Saturday, September 27, 2014

Science and Technology news Sept 25

(Facebook ရဲ့ အင်တာနတ်ဒရုန်း)
ကမ္ဘာမှာ အင်တာနတ် ဆက်သွယ်မှုမရတဲ့ ဒေသတွေအတွက် Facebookက ဒရုန်း (Drone)လို့ခေါ် ဆိုကြတဲ့ မောင်းသူမဲ့ လေယာဉ်တွေအသုံးပြုပြီး WiFi ထုတ်လွှင့်ပေးဖို့ စီစဉ်နေပါတယ်။ ပုံမှန်အားဖြင့် Droneတွေဟာ လေယာဉ် အသေးလေးတွေဖြစ်ပေမယ့် Facebookရဲ့ Droneကတော့ ဘိုးရင်း ၇၄၇ လောက် အရွယ်အစား ကြီးမားပါတယ်။ ဒါပေမယ့် ပေါ့ပါးတဲ့ နေရောင်ခြည်သုံးလေယာဉ်ဖြစ်ပါတယ်။ လေထုထဲမှာ ၁၇မိုင် အမြင့်မှာနေရောင်ခြည် စွမ်းအင်သုံး ပျံသန်းမှာဖြစ်တဲ့အတွက် နှစ်ရှည်လများ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ လေယာဉ်ကိုတည်ဆောက်ပေးမယ့် ကုမ္ပဏီက Titan Aerospace ဖြစ်ပါတယ်။


------------------------
(ကမ္ဘာ့ပထမဆုံး 3D printer နဲ့တည်ဆောက်တဲ့ကား)
အမေရိကန် ရှီကာဂို မြို့မှာ ကျင်းပတဲ့ (IMTS)နိုင်ငံတကာ စက်မှုထုတ်လုပ်မှု နည်းပညာ ပြပွဲမှာ Local Motors ကားကုမ္ပဏီက ကားတစ်စီးကို ခ အသုံးပြုပြီး တည်ဆောက်ပြခဲ့ပါတယ်။ သာမန်ကားတစ်စီးမှာ အစိတ်အပိုင်း ၂၀,၀၀၀ ခန့်ထိ ပါဝင်ပေမယ့် အခုတည်ဆောက်တဲ့ကားမှာတော့ အစိတ်အပိုင်း ၄၀ပဲပါဝင်ပါတယ်။ ကားအမည်ကို Strati လို့ပေးထားပါတယ်။ ကားတည်ဆောက်တဲ့ကြာချိန်ကတော့ 3D printing ၄၄နာရီ၊ အချောကိုင်စက် ကြာချိန်နဲ့ အင်ဂျင်၊ စတီယာရင်၊ ဘီး၊ suspension ကဲ့သို့ အစိတ်အပိုင်းတပ်ဆင်ချိန် စုစုပေါင်း ၄ရက် ကြာမြင့်ပါတယ်။ လျှပ်စစ်အင်ဂျင်နဲ့ မောင်းနှင်ပြီး တစ်နာရီ မိုင်၄၀နှုံးမောင်းနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဈေးကွက်တင်ရောင်းချမှာဖြစ်ပြီး ဈေးနှုံး US$ 18,000လောက် ခန့်မှန်းထားပါတယ်။


---------------------------

(စတီဗင်ဟော့ကင်း၏ Higgs အမှုံခန့်မှန်းချက် )

Higgs boson အမှုံဟာ စွမ်းအင် 100bn gigaelectronvolts (GeV)ရှိတဲ့အခါမှာ မတည်မငြိမ်ဖြစ်ခါ ပတ်ဝန်းကျင် စက်ြာဝဠာဟာ တွင်းနက်သဖွယ် ပြိုလဲသွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေရဲ့ ဟောပြောပို့ချချက်တွေ စုစည်းထုတ်ဝေတဲ့ "Starmus" စာအုပ်ရဲ့ အမှာစာမှာ Stephen Hawkingက ရေးသားခဲ့ပါတယ်။ ဒါပေမယ့် Higgs boson အမှုံကို စွမ်းအင် 100bnGeV ရရှိဖို့အတွက် အမှုံအရှိန်ပေးစက် တည်ဆောက်မယ်ဆိုရင် ကမ္ဘာထက်တောင် ကြီးမားမှာ ဖြစ်တာကြောင့် ဒီကိစ္စ ဖြစ်နိုင်ခြေ သိပ်မရှိဘူးလို့လည်း ရေးသားထားပါတယ်။

---------------------------

(နိုင်ငံတကာအာကာသစခန်း သို့ 3D printer ပိုဆောင်)
ဒီတစ်ခေါက် နိုင်ငံတကာအာကာသစခန်း ISSကို ပို့ဆောင်မယ့် ကုန်ပစ္စည်းတွေထဲမှာ 3D printer တစ်လုံးလည်း ပါဝင်ပါတယ်။ ပလပ်စတစ်ကုန်ကြမ်းတစ်မျိုးကို အသုံးပြုပြီး ISSမှာ လိုအပ်တဲ့ အပိုပစ္စည်းတွေကို 3D printerနဲ့ ထုတ်လုပ်ပြီး အစားထိုးတပ်ဆင်နိုင်ဖို့ ဖြစ်ပါတယ်။ SpaceX ကDragon capsule ကိုFalcon 9 ဒုံးပျံနဲ့ တနင်္ဂနွေနေ့မနက်က လွှတ်တင်လိုက်ပါတယ်။ Dragon capsule ထဲမှာ နိုင်ငံတကာအာကာသစခန်းကို ပို့ဆောင်မယ့် အလေးချိန်ပေါင်၅၀၀၀စာ ကုန်ပစ္စည်းတွေ သယ်ဆောင်သွားပါတယ်။ အခြား သယ်ဆောင်သွားတဲ့ အရာတွေကတော့ ကြွက်အကောင် ၂၀။ ကြွက်ကိုဓါတ်မှန်ရိုက်ဖို့ စက်။ ယင်ကောင် အကောင် ၃၀ နဲ့ ပင်လယ်ပြင်ပေါ်က လေစီးကြောင်းကို တိုင်းတာဖို့ စက်ကိရိယာ တွေပါဝင်ပါတယ်။






No comments:

Post a Comment

Note: Only a member of this blog may post a comment.