Friday, January 15, 2010

solar eclipse

solar eclipse: yangon 3:20 pm
solar eclipse: yangon 3:20 pm 2010 Jan 15
solar eclipse: yangon 3:10 pm
solar eclipse: yangon 3:10 pm 2010 Jan 15

Thursday, January 14, 2010

income and price


Blogger+blogspot ဒီမှာ ပြန်ပွင့်သွားတော့ အဟုတ်မှတ်လို့ blogspotမှာ ပြန်လာရေးရမလား wordpress blog မှာ ဆက်ရေးရမလား စဉ်းစားနေတာ။ အခုတော့ ပြန်ပိတ်သွားပြီ။
မရေးဖြစ်တာလည်း ကြာသွားပြီ။ post အသစ်ဆို နှစ်ခုသုံးခု ရေးထားတာ မတင်ဖြစ်ဘူး။ ဆိုးတာက connection ကောင်းကောင်း မရှိတာပဲ။ internet café တွေကလည်း တစ်မြို့လုံး ကွမ်းယာဆိုင်ထက်တောင် ပေါသေးတယ်၊ ဘယ်ဆိုင်မှ မကောင်းဘူး။ computer နှစ်လုံး သုံးလုံး သုံးရတဲ့ bandwidth ကို အလုံး ၃၀ လောက်တပ်ထားကြတယ်။ quality ကိုမရှိဘူး။ ကိုယ်ပိုင်ဝယ်ထားရအောင်ကလည်း wimax က စတပ်ရင် $1500 လစဉ်ကြေး ၄၅$။ ဒီနိုင်ငံကလူတွေ ဘယ်လောက်များ ချမ်းသာနေကြလို့လဲ။ $1500 = ၁၅ သိန်း။ သာမန် အစိုးရဝန်ထမ်းတစ်ယောက် လစာ သုံးသောင်းလောက် ($30) ကနေ အသင့်အတင့် companyဝန်ထမ်း တစ်သိန်းခွဲ ($150) လောက်ရကြတာ။ wimax ဆို ရွှေမန်းရဲ့ သားက ပိုင်တယ်ဆိုလားပါပဲ။ တစ်နိုင်ငံလုံးရဲ့ စီးပွားရေးကို သူတို့ပဲ ခွဲဝေယူလို့ အားမရသေးဘူး အမြတ်ကြီးစား ဂုတ်သွေးစုတ်တာ လွန်တယ်။ mobile phone ဆိုရင်လည်း ၁ရသိန်းလောက် ပေးရတယ်။ ကမ္ဘာမှာ ထူးဆန်းထွေလာစျေးတွေချည်းပဲ။ လူတွေ ၁၅သိန်း မတတ်နိုင်တာကို သိတော့ တေဇက တစ်ခါသုံး sim card ဆိုပြီးရောင်းတယ် $20တန် ကို ချွေချွေတာတာ ပြောရင်တောင် နှစ်ပတ်လောက်ပဲပြောရတယ်။ incoming ပါ ပိုက်ဆံယူတာလေ၊ ထပ်ဖြည့် (top up) လို့မရဘူး။ မိုက်ရိုင်းတယ်။ တေဇဆိုတဲ့ အကောင်ကတော့ တစ်နိုင်ငံလုံး စီးပွားရေး သူ့ဟာချည်းပဲ။
အဲတော့ ဥပမာ - အထက်တန်းပြဆရာမတစ်ယောက်က mobile phone သုံးရဖို့ သူလခရဲ့ ၄၀၀၀% လောက် လိုနေတယ်။ ဖြစ်သင့်တာက ၁% လေ။ ဆိုလိုချင်တာက ဝင်ငွေ $ ၁၀၀၀ ၊ gsm phone (sim)က $10 ဖြစ်သင့်တယ်ဆိုတာပဲ။ ။
10 $ is 1 % of 1000
1600 $ is 4000% of 40
နောက်မှဆက်ရေးတော့မယ်။



zawgyi version

Blogger+blogspot ဒီမွာ ျပန္ပြင့္သြားေတာ့ အဟုတ္မွတ္လို့ blogspotမွာ ျပန္လာေရးရမလား wordpress blog မွာ ဆက္ေရးရမလား စဉ္းစားေနတာ။ အခဳေတာ့ ျပန္ပိတ္သြားျပီ။

 မေရးျဖစ္တာလည္း ျကာသြားျပီ။ post အသစ္ဆို နွစ္ခုသံုးခု ေရးထားတာမတင္ျဖစ္ဘူး။ ဆိုးတာက connection ေကာင္းေကာင္း မရွိတာပဲ။ internet café ေတြကလည္း တစ္ျမို့လံုး ကြမ္းယာဆိုင္ထက္ေတာင္ ေပါေသးတယ္၊ဘယ္ဆိုင္မွ မေကာင္းဘူး။ computer နွစ္လံုး သံုးလံုး သံုးရတဲ့ bandwidth ကို အလံုး ၃၀ ေလာက္တပ္ထားျကတယ္။ quality ကိုမရွိဘူး။ ကိုယ္ပိုင္ဝယ္ထားရေအာင္ကလည္း wimax က စတပ္ရင္ $1500 လစဉ္ေျကး ၄၅$။ဒီနိုင္ငံကလူေတြ ဘယ္ေလာက္မ်ား ခ်မ္းသာေနျကလို့လဲ။ $1500 = ၁၅ သိန္း။ သာမန္
အစိုးရဝန္ထမ္းတစ္ေယာက္ လစာ သံုးေသာင္းေလာက္ ($30) ကေန အသင့္အတင့္companyဝန္ထမ္း တစ္သိန္းခြဲ ($150) ေလာက္ရျကတာ။ wimax ဆို ေရႊမန္းရဲ့ သားက ပိုင္တယ္ဆိုလားပါပဲ။ တစ္နိုင္ငံလံုးရဲ့ စီးပြားေရးကို သူတို့ပဲခြဲေဝယူလို့ အားမရေသးဘူး အျမတ္ျကီးစား ဂုတ္ေသြးစုတ္တာ လြန္တယ္။ mobile phone ဆိုရင္လည္း ၁ရသိန္းေလာက္ ေပးရတယ္။ ကမၻာမွာထူးဆန္းေထြလာေဈးေတြခ်ည္းပဲ။ လူေတြ ၁၅သိန္း မတတ္နိုင္တာကို သိေတာ့ ေတဇက တစ္ခါသံုး sim card ဆိုျပီးေရာင္းတယ္ $20တန္ ကို ေခြ်ေခြ်တာတာေျပါရင္ေတာင္ နွစ္ပတ္ေလာက္ပဲေျပါရတယ္။ incoming ပါ ပိုက္ဆံယူတာေလ၊ ထပ္ျဖည့္ (top up) လို့မရဘူး။ မိုက္ရိုင္းတယ္။ ေတဇဆိုတဲ့ အေကာင္ကေတာ့တစ္နိုင္ငံလံဳး စီးပြားေရး သဴ့ဟာခ်ည္းပဲ။

 အဲေတာ့ ဥပမာ - အထက္တန္းျပဆရာမတစ္ေယာက္က mobile phone သံုးရဖို့သဴလခရဲ့ ၄၀ဝ၀% ေလာက္ လိုေနတယ္။ ျဖစ္သင့္တာက ၁% ေလ။ ဆိုလိုခ်င္တာက ဝင္ေငြ $ ၁၀ဝ၀ ၊ gsm phone (sim)က $10 ျဖစ္သင့္တယ္ဆိုတာပဲ။
 10 $ is 1 % of 1000

1600 $ is 4000% of 40
ေနာက္မွဆက္ေရးေတာ့မယ္။