Monday, December 08, 2014

Edge of Tomorrow


ဇာတ်လမ်းကတော့ ထင်ထားတာမျိုးမဟုတ်ပဲ ထူးဆန်းတယ်။ ဂြိုဟ်သားတွေကို တိုက်ခိုက်တဲ့အကြောင်း ကားတွေ အများကြီးပေမယ့် ဒီကားက ထင်မထားတဲ့ ဇာတ်လမ်းမျိုးပဲ။ စစ်မတိုက်ရဲတဲ့ Tom Cruise ကို စစ်ထဲ အတင်းပို့တယ်၊ လျှောက်ရမ်းပစ်ရင်း ဂြိုဟ်သားထဲက alphaလို့ သူတို့ အမည်ပေးထားတဲ့ အကောင်ကို ဗုံးနဲ့ခွဲပြီးသတ်လိုက်တာ ဟိုအကောင်ရဲ့ သွေးသားတွေ သူ့ခန္ဓာကိုယ်ထဲဝင်ပြီး သူလည်းသေရော။ ဒါပေမယ့် အဲ့အကောင်ရဲ့ဓါတ်ကြောင့် အချိန်တစ်ရက်တိတိ အရှေ့ ပြန်ရောက်သွားတယ်။ နောက်တစ်ခါအောင်မြင်အောင် ကြိုးစားတယ်။ သေတယ်။ အသစ်ပြန်စတယ်။ ကျနော်တို့ ဂိမ်းကစားသလိုပဲ။

ဂြိုဟ်သားတွေက တခြားကားတွေမှာလို အာကာသယာဉ်ကြီးတွေမပါဘူး။ သူတို့ကိုယ်တိုင် မြေလျှိုးမိုးပျံနိုင်တယ်၊ အချိန်ကိုလည်း နောက်ပြန်ဆုတ်နိုင်တယ်။ ဂြိုဟ်သား အကောင်တွေက Matrixရုပ်ရှင်ထဲက sentinal အကောင်တွေနဲ့ တူတယ်။ ဒီအကောင်တွေကတော့ ပိုအရုပ်ဆိုးတယ်။ တွန့်လိမ် ရှုတ်ပွနေတာပဲ။ :) ဒီလိုကားတွေမှာ တူတာ တစ်ခုက ဂေါင်သူကြီးကို ရှင်းလိုက်ရင် အကုန်ကြွရောဆိုတာပဲ။ နောက်သူတို့ လေယာဉ်တွေနဲ့ ဗုံးကြဲရင်ရရဲ့သားနဲ့ လူတွေကိုယ်တိုင် မြေပြင်ဆင်းတိုက်နေရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စိတ်ဝင်စားစရာကောင်း- ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်လို့ပြောချင်ပါတယ်။



Saturday, December 06, 2014

Sooooo True :)



it found it at https://www.facebook.com/384733011680426/photos/a.384935904993470.1073741828.384733011680426/403108336509560/?type=1