Tuesday, May 12, 2015

Interstellar

Interstellar ရုပ်ရှင် ကိုနာမည်ကြီးလို့ အထင်ကြီးနေတာ တကယ်ကြည့်လိုက်တော့ physics သဘောအရ အမှားတွေ အများကြီးပဲ။ black hole ရဲ့ gravity ကနေ လွတ်အောင် အင်ဂျင်တွေ အကုန်မောင်းပြီးထွက်တယ် လောင်စာကုန်သွားတဲ့အခါ အရှိန်နဲ့ ဆက်သွားတဲ့အခါကျ ပေါ့အောင်ဆိုပြီး lander module တွေကို ဖြုတ်လိုက်သတဲ့။ ဖြုတ်လိုက်တာနဲ့ ပင်မယာဉ်ကြီးက ဆက်သွားနေပြီး module တွေက black hole ထဲကို ကျသွားရောတဲ့။ ဒြပ်ဆွဲအား ကလည်း ဟိုဟာကြ သိပ်မဆွဲဘူး ဒီဟာကြ ပိုဆွဲလိုက်မယ်ဆိုပြီး ခွဲခြားဆက်ဆံသလား မသိတော့ဘူး။ တကယ်ဆို ပေါ့အောင်လည်း module တွေ ဖြုတ်ချစရာမလိုဘူး။ လောင်စာကုန်လို့ အင်ဂျင်တွေ ရပ်သွားကတည်းက နောက်ဆုံး အရှိန်နဲ့ တသတ်မှတ် ဆက်သွားရမယ့် အစား ဒြပ်ဆွဲအားက နောက်မှာ ရှိတော့ တဖြည်းဖြည်းနဲ့ အရှိန်နှေးသွား (decelerate) မယ်။ weight က ဘယ်လောက်ဖြစ်ဖြစ် အမြန်နှုံး အတူတူပဲ။ ဒါက ပထမတစ်ခုပါ။ နောက်ပြီးတော့ black hole ကျသွားတေ့လည်း လောင်ကျွမ်းသွားတာတွေ ဆွဲအားတအားပြင်းလွန်းလို့ ဆွဲဆန့်သွားတာမျိုးတွေ ဘာမှမဖြစ်ဘူး။ အေးဆေးပဲ။ အနာဂါတ်က လူတွေပဲ တည်ဆောက်ထားတယ်ဆိုတဲ့ tesseract ထဲရောက်သွားတယ်။ အဲဒီမှာ စဉ်းစားကြည့်လေ။ အာကာသကို သူသွားဖို့ အကြောင်းဖန်လာအောင် အာကာသထဲရောက်လာမှ အတိပ်ကို ပြန်ပြီး message ပို့တယ်ဆိုတော့... ပတ်ချာလည်နေပြီ။ tesseract ကြီးကို ဆောက်ထားတာလည်း ဒီ့ထက် အနာဂါတ်ကျတဲ့ အချိန်ကလူတွေက အခုလို ဖြစ်လာအောင် အချက်အလက်တွေပို့နိုင်ဖို့ ဆိုတော့ ...... လုံးဝကို မဖြစ်နိုင်ခြင်း loop ပတ်နေတယ်။ နောက် forum တွေမှာ လိုက်ဖတ်ကြည့်တော့ သူတို့ရေးထားတာတွေ အရဆိုရင် အချိန်ကုန် အရမ်းမြန်နေတဲ့ ဂြိုဟ်ဆိုရင် အဲ့လောက်မြန်တယ် ဆိုကတည်းက gravitational field အရမ်းပြင်းတဲ့နေရာရောက်နေလို့ပဲ။ အဲဒီဂြိုဟ်လည်း တစ်စဆီကြေမွနေလောက်ပြီတဲ့။ နောက်လည်း အများကြီးပဲ။ ဘာပဲဖြစ်ဖြစ် ကြည့်လို့တော့ ကောင်းပါတယ်။ မကြည့်ရသေးရင်တော့ ကြည့်လိုက်ကြပါအုံး


General Aung San said...