တေလေတစ်ယောက်လို
လျှောက်သွားမနေချင်တော့
သိတဲ့ အတိုင်းပဲ
ငါတစ်ယောက်ထဲ
လမ်းတွေအများကြီး လျှောက်ခဲ့တယ်
ညည့်နက်နက်လမ်းတွေ
ခြောက်သွေ့လွန်းလို့
ရေဆာအားပြတ်လွန်းလှပြီ
ဟိုးအဝေးတစ်နေရာမှာ
မဖြစ်နိုင်ခြင်း^∞ တွေ ဆိုတဲ့
အတွေး တွေနဲ့ ပိတ်လှောင်
မွန်းကျပ်တဲ့ အိပ်မက်တွေ
ခြောက်လှန့်တဲ့ အိပ်မက်တွေ
ဂယောက်ဂယက် သွေးပျက်တဲ့ အိပ်မက်တွေ
ခြောက်လှန့်မှုတွေက
ငါ့ကို ပေါက်ကွဲစေတယ်။
ဒီတခုတော့သေချာတယ်
ဒါနောက်ဆုံးပဲ
ငါတို့နုတ်ဆက်ကြရအောင်။
အခုတော့ ငါ ကျောက်ဆစ်ရုပ်တစ်ခုလိုပါပဲ
နုတ်ဆက်စကား တွေနဲ့
နောက်ဆုံးဒီနေရာမှာ အေးခဲနေဆဲ
အသက် ရှင်သန်ခြင်းကပဲ အပြစ်တစ်ခုလိုမို့
လွတ်မြောက်ဖို့ အတွေးတွေက ဖရိုဖရဲ
နေမကောင်းဘူး
စုစည်းလို့မရဘူး
နေမကောင်းဘူး
အသက်ရှုလို့ မရတော့ဘူး
သေချာတယ်
နုတ်ဆက်တယ်
စိတ်ထဲက နုတ်ဆက်တယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.