မပန်က တစ်နေ့စာ အကြိုက်များ ဆိုပြီး tagလာတော့ ကိုယ်တစ်နေ့တာမှာ ကြိုက်တာ ဘာများရှိလဲ စဉ်းစားရတာယ်။ စဉ်းစားလိုက်တော့ ကြိုက်တာ မတွေ့ပဲ မကြိုက်တာတွေပဲ စိတ်ထဲမှာ ပေါ်လာတယ်။ ဘာပဲဖြစ်ဖြစ် မရှိ ရှိတဲ့ အကြိုက်လေးတွေ ဖြစ်ညှစ် ထုတ်ကြည့်ရမှာပဲ။ ကိုယ့်မှာက အလုပ်ထွက်ထားပြီးမှ ပြည်တွင်းမှာပဲ အလုပ်သစ် ရှာရမလို sg ထွက်ပြီး အလုပ်ရှာရမလို ယောင်ခြောက်ဆယ် နေ့ရက်တွေမှာ ဘယ်လိုမှ အစီအစဉ်မကျတော့ အစဉ်လိုက် ချရေးဖို့လည်း ခက်တယ်။ ပုံမှန်ဆိုတာမှ မရှိတာ။ အိမ်မှာ ရှိရင်ရှိ ဒါမှမဟုတ် အိမ်ကကိစ္စ၊ ဟိုကိစ္စ၊ ဒီကိစ္စလေးတွေရှိမှ၊ သူငယ်ချင်းတွေနဲ့ ချိန်းထားမှ အပြင်သွားတာ မို့ ပုံမှန် အချိန်ဇယားနဲ့ အကြိုက်စဉ်လို့မရဘူး။ အပြင်သွားရတာလည်း နေပူလို့ မကြိုက်ပါဘူး။ ရည်းစားနဲ့ချိန်းထားတာ ဆိုရင်တော့ ကြိုက်မိမှာပေမယ့် အဲဒီလို chance ကမရှိပြန်ဘူး။ :( ဟား။။ သတိရပြီ။ ကြိုက်တာ တစ်ခုရှိတယ်၊ လမ်းပေါ်မှာ ကောင်မလေး ချောချောလေးတွေကို ငေးကြည့်ရတာ ကြိုက်တယ်။ ဘယ်တတ်နိုင်မလဲ။ သူငယ်ချင်းတွေ တဖြုတ်ဖြုတ်နဲ့ မိန်းမယူကုန်ကြပြီ။ ကိုယ့်မှာက ငေးရတဲ့ ဘဝက မကျွတ်သေးဘူးကိုး။ တကယ်တော့လဲ ကြည့်သာကြည့်ရတယ် မနီးစပ်တဲ့ မျဉ်းပြိုင်ဘဝတွေ ပါလားရယ်လို့ ခံစားရတာကျတော့လည်း မကြိုက်ပြန်ဘူး။
နောက်တစ်ခုက ကိုယ်က အကောင်ဘလောင်လေးတွေ ချစ်တတ်တော့ ငါးလေးတွေ မွေးထားတာ ရှိတယ်။ တကယ်က ကြောင်မွေးချင်ပေမယ့် အိမ်ကလူတွေ လက်မခံလို့ ငါးပဲမွေးရတာ။ အဲဒီငါးလေးတွေကို ကြည့်နေရတာ ကြိုက်တယ်။ သူတို့ကို အစာကျွေး ရေလဲပေး စသည်ဖြင့် လုပ်ရတာ ကြိုက်ပါတယ်။ ဟိုးအရင်ကတော့ ငါးကို ကန်ထဲထည့်မွေးတာ ငါးတွေကို ကျဉ်းကျပ်စေမလားလို့ တွေးတယ်။ သိပ်မကြိုက်ခဲ့ဘူး။ တစ်ခါမှာ joke တစ်ခုမှာ ရေးထားတာကို သဘောကျသွားတာ။ ကန်ထဲက ငါးနှစ်ကောင် စကားပြောနေတယ်၊ ပထမငါးကပြာတယ် - "ငါGodကို မြင်ဖူးတယ်"တဲ့။ "ဟုတ်လို့လားကွာ"လို့ပြောတော့- "မင်းကလည်း မသိဘူးလား။ နေ့လိုင်း ငါတို့ကို အစာလာလာကျွေးနေတာ God ပေါ့" တဲ့လေ။ :) အဲ့ဒီ jokeလေးလိုဆိုရင် ရေကန်ထဲမှာ ငါးတွေ သူ့ အတွေးနဲ့သူ ပျော်ရင်ပျော်နေမှာပေါ့။ finding nemo ထဲကလိုတော့ ဒီကငါးတွေက intelligent ဖြစ်တာမှ မဟုတ်တာကိုး။
နောက် အပင်တွေ။ အပင်တွေ စိုက်ထားတာတွေ ကြုံသလို ရေလောင်း ဘာညာ လုပ်ရသေးတယ်။ gardening ကိုကြိုက်တယ်။ တခါတခါ ငါ့နှယ် တောမှာ ခြံစိုက်စားတာပဲ ကောင်းမလားတောင် စဉ်းစားမိတယ်။ :) ဒါလည်း စိတ်ပျက်စရာကောင်းတာက ပိုးကျတာပဲ။ ပိုးကျရင်တော့ စိတ်ပျက်လို့ ပိုးကျတဲ့ ကိုင်းတွေ ညှပ်ပြစ်။ အဲ့ဒါပဲ တတ်တယ်။
ဒီလိုပါပဲ။ ယောင်တောင်ယောင်တောင်နဲ့ ညနေရောက်သွားရော။ ညစာပြီးရင်တော့ အိမ်သားတွေ ကြည့်တဲ့ ကိုရီးယားကား ကြိုက်တာရှိရင် ကြည့်တယ်။ ဒီရက်ပိုင်း mrtv4 ကလာတဲ့ ကားကိုတော့ ကြိုက်ပါတယ်။ ပြီးရင် အိမ်နားက သူငယ်ချင်းနဲ့ လက်ဘက်ရည်ဆိုင်သွားတယ်။ ကော်ဖီသောက်ရတာကြိုက်တယ်။ ဒီရက်ပိုင်းတော့ ပူလို့ sparkling ပြောင်းသောက်တယ်။ ကြုံရတဲ့ အဖြစ်ကို ပြောရအုံးမယ်။ sparkling ဆိုရင် ကျွန်တော်က ဟိုးအရင်ကတည်းက ရှိတဲ့ အစိုးရစက်ရုံထုတ် sparkling ကိုကြိုက်တာ။ အဲ့ဒါက တံဆိပ်က သံပရိုသီး ပုံလေးနဲ့ lemon လို့ရေးထားတာ။ ဆိုင်က ချာတိတ်လေးတွေက မှာလိုက်ရင် max ပဲယူယူလာတယ်။ အဲ့တော့ သေချာ ရှင်းပြပီး မှာရတယ်။ sparkling တစ်လုံး max မဟုတ်ဘူးနော် lemon တံဆိပ်နဲ့ဟာလို့။ ဟုတ်ကဲ့ သိပြီသိပြီ ဆိုပြီး ယူလာတာ လိမ္မော်ရည်ပုလင်း။ သူငယ်ချင်းက ပြော်တယ်။ ဒီကလေးက အင်္ဂလိပ်လိုမှ မသိတာ၊ သူတို့နားလည်အောင် သံပရာသီး တံဆိပ်လို့ပြောတဲ့။ ဒါနဲ့ နောက်ရက်ကျတော့ သေချာ ရှင်းပြတယ်။ သံပရာသီး တံဆိပ်နဲ့ sparkling ပုလင်းလို့။ ချာတိတ်ကလည်း ဟုတ်ကဲ့ သိပြီသိပြီတဲ့။ ယူလာပါတယ်။ max sparkling တစ်ပုလင်းနဲ့ သံပရာသီး တစ်စိတ်။ ကျွန်တော့်မှာ ရီလိုက်ရတာ။ အေးကွာ ကောင်းတယ် ကောင်းတယ်လို့ sparkling ကို သံပရာသီး ညှစ်ပြီးသောက်လိုက်တယ်။ သောက်လို့ကောင်းလို့ ကြိုက်ပါတယ်။
ပြီးရင်တော့ internet ပေါ့။ ဟိုးအရင်ကလို site တကာ သိိပ်လျှောက် မသွားဖြစ်တော့ဘူး။ google reader နဲ့ပဲ တfeed ပြီး တfeed လိုက်ဖတ်ရတာ ပိုမြန်လို့ google readerကို ကြိုက်တယ်။ full feed မပေးတဲ့ မြန်မာ blog တစ်ချို့ကိုတော့ အရမ်း စိတ်ပျက်ရတယ်။ ကျွန်တော် ဖတ်နေကျထဲက ကြော်ငြာနဲ့ ရပ်တည်နေတဲ့ နာမည်ကြီး tech blog တွေတောင် full feed ပေးနေကြတာပဲ။ နောက် facebook ကိုတော့ online blogger friend တွေနဲ့ရော အဝေးရောက် သူငယ်ချင်းတွေနဲ့ပါ ဘယ်လောက်ဝေးဝေး နီးခွင့်ရလို့ ကြိုက်တယ်ဗျား။။။ တစ်ကယ်တော့ သုံးမယ့်သာ သုံးရတယ်၊ ကော်နက်ရှင် နှေးလွန်းလို့ တော်တော် စိတ်ပျက်ရပါတယ်။ ဒါကိုတော့ ညည်းရလွန်းလို့ ညည်းချင်စိတ်တောင် မရှိတော့ဘူး။ ခက်တာက သူတို့ကို DDos attack ရှိနေလို့ပါလို့ အကြောင်းပြတယ်။ အစကတော့ သူတို့ကို မယုံဘူး။ ဟိုတစ်နေ့ကမှ blink hacker group ရဲ့ blog မှာ သူတို့ တိုက်ပါတယ်လို့ ရေးထားတာတွေ့တယ်။ သူတို့ စစ်အစိုးရ siteတွေ တိုက်တာတော့ အားပေးပါရဲ့။ ISP ရဲ့ gatewayကို တိုက်တာတော့ သုံးစွဲသူ ပြည်သူတွေပဲ ထိခိုက်တာပဲ။ အစိုးရပိုင်းရဲ့ ကျပ်ပြေးကရုံးတွေကတော့ လိုင်းသပ်သပ်မို့ မထိဘူးဆိုလားပဲ။ ခုတ်ရာတခြားရှရာတစ်ခြားပဲ။ စိတ်ပျက်တယ်။
ဒါပါပဲဗျာ။ မပန်က မရေးရင် သူယုတ်မာဘာညာ ခြိမ်းခြောက်လို့ အပျင်းထူတဲ့ ကြားကရေးလိုက်တယ်။ post အသစ်မတင်ဖြစ်တာ ကြာပြီ။ ရေးလက်စ ပြီးအောင်ဆက်မရေးတာ နှစ်ခုလောက်ရှိပြီ။ ပြီးအောင်ဆက်ရေးပြီး ဒီရက်ပိုင်း တင်ပါအုံးမယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.