆေးရုံတွေမှာတော facility အပြည့် အပျံစားဆိုပဲ။ အခုလက်ရှိ ပြည်သူလူထုရနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အများစုကလည်း UNICEF, UNDP စတဲ့ UN အဖွဲအစည်းတွေနဲ့ အခြား INGO တွေ ကလုပ်ပေးနေတာ။ (နအဖက သူတို့လုပ်သလို ဟန်ဆောင်နေတာ)။ ဒီ INGO တွေမှာ ကူညီတာတောင် အတားအဆီး အမျိုးမျိူးကြားက ခက်ခက်ခဲခဲ ကူညီကြရတယ်။
ပညာရေးစံနစ်ကလည်း လုံးဝ ယိုယွင်းနေပြီ။ အခြေခံပညာရေးမှာဆိုလည်း ဆရာ၊ဆရာမတွေ လခမလုံလောက်ရာက လေးစားထိုက်တဲ့ ဆရာ၊ဆရာမတွေမှာ တပြားမရှိတဲ့ပြဿနာ ကို ဦးစားပေး ဖြေရှင်းရတော့တယ်။ ကလေးတွေ ကိုယ့်ဆီ ကျူရှင်တက်မှ ဆိုတာမျိုး၊ လက်ဆောင်ပေးမှ အမှတ်တိုးပေးတာမျိုး၊ ဝမ်းနဲစရာ ပျက်စီးမှုတွေ ရှိလာပါတယ်။ ကျောင်းအဆောင်အဦတွေများ ဆိုလည်း စုတ်ပြတ်သတ်နေတဲ့ ကျောင်းတွေ အများကြီး။ Lab ဆိုတာတော့ ဘာမှန်းကိုမသိဘူး။ အဆင့်မြင့် ပညာရေးကတော့ စုတ်ပြတ်သတ်နေပြီ။ တက္ကသိုလ်တွေက တောထဲမှာ။ ဘာ lab facility မှမရှိ။ ကျောင်းသူ။ ကျောင်းသားတွေလည်း ပျက်စီး။ စိတ်ပျက်စရာကြီးပါပဲ။
လယ်ယာစိုက်ပျိုးရေးကိုလည်း တိုးတက်အောင် ဘာမှ မထောက်ပံ့တဲ့ အပြင် လယ်တွေသိမ်းတာမျိုး အဓမ္မ လုပ်အားပေးခိုင်းတာတွေ ကြောင့် တောင်သူတွေဟာ အရမ်းဖိနှိပ်ခံရပါတယ်။ စိုက်ပျိုးရေး ကဏ္ဍကတော့ အရမ်းကို ခေတ်နောက်ကျနေဆဲပဲ။ နာဂစ်မုန်တိုင်းခံရတဲ့ ဒေသတွေဆို အခုထိ စိုက်ပျိုးရေး လုပ်ငန်း နာလန်မထူနိုင်သေးဘူးတဲ့။
နာဂစ် တုန်းကအခြေအနေကို ဥပမာထားကြည့်ရင်တော့ စစ်အာဏာရှင်ရဲ့ ပြည်သူအပေါ်ထားတဲ့ သဘောထား က ရှင်းနေတာပဲ။ ကိုယ်တိုင် ကယ်ဆယ်ရေး မလုပ်တဲ့အပြင် နိုင်ငံတာကာက ကယ်ဆယ်ရေး တွေကို နှစ်ပါတ် ကြာတဲ့အထိ ဝင်ခွင့်မပေး။ သေသွားသူတွေရဲ့ အလောင်းတွေတောင် ဒီတိုင်း ပုတ်ပြက်ဆွေးသွားတဲ့ထိ ပြစ်ထားတယ်။ နောက်မှ ဘန်ကီမွန်းကိုယ်တိုင် ကယ်ဆယ်ရေး အတွက် လာ စီစဉ်ရတဲ့ အထိ။ အဲ့ဒီနောက် နေ့စဉ်ရက်ဆက် ရောက်လာတဲ့ နိုင်ငံတကာ အကူအညီတွေ အများစုဟာလည်း စစ်တပ်ထဲရောက် သွားတယ်။ သန်းရွှေကတော့ သူအာဏာတည်မြဲရေး plan ကို လုံးဝ အပျက်မခံ။ referendum ကို မျက်နှာပြောင်ပြောင်နဲ့ မဖြစ်ဖြစ်အောင် လုပ်တယ်။
စီးပွားရေးလုပ်သူတွေမှာကတော့ လုပ်ငန်းကြီးများ လုပ်မယ်ဆိုရင် သက်ဆိုင်ရာ စစ်ဗိုလ် ဝန်ကြီးတွေနဲ့ ဝေစားမျှစား လုပ်မှကို ရပါတယ်။ ဒါမှ မဟုတ်ရင်တော့ ဈေးထဲဆိုင်ဖွင့်တာလောက်ပဲရမယ်။ trading နဲ့ manufacturing ဆိုလို့ကတော့ အားလုံး သူတို့နဲ့ ဝေစားမျှစား မှကို ရတာပါ။ အားလုံး သိတဲ့အတိုင်း နအဖရဲ့ ဦးပိုင် economic holding ltd နဲ့ သူတိုရဲ့ tycoons တွေကတော့ နိုင်ငံ့စီးပွားရေးကို လက်ဝါးကြီး အုပ်ပြီးပါပြီ။ ဒီရက်ပိုင်းလေးမှာပဲ နိုင်ငံပိုင်စီးပွားရေး တွေကို ထူး-တေဇ max-ဇော်ဇော်၊ အေးရှားဝေါလ် - ထွန်းမြင့်နိုင်။ ကမ္ဘောဇ-အောင်ကိုဝင်း၊ စတဲ့ လူတွေက ခွဲဝေ ယူပြီးသွားပါပြီ။ ဒါနဲ့ပြောရရင် ဒီလုပ်ငန်းရှင်ကြီးတွေ အခွန် ဘယ်လောက် ပေးနေသလဲ။ အငယ်စား လုပ်ငန်း လေးတွေနဲ့ ကိုယ်ပိုင်အိမ် ဝယ်တာမျိုးကို ကျတော့ အခွန်ငွေ မတန်တဆတောင်းနေတယ်။ ဒီလို ဒီးပွားရေး စံနစ်မှာ ငွေကြေး ဖောင်းပွမှုတွေ ဘယ်လိုမှ ရပ်တန့်မှာ မဟုတ်ဘူး။
ပင်စင်စားတွေဆိုတာ ဘာမှကို မရကြရှာဘူး။ ဟိုအရင်က ပင်စင်ယူတဲ့သူဟာ အဲ့ဒီအချိန်က လခနှုံးအတိုင်း မူတည်ပြီး ရတယ်။ ဥပမာ- ၁၉၉၀ လောက်က ၃၀၀၀ လောက်ရတဲ့သူက အခု ပင်စင်လခ ၉၀၀လောက် ပဲရတယ်။ အမှန်ဆို အဲ့ဒီခေတ်က ၃၀၀၀လစာက အခုခေတ်မှာ ၆၀,၀၀၀ လောက် ရှိတယ်။ ချို့ချို့တဲ့တဲ့ အဖိုးကြီး အဖွားကြီးတွေခမျာ ဒီပိုက်ဆံလေး ၁၀၀၀ လောက်ကို တပင်တပန်း လာထုတ်ကြရရှာတယ်။ busကားဖိုး နုတ်လိုက်ရင် ဘာမှ မကျန်ဘူး။
အစိုးရ ဝန်ထမ်းအားလုံး ခြုံကြည့်ရင်တော့ လခနည်းလွန်းတာကြောင့် လဘ်စားမှုတွေ တိုးပွားနေတာပဲ။ စစ်တပ် အရာရှိတွေကတော့ တခြား အခွင့်အရေး ပေါင်းစုံရတဲ့ အပြင် လခလည်း ကောင်းပါတယ်။ ညွှန်မှုးတစ်ယောက်ရဲ့ လစာဟာ ဗိုလ်ကြီးတစ်ယောက်ရဲ့လစာနဲ့ ညီတယ်လို့ ဆိုပါတယ်။ ဒီလို မညီမျှမှုတွေ ငွေကြေး ဖောင်းပွမှုတွေနဲ့ bureaucracy ယန္တယားမှာ လာဘ်ပေး လာဘ်ယူမှုတွေနဲ့ ဒီနိုင်ငံ ဘယ်လို ရှေ့ဆက်မလဲ။
အပိုင်း ၂ ဆက်ရေးပါမယ်။
ဒီတစ်ခါ တကယ်ဆက်ရေးမှာ။
Related posts: ။ income and price
Burma and SPDC (I)
Poisoned legends started to insurrect when the doomed sky refused to shine. Dathana blog here in the quest for the key of sky. -::::....:::::- (ငြိမ်းချမ်းရာ) "Nyein Chan Yar" means Sanctuary or Place of Serenity.
Wednesday, June 02, 2010
Against the Army (I)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.