Sunday, May 25, 2014

Min Ko Naing speech on 17 and 18 May 2014

မင်းကိုနိုင် ဗိုလ်စိန်မှန်ကွင်း ဟောပြောချက်

မင်းကိုနိုင် အောင်ပင်လယ်ကွင်း ဟောပြောချက်


Daw AungSanSuuKyi speech Mandalay 2014-05-18

ဒေါ်အောင်ဆန်းစုကြည် အောင်ပင်လယ် ဟောပြောချက် 18.05.2014


Daw AungSanSuuKyi speech 2014-05-17

ဒေါ်အောင်ဆန်းစုကြည် ဗိုလ်စိန်မှန်ကွင်း ဟောပြောချက် 2014-05-17


Saturday, May 24, 2014

Sci Tech news 12 May and 22 May 2014

အလင်းမှုန်မှ ဒြပ်မှုံသို့ ပြောင်းနိုင်မည်။
---------------------------------------------
လွန်ခဲ့တဲ့ အနှစ် ၈၀ခန့်က Breit နဲ့ Wheeler တို့ရဲ့ သီအိုရီ အဆိုအရ အလင်းမှုန်တွေကနေ ဒြပ်မှုန်အဖြစ် ပြောင်းလဲနိုင်တယ် လို့ဆိုပါတယ်။ အရင်ကတော့ အီလက်ထရွန် အမှုန်နဲ့ ဆန့်ကျင်ဒြပ်ဘက် ဖြစ်တဲ့ positron တွေ အချင်းချင်း ခြေဖျက်တဲ့အခါမှာ အလင်းမှုန် နှစ်ခု ရရှိတာကို သက်သေပြနိုင်ခဲ့ပါတယ်။ အခုဟာကတော့ ဆန်ကျင်ဘက် အခြေအနေ ဖြစ်ပါတယ်။ Imperial College London က Prof Steven Rose ဦးဆောင်တဲ့ သိပ္ပံပညာရှင်တွေဟာ Breit နဲ့ Wheeler တို့ရဲ့ သီအိုရီကို သင်္ချာ ပုံစံတူ တစ်ခု အောင်မြင်စွာ တွက်ချက် ပြုလုပ် နိုင်ခဲ့ပါတယ်။ လက်တွေ့ ပြုလုပ်နိုင်ဖို့ကတော့ အမှုန်အရှိန်မြှင့်စက် တစ်မျိုး တည်ဆောက်ဖို့ လိုပါတယ်။ ရွှေနဲ့ပြုလုပ်ထားတဲ့ ထုလုံးရှည်ထဲကို ဂမ်မာအလင်းတန်းနဲ့ လေဆာနဲ့ ရွှေကို ပစ်ခတ်ရာက ထွက်ပေါ်တဲ့ အလင်းတန်းတို့ တိုက်မိရာကနေ electron နဲ့ positron ရရှိရမှာ ဖြစ်ပါတယ်။

  

သက်ရှိအသစ်
−−−−−−−−−−−−
The Scripps Research Institute က Romesberg ဦးဆောင်တဲ့ သိပ္ပံပညာရှင်တွေဟာ E. coli မှာ DNA အတု ထပ်မံပေါင်းထည့်ပြီး နောက်မှာ DNA အသစ်ရဲ့ သဘာဝ အတိုင်း ပွားများလာနိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။ သူတို့ အဖွဲ့ရဲ့ အဓိက သုတေသနကတော့ nanotechnology နဲ့ DNA computing အတွက် အသုံးချ သုတေသန ဖြစ်ပါတယ်။

 
 ------------------------
အာကာသကနေ ကမ္ဘာကို ကြည့်နိုင်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဗွီဒီယို
−−−−−−−−−−−−−−−−−−−−−−−
ပြီးခဲ့တဲ့ အပတ်ထဲက NASA က Ustream လို့ အမည်ပေးထားတဲ့ ဝဘ်ဆိုက်တစ်ခုကို စတင်ခဲ့ပါတယ်။ နိုင်ငံတကာ အာကာသစခန်းမှာ တပ်ဆင်ထားတဲ့ အရည်အသွေးမြင့် ကင်မရာတွေက ပို့လွှတ်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဗွီဒီယိုကို ဒီဝဘ်ဆိုက်မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပြီး အာကာသကနေ ကမ္ဘာမြေကို သင်ကိုယ်တိုင် စောင့်ကြည့်ရသလို ခံစားရမှာ ဖြစ်ပါတယ်။ ဝဘ်ဆိုက် လိပ်စာကတော့ http://www.ustream.tv/channel/iss-hdev-payload/theater ဖြစ်ပါတယ်။

  
 -------------------
ဒြပ်စင်အမှတ် ၁၁၇
−−−−−−−−−−−−
ဂျာမဏီနိုင်ငံ GSI Helmholtz Centre for Heavy Ion Research မှာ နိုင်ငံတကာက သုတေသီတွေ အဖွဲ့ဟာ ဒြပ်စင်အမှတ် ၁၁၇ကို တွေ့ရှိခဲ့ကြပါတယ်။ ဒြပ်ထု အလေးဆုံးဖြစ်ပြီး ရေဒီယို သတ္တိကြွ ဓါတ်ပြိုကွဲမှု နှေးကွေးတဲ့ ဒီ ဒြပ်စင်တည်ရှိမှုကို ခန့်မှန်းထားတာကြာပြီ ဖြစ်ပြီး Ununseptium လို့ အမည်ပေးထားပါတယ်။ berkelium အိုင်ဆိုတုပ် ၂၄၉ ကို ကယ်လ်ဆီယမ် ၄၈ အက်တမ် တွေနဲ့ အမှုန် အရှိန်ပေးစက်ထဲမှာ ပစ်ခတ်တဲ့အခါ ညူကလီယ ပေါင်းစည်းမှု ဖြစ်ပေါ်ပြီး ဒြပ်စင် ၁၁၇ ရှိတဲ့ အက်တမ် နှစ်လုံး ရရှိပါတယ်။ ဒါ့အပြင် Ununseptium အလ်ဖါပြိုကွဲမှု တွေကနေ တစ်ဆင့် lawrencium အိုင်ဆိုတုပ်၂၆၆ ကိုလည်း အသစ်ရှာဖွေ တွေ့ရှိခဲ့ကြပါသေးတယ်။


 
 --------------------------
စိတ်နဲ့ထိန်းချုပ်နိုင်တဲ့စက်လက်အတု
−−−−−−−−−−−−−−−−−−−−−−−
Segway လို့ခေါ်တဲ့ နှစ်ဘီးတပ် ယာဉ်ငယ်လေးတွေ တီထွင်ခဲ့တဲ့ iRobot ကုမ္ပဏီက စိတ်နဲ့ထိန်းချုပ်နိုင်တဲ့စက်လက်အတုကို တီထွင်လိုက်ပြီး အမေရိကန် FDA ရဲ့ ခွင့်ပြုချက်လည်း ရရှိသွားပြီ ဖြစ်ပါတယ်။ DEKA Arm လို့ ခေါ်ဆိုတဲ့ စက်လက်အတုကို Star Wars ရုပ်ရှင်ထဲက Luke Skywalkerရဲ့ စက်လက်အတုကို အစွဲပြုပြီး Luke arm လို့လည်း ခေါ်ဆိုကြပါတယ်။ ဒီလက်အတုကို ထန်းချုပ်တဲ့ အီလက်ထရေနစ် အပိုင်းနဲ့ ခန္ဓာကိုယ် ကို electromyogram လျှပ်ငုတ်တွေနဲ့ ဆက်သွယ်ထား ခြင်းအားဖြင့် အာရုံကြောရဲ့ ညွန်ကြားမှုကို လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ စမ်းသပ်ပြသမှု ဗွီဒီယိုကို https://www.youtube.com/watch?v=wIvyiM5nFb0 မှာ ကြည့်ရှုနိုင်ပါတယ်။

  
 -----------------------------
----------------------------
Toyota က လျပ်စစ်ကား နည်းပညာ ပြောင်းမည်
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
Tesla နဲ့ နည်းပညာ ပိုင်းမှာ လက်တွဲ လုပ်ဆောင်နေတဲ့ Toyota က လက်ရှိ Tesla ရဲ့ နည်းပညာအစား ဟိုက်ဒရိုဂျင် လောင်စာ နည်းပညာကို ပြောင်းလဲ မယ်လို့ ကြေငြာလိုက်ပါတယ်။ Tesla ရဲ့နည်းပညာကတော့ လျှပ်စစ်ကို ဘက်ထရီထဲမှာ အားသွင်းပြီး မောင်းနှင်မှာ ဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင် လောင်စာကတော့ အားသွင်းစရာမလိုပဲ လေထုညစ်ညမ်းမှုလည်း မဖြစ်တဲ့ လျှပ်စစ် နည်းပညာ ဖြစ်ပါတယ်။



 ---------------------------
ကမ္ဘာပေါ်မှာ ရှင်သန်ခဲ့သော အကြီးဆုံး သတ္တဝါ
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
အာဂျစ်တီးနားနိုင်ငံ Patagonia ဒေသမှာ ကမ္ဘာ့ အကြီးဆုံး ဒိုင်နိုဆော ရုပ်ကြွင်းတစ်ခုကို ရေးဟောင်းသုတေသီတွေ ရှာတွေ့ခဲ့ကြပါတယ်။ နှစ်သန်း ၁၀၀ လောက်သက်တမ်းရှိနိုင်ပြီး အသီးအရွက်စား သတ္တဝါ ဖြစ်ပါတယ်။ အသက်ရှင်စဉ်က ခန္ဓာကိုယ် အလေးချိန် တန် ၈၀ လောက်ရှိနိုင်ပြီး ဦးခေါင်းကနေ အမြီးထိ အရှည် ပေ ၁၃၀ လောက်ရှည်နိုင်တာကြောင့် ကမ္ဘာမှာ တွေ့ဖူးသမျှ သတ္တဝါ ရုပ်ကြွင်း ထဲမှာ အကြီးဆုံးပဲ ဖြစ်ပါတယ်။

  
 -------------------
 

Thursday, May 01, 2014

Sci tech news for previous two weeks 21st and 28th April

22nd to 28th April 2014

SpaceX ရဲ့ Falcon 9 ဒုံးပျံ ညင်သာစွာ ဆင်းသက်
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
ဧပြီ 18ရက်က လွှတ်တင်နိုင်ခဲ့တဲ့ SpaceX ရဲ့ Falcon 9 ဒုံးပျံကတော့ Dragon capsule ကို နိုင်ငံတကာအာကာသစခန်း ရောက် အောင်တွန်းပို့ပေးခဲ့ ပြီးတဲ့နောက် အရင်က ဒုံးပျံတွေလို လေထုထဲပျက်ကျ လောင်ကျွမ်းသွားတာမျိုး မဟုတ်ပဲ ရေပြင်ပေါ်ကို ညင်သာစွာ ပြန်ဆင်းလာနိုင်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ ပထမဆုံး လက်တွေ့ ပြန်လည်ဆင်းသက်မှုမှာ တစိတ်တစ်ပိုင်းပဲ အောင်မြင်တယ်လို့ ပြောရမယ့် အချက်ကတော့ ဒုံးပျံဆင်းလာတဲ့နေရာမှာ ပြင်းထန်တဲ့ မုန်တိုင်းတိုက်ခတ်ပြီး လှိုင်းကြီးနေတာကြောင့် ဒုံးပျံကို မဆယ်ယူလိုက်နိုင်ပါဘူး။ ဒါပေမယ့် မြေပြင်စခန်းက ရရှိတဲ့ အချက်အလက်တွေအရ ညင်သာစွာ ဆင်းသက်လာခဲ့တယ်ဆိုတာ သိရှိခဲ့တာ ဖြစ်ပါတယ်။

×××××××××××××××××××××××××××××

Firefox ဒီဇိုင်းသစ်
−−−−−−−−−−−−−−−−−−−−−−
Mozilla က ထုတ်လုပ်တဲ့ Firefox ဘရောက်ဇာကို ဒီဇိုင်းပြောင်းလဲတည်ဆောက်လိုက်တဲ့ ဗားရှင်းအသစ် ၂၉.၀ ကို တစ်ပတ်အတွင်း ဖြန့်ချီပေးတော့မှာ ဖြစ်ပါတယ်။ သွင်ပြင်ဒီဇိုင်းအသစ်ကတော့ ဂူးဂဲလ်က ထုတ်လုပ်တဲ့ Chrome နဲ့ ဆင်တူလာတာတွေ့ရပါတယ်။ Firefox ဟာ ကာလရှည်ကြာ လူသုံးအများဆုံး စံချိန်တင်ထားခဲ့ပေမယ့် ဒုတိယ အဆင့်ကို ကျဆင်းသွားခဲ့ပါတယ်။ အခု ဒီဇိုင်းအသစ်မှာတော့ စမ်းသပ်အဆင့် beta ဗားရှင်းသုံးစွဲသူ အများရဲ့ တုန့်ပြန်မှုအားပေးမှုကောင်းတယ်လို့ သိရပါတယ်။

×××××××××××××××××××××××××××××


Nissan ရဲ့ ဆေးကြောစရာမလိုတဲ့ကား
−−−−−−−−−−−−−−−−−−−−−−
Nissan ကားကုမ္ပဏီဟာ နည်းပညာသစ်နဲ့ ထုတ်လုပ်လိုက်တဲ့ ကားသုပ်ဆေးတစ်မျိုးကို ထုတ်ဖေါ်ပြသလိုက်ပါတယ်။ စမ်းသပ်ပြသမှုအဖြစ် ကားတစ်ခြမ်းကို သာမန်ဆေးသုပ်ထားပြီး တစ်ခြမ်းကို ဆေးအသစ်သုတ်ထားတဲ့ ကားကို ရွှံ့ဗွက်ထူတဲ့လမးမှာ မောင်းနှင် ပြသခဲ့ရာမှာ ကားရဲ့ ဆေးအသစ်ရှိတဲ့အပိုင်းက သန့်ရှင်းလျှက်ရှိတာ တွေ့ရပါတယ်။ video clip: https://www.youtube.com/watch?v=UwoGsCAKsxU

×××××××××××××××××××××××××××××

ပင်လယ်ထဲကဂြိုဟ်သား
−−−−−−−−−−−−−−−−−−−−−−
ဖလော်ရီဒါတက္ကသိုလ်က သုတေသီLeonid Moroz နဲ့ အဖွဲဟာ ထူးဆန်းတဲ့ ပင်လယ်ရေအောက် သတ္တဝါတစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။ ဒီသတ္တဝါဟာ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်း ပြတ်သွားပေမယ် ပြတ်သွားတဲ့ အပိုင်းကို ပြန်လည် အစားထိုး ဖွံ့ဖြိုးလာနိုင်တယ်လို့ ဆိုပါတယ်။ Leonid Moroz ကတော့ သတ္တဝါကို ပင်လယ်ထဲကဂြိုဟ်သား လို့ အမည်ပေးထားပြီး ဒီသတ္တဝါရဲ့ မျိုးရိုးဗီဇကို လေ့လာသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။



15th to 21st April 2014

ပင်မဆဲလ် သုတေသန အောင်မြင်မှု
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
ပြီးခဲ့တဲ့အပတ်ထဲက ပင်မဆဲလ် (stem cell) သုတေသန အောင်မြင်မှု သတင်းတစ်ခု ထွက်ပေါ်ခဲ့ပါတယ်။ Advanced Cell Technology ကုမ္ပဏီက Dr. Robert Lanza ဦးဆောင်တဲ့ တောင်ကိုရီးယား နဲ့ အမေရိကန်က သုတေသီတွေဟာ သာမန် လူ့အရေပြားဆဲလ်ကနေ ပင်မဆဲလ် ကို ပျိုးထောင်ယူနိုင်ခဲ့ကြပါတယ်။ ပုံမှန်အားဖြင့် သန္ဓေသား ဒါမှမဟုတ် အချင်းကနေ ထုတ်ယူရတဲ့ ပင်မဆဲလ်ကို အခုလို သာမန်အရွယ်ရောက် ၃၅ နှစ်အရွယ် နဲ့ ၇၅ အရွယ် လူနှစ်ဦး ရဲ့ အရေပြားဆဲကနေ တည်ဆောက်နိုင်ခဲ့ကြတာကြောင့် နောင်ဆိုရင် လိုအပ်တဲ့ တစ်ရှူးအမျိုးအစားကို ဓါတ်ခွဲခန်းမှာ ပျိုးထောင် အစားထိုးကုသနိုင်လာတော့မှာ ဖြစ်ပါတယ်။

××××××××××××××××××××××××××××
နှစ်သက်ရာ အစိတ်အပိုင်း ဝယ်ယူတပ်ဆင်နိုင်မည့်ဖုန်း
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
Project Ara လို့ အမည်ပေးထားတဲ့ ဂူးဂဲလ်ရဲ့ လက်ကိုင်ဖုန်း နည်းပညာသစ်ရဲ့ ပထမအကြိမ် နည်းပညာ ကွန်ဖရင့် အပြီးမှာ Module Developers Kit ကို ဖြန့်ချီပေးခဲ့ပါတယ်။ နည်းပညာရှင်တွေအတွက် $50တန် ဖုန်းအကြမ်းထည် အစိတ်အပိုင်းတွေကိုလည်း မကြာမီ ထုတ်လုပ်ပေးမယ်လို့ သိရပါတယ်။ ဒီဖုန်းအမျိုးအစားကို နောက်နှစ် ဇန်နဝါရီမှာ သုံးစွဲသူတွေဆီ ရောင်းချနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ (related news 2014-03-18)

××××××××××××××××××××××××××××
အမေရိကန်အတွက် ဂျပန်နိုင်ငံက လျှပ်စစ်သံလိုက် ရထား တည်ဆောက်မည်
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
ဂျပန်နိုင်ငံရဲ့ နည်းပညာဖြစ်တဲ့ လျှပ်စစ်သံလိုက် ရထားကို အမေရိကန်နိုင်ငံ မှာ Washington DC နဲ့ Baltimore ကို ဆက်သွယ်တဲ့ ခရီးအတွက် စတင်တည်ဆောက်မယ်ဆိုရင် ကုန်ကျစရိတ် $သန်း၈၀၀၀ရဲ့ တစ်ဝက်ကို ကျခံ ကူညီမယ်လို့ ဂျပန်နိုင်ငံက အဆိုပြုလိုက်ပါတယ်။ ဒီခရီးဟာ ၃၇မိုင် ရှည်ပြီး လက်ရှိသာမန်ရထားနဲ့ ဆိုရင် တစ်နာရီကြာသွားရပေမယ့် လျှပ်စစ်သံလိုက် ရထားနဲ့ ဆိုရင် ၁၅မိနစ်ပဲ ကြာမှာ ဖြစ်ပါတယ်။ Maglev လို့ခေါ်တဲ့ ရထား နည်းပညာကို လက်ရှိမှာ ဂျပန်နဲ့ ဂျာမဏီ နှစ်နိုင်ငံက တီထွင်ခဲ့ပေမယ့် လုပ်ဆောင်ပုံချင်း မတူညီပါဘူး။ ဂျပန် Maglev ရထားကတော့ Superconductor လို့ခေါ်တဲ့ သံလိုက်နည်းပညာကို အသုံးပြုပြီး ဂျာမဏီကတော့ လီနီယာမော်တာ ကို အသုံးပြုပြီး ရထားကို မြေပြင်ကနေ ကြွနေအောင် ပြုလုပ်ပေးတာ ဖြစ်ပါတယ်။

××××××××××××××××××××××××××××××
Dragon capsule ကို အောင်မြင်စွာလွှတ်တင်
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
အရင်တစ်ပတ်က မလွှတိတင်နိုင်ခဲ့တဲ့ SpaceXရဲ့ Falcon 9 rocket ကို ဒီတနင်္လာမှာ နိုင်ငံတကာအာကာသစခန်းကို ထောက်ပံ့ရေးပစ္စည်းတွေ ပို့ပေးဖို့ April 18 ကလွှတ်တင်လိုက်ပြီး April 20 မနက်မှာ အောင်မြင်စွာ ရောက်ရှိခဲ့ပါတယ်။
×××××××××××××××××××××××××××××