ဖြေစရာ ရှိတဲ့ စာမေးပွဲတွေ အားလုံးပြီးသွားလို့ စိတ်ချမ်းသာ မလို့ရှိသေးတယ်၊ အိမ်ကို လူတစ်ယောက်ရောက်လာတယ်။ ယဉ်ထိန်းရဲရုံးကတဲ့။ ကျွန်တော်က ယဉ်တိုက်မှု ရှိတယ်တဲ့။ ဘယ့်နှယ်ဗျာ။ ဘယ်ကဘယ်သူ့ကိုမှ ကျွန်တော် ကားနဲ့ ဝင်မတိုက်ဖူးပါဘူး။ အဲဒါနဲ့ တိုင်တဲ့လူကို တွေ့မယ် ချိန်းလိုက်လို့ပြောလိုက်ရတယ်။
စိတ်ကတော့တော်တော်ညစ်သွားတယ်။ အသဲအသန် စဉ်းစားပေါ့ သူပြောတဲ့ အချိန် ငါဘယ်သွားမိပါလိမ့်ပေါ့။ စဥ်းစားကြည့်မှ သတိရတယ်။ အဲ့ဒီနေ့က တော်တော်ပင်ပန်း အဆင်မပြေတာ များတဲ့နေ့ပေါ့။ လမ်းအသေးတစ်ခုကနေ လမ်းကြီးပေါ် တက်ဖို့ ရပ်ပြီး ညာဖက်ကို ကြည့်ပြီး ကားအရှင်းကိုစောင့်နေလိုက်တယ်။ ကားရှင်းတော့ စထွက်လိုက်တယ်။ ထွက်ထွက်ချင်း ဘယ်ဖက်မှာ ရိပ်ခနဲ မြင်မိလို့ ချက်ချင်း ဘရိတ်အုတ်လိုက်တယ်။ ကြည့်လိုက်တော့ ကားရဲ့ ဘယ်ဖက်ဘေးမှာ မိန်းမတစ်ယောက် ဘောနက်ပေါ် လက်ထေါက်ပြီးနေရော။ သြော်... ဆောရီးဆောရီး လို့ လက်ပြတောင်းပန်လိုက်တယ်။ ဒါပေမယ့် အဲ့ဒီ မိန်းမက မကြေနပ်ပုံနဲ့ ကြည့်ပြီး ဆက်ထွက်သွားတယ်။ (သူ့လက်ကလည်း phone ပြောတောင် မပျက်ဘူး။) ဒါလေးပဲ။ ဘာမှလည်း ဖြစ်တာမဟုတ်ဘူး။ နောက်ရက်ကျ ကျွန်တော်ကားနဲ့ သူ့ကို တိုက်သွားပါတယ် ခြေထေါက်တွေ ညိုမဲသွားပါတယ် ဘာညာနဲ့ တိုင်ချက်ဖွင့်တယ်တဲ့။ (နောက်ဆုံးတော့ လျှော်ကြေး ငါးသောင်း တောင်းပါတယ်။)
အံ့သြတယ်။ စိတ်ပျက်တယ်။ ဘာလို့ ဘာမဟုတ်တာကို ပုံကြီးချဲ့ လျှော်ကြေး တောင်းချင်ရတာလဲ။ အဲ့သလောက် စိတ်ဓာတ် အောက်တန်းကျရတာလဲ။ အဲ့သလိုလူတွေ... စိတ်ကုန်လွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ဘူး။ သူ့ခြေသလုံးကို လှန်ပြသေးတယ်။ သူ့ chinese ခြေသလုံးက ဖြူနေတာပဲ။ ဘာဒါဏ်ရာမှ မတွေ့ဘူ။ ဘာမှ မငြင်းလိုက်တော့ပါဘူး ပြသနာ မရှည်ချင်တော့လို့။ အဲ့ဒီမိန်းမက ပြောသေးတယ်။ ကျွန်တော်က ကားပေါ်က ဆင်းပြီး မတောင်းပန်လို့တဲ။ ဘာမှမဖြစ်တာသိနေတာကြီးပဲ။ ကားပေါ်ကလှမ်းတောင်းပန်ပြီးပြီပဲ။ ကားကဖြင့် ရွေ့သွားတာ တစ်ပေမပြည့်သေးဘူး။ ဘာဖြစ်စရာရှိရမှာလဲ။ ကိုယ်ကိုယ်တိုင်ဆိုလည်း လမ်းလျှောက်ရင်လည်း သေချာမရှောင်မိရင် ကားက ပွတ်သွားတာမျိုးတွေ ကြုံခဲ့ ဖူးပါတယ်။ ဆင်းမတောင်းပန်ရကောင်းလားလို့ မတွေးခဲ့ဘူး။ အခု အဲ့ဒီမိန်းမကတော့ အခုလို ဒုက္ခပေးလိုက်ရ လျှော်ကြေး တောင်းလိုက်ရတာကို လိပ်ပြာလုံသလား မသိပါဘူး။ လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးတာပဲလေ။
ကိုယ်ကိုယ်တိုင်က တော့ ကားမောင်းရင် ဘယ်တော့မဆို လမ်းလျှောက်တဲ့သူတွေကို ဂရုစိုက်ခဲ့တယ်။ မျဉ်းကြားမှာဆိုလည်း အမြဲ လူကူးနေရင် အရှိန်လျှောတယ် ရပ်ပေးတယ်။ ရန်ကုန်မှာ ကားတွေ မျဉ်းကြားမှာ ရပ်ပေးတယ်ဆိုတာ ရှားပါတယ်။ ဒီလို အမြဲ ဂရုစိုက် ခဲ့ပေမယ့်လည်း ဒီလို အစွတ်စွဲခံ လိုက်ရတာတော့ ရင်နာမိတယ်။ ရဲကလည်း အားတက်သရောပဲ။ သူလည်း အမှုရမှ ငွေရတာကိုး။ သူကလည်း ငါးသောင်းလောက်တောင်းတယ်။ ရဲအကြေားင်းတော့ အထူးအဆန်း မဟုတ်လို့ မပြောတော့ဘူ။
စိတ်ဓာတ်နိမ့်ကျတဲ့ လူတွေနဲ့ ကြုံရတာ ကံဆိုးလို့ လို့ပဲ သဘောထားပါတယ်။ တကယ်ကို ကံဆိုးနေတယ်။ ဒီနေ့ဆို လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရင်း ခုံကြိုးကျတယ်။ လက်ထဲကိုင်ထားတဲ့ camera တောင်နဲနဲ ပိန့်သွားတယ်။ (PS: အက်နေတဲ့ခုံကိုသုံးတဲ့ ဆိုင်ရှင်ကိုလည်း ဘာမှ မကြေမနပ် မပြောခဲ့ပါဘူး။ နာသွားတဲ့ခါးအတွက်၊ ပိန့်သွားတဲ့ camera အတွက် လျှော်ကြေးမတောင်းပါဘူး။ မတော်တဆ ဖြစ်တာပဲ။) (အခုမှသတိရလို့ ထည့်ရေးလိုက်တာ။)
No comments:
Post a Comment
Note: Only a member of this blog may post a comment.