Tuesday, February 25, 2014

Google Chrome icon

This is the Google Chrome icon I like. The new flat version is not as beautiful as this. I can't understand why they changed it. Click on image for 2000x2000 px size.


Sunday, February 23, 2014

x47b drone




Sci Tech news


Flappy Bird ရဲ့ အောင်မြင်မှု

ဗီယက်နမ်နိုင်ငံကရေးသားသော   ပြီးခဲ့တဲ့လက ထူးထူးခြားခြား လက်ကိုင်ဖုန်း ဂိမ်းလောကမှာ ထိပ်ဆုံးကိုရောက်လာပြီး ရေးသားဖေါ်ပြကြတဲ့ Flappy Bird ကို ရေးသားသူ  Dong Nguyen ဟာ သတင်းမီ'ဒီယာတွေရဲ့ အာရုံစိုက်မှုတွေ များလွန်းတာကြောင့်  ဖေဖေါ်ဝါရီ ၉ရက်မှာတော့ App Storeကရော Google Playကရော ဂိမ်းကို ပြန်ပြီးဖြုတ်သွားပါတယ်။ Flappy Bird ဟာ အခမဲ့ ဖြစ်ပြီး ကြော်ငြာကနေ ဝင်ငွေရတဲ့ နည်းကိုသုံးထားတာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၀ ရက်မှာ ထိပ်ဆုံးဂိမ်း ၁၀ စာရင်းကို ရောက်ရှိခဲ့ပြီး တစ်ရက် ဒေါ်လာ ငါးသောင်း ဝင်ငွေ ရရှိလာပါတယ်။ ဖေဖေါ်ဝါရီ ၈ရက်မှာတော့ Dong Nguyenက နောက် ၂၂ နာရီအကြာမှာ ဂိမ်းကို App Storeကရော Google Playကရော ဂိမ်းကို ပြန်ပြီးဖြုတ်တော့မယ်လို့ ကြေငြာခဲ့ပါတယ်။ Flappy Birdကို ကမ္ဘာတစ်လွှားက သန်း၅၀ကျော် ဒေါင်းလုတ်ချခဲ့ကြတယ်လို့ သိရပါတယ်။





Ivanpah နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား

ဂူးဂဲလ် ကုမ္ပဏီဟာ စွမ်းအင် ကုမ္ပဏီ နှစ်ခုဖြစ်တဲ့ NRG Energy Inc.နဲ့ BrightSource Energy တို့နဲ့ ပူးပေါင်းပြီး ကမ္ဘာ့အကြီးဆုံး နေရောင်ခြည် အပူစွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ငန်းကို ၁၅ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ ဒေါ်လာ သန်း၂၂၀၀ရင်းနှီးမြုတ်နှံတည်ဆောက်ခဲ့တဲ့ ဒီဓါတ်အား စက်ရုံဟာ မှန်ချပ်များစွာကနေ အလင်းပြန်တဲ့ အလင်းကို ဘွိုင်လာရှိရာ အမြဲ ဦးတည်နေအောင် ကွန်ပြူတာနဲ့ ထိန်းချုပ်ပေးထားပါတယ်။ ဧရီယာစတုရန်းမိုင် ၅မိုင်ကျယ်ဝ်းတဲ့ မြေမှာ မှန်ချပ်ဘွိုင်လာအဖွဲ့အစည်း သုံးခု တည်ဆောက်ထားပြီး မှန်ချပ်ပေါင်း သုံးသိန်းခွဲကျော် ပါဝင်ပါတယ်။ ဒီIvanpah နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးလုပ်ငန်းကို  Mojave ကန္တာရအတွင်း တည်နေရာ 35.5526438,-115.4725079 မှာရှိပြီး လျှပ်စစ် 400 megawatts ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။




ခြကောင်စက်ရုပ်လေးများ

အမေရိကန် တက္ကသိုလ်သုံးခုဖြစ်တဲ့University of Cambridge.၊ Wyss Institute နဲ့ Harvard School of Engineering တို့က သုတေသီတွေဟာ ခြကောင်လေးတွေရဲ့ အပြုအမူကို အတုယူထားတဲ့ စက်ရုပ်ငယ်လေးတွေကို ပြသခဲ့ပါတယ်။ ဒီစက်ရုပ်ငယ်လေးတွေကို အိမ်ငယ်လေးတစ်ခုကို လေးထောင့်တုံးလေးတွေဆင့်ပြီး တည်ဆောက်ခိုင်းတဲ့အခါမှာ ဗဟိုထိန်းချုပ်ညွှန်ကြားချက်လည်းမပါ စီစဉ်တကျ စက်ရုပ်များကြား ဆက်သွယ်ခြင်းလည်းမရှိပဲ သတ်မှတ်ထားတဲ့ လုပ်ငန်းများပြီးစီးအောင် စက်ရုပ်တစ်ခုချင်းက လိုအပ်သလို လွပ်လပ်စွာ လုပ်ဆောင်သွားတာ ဖြစ်တဲ့အတွက် အဖွဲ့ထဲက စက်ရုပ်တစ်ခုက သူ့တာဝန်ကို မလုပ်ဆောင်လိုက်နိုင်လို့ ကျန်လုပ်ငန်းစဉ်အားလုံး ရပ်တန့်သွားတယ်ဆိုတာမျိုးမရှိပဲ အားလုံးက လိုအပ်ချက်အရသာ လုပ်ဆောင်သွားတာ ဖြစ်ကြောင်း ဒီနည်းပညာကို စတင်ခဲ့တဲ့ Justin Werfel ကရှင်းပြခဲ့ပါတယ်။




sony ရဲ့ ပုလင်းသွင်းရောင်းချသော MP3 player

New Zealandနိုင်ငံမှာ ဆိုနီကုမ္ပဏီဟာ ရေစိမ်ခံတဲ့ MP3 player တစ်မျိုးဖြစ်တဲ့ NWZ-W270 MP3 player ကို လူအများစိတ်ဝင်တစား ဖြစ်အောင် ကြော်ငြာတဲ့ အ​နေနဲ့ ရေဖြည့်ထားတဲ့ပုလင်းထဲမှာ ထည့်ပြီး ကိုလာအချိုရည်များ ကဲ့သို့ အရောင်းစက်ကနေ ​ရောင်းချခဲ့ပါတယ်။



တရုတ်နိုင်ငံ၏ လပေါ်သွားယာဉ် ပြန်လည်နိုးထ

ဖေဖေါဝါရီ ၁၂ ရက်နေဟာ လရဲ့ နေ့ဘက်ကာလ သုံးရက်မြောက်နေ့ဖြစ်ပြီး တရုတ်နိုင်ငံ၏ လပေါ်သွားယာဉ် Yutu ပြန်လည်နိုးထလာပြီဟု သိရသည်။


http://guardianlv.com/2014/02/robots-inspired-by-termites-assemble-complex-structures-independently/

Funny





lollipop chainsaw



lollipop_chainsaw___juliet_starling__01__by_beethy-d6risn4 @ deviantART
http://beethy.deviantart.com/art/Lollipop-Chainsaw-Juliet-Starling-01-409023616

rq-180 drone



Saturday, February 15, 2014

coral polyps

Bing suggested me to search for coral+polyps. Wow!!! Under sea images are sooo beautiful. :)

Tuesday, February 11, 2014

Image: Jiaozhou Bay Bridge



Sci-Tech news of the week

ထိတွေ့ခံစားနိုင်တဲ့ စက်လက်အတု

လွန်ခဲ့တဲ့ ၁၀နှစ်က မတော်တဆ မီးပန်းပေါက်ကွဲမှုကြောင့် ဘယ်လက်တစ်ဖက် ဖြတ်လိုက်ရတဲ့ Dennis Sorenson ကို ဆွစ်ဇာလန် နိုင်ငံမှ Federal Institute of Technology က သုတေသီတွေက ထိတွေ့ခံစားနိုင်တဲ့ စက်လက်အတု တပ်ဆင်ပေးခဲ့ပါတယ်။ Lifehand 2 လို့ အမည်ပေးထားတဲ့ စက်လက်အတုမှာ ပါဝင်တဲ့ လျှပ်ငုတ်လေးတွေကို လက်မောင်းမှာ ရှိတဲ့ အာရုံကြောနဲ့ ခွဲစိတ် တပ်ဆင်ပေးရတာ ဖြစ်ပါတယ်။ သေချာအောင် မျက်စေ့နဲ့ နားကိုပိတ်ထားပြီး လက်ချောင်းလေးတွေနဲ့ အရာဝထ္ထုတွေကို စမ်းသပ်ကိုင်တွယ်တဲ့အခါ ကိုင်လိုက်တဲ့အရာဟာ လိမ္မောသီးလား၊ ဘေ့စ်ဘောလုံးလား၊ စသည်ဖြင့် ခွဲခြားနိုင်တဲ့အတွက် နှစ်များစွာအကြာမှာ အခုလို သူ့ရဲ့ ဘယ်လက်က နဲ့ ပြန်လည်ခံစားသိရှိနိုင်ပြီလို့ Sorensonက ပြောပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−

Samsung ရဲ့ tablet အသစ်နှစ်မျိုး

Samsung ဟာ သာမန်ထက်ကြီးတဲ့ tablet နှစ်မျိုးကို ချစ်သူများနေ့ မတိုင်မီ ရောင်းချဖို့ စီစဉ်နေပါတယ်။ Galaxy Note Pro နဲ့ Tab Pro ဖြစ်ပါတယ်။ Note Pro အသစ်ဟာ ၁၂.၂ လက်မ အရွယ်ရှိပြီး သိုလှောင်နိုင်စွမ်း ၆၄GB နဲ့ဆိုရင် ဒေါ်လာ ၈၅၀ ဖြစ်ပြီး ၃၂GB ဆိုရင် ဒေါ်လာ၇၅၀ ဖြစ်ပါတယ်။ Tab Pro ကတော့ အရွယ်အစားတူပေမယ့် S Pen stylus ကလောင်တံ မပါပါဘူး။ screen အရည်အသွေး 2,560 x 1,600 pixels ရှိပြီး 3GB of RAM ပါဝင်မှာ ဖြစ်ပြီး ဆက်သွယ်မှု အတွက် Wi-Fi + LTE နှစ်မျိုး ပါဝင်ပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−

CERN က ပိုမိုကြီးမားတဲ့ အမှုန် အရှိန်မြှင့်စက် တည်ဆောက်မည်

ဥရောပ ရူပဗေဒ ဓါတ်ခွဲခန်း CERN တာဝန်ရှိသူများက ပိုမိုကြီးမားတဲ့ အမှုန် အရှိန်မြှင့်စက် တည်ဆောက်မည် လို့ ပြီးခဲ့တဲ့ အပါတ် ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။ CERN ရဲ့ လက်ရှိကမ္ဘာ့အကြီးဆုံး Large Hadron Collider (LHC) ကို ပြင်သစ်−ဆွစ်ဇာလန် နယ်စပ်မှာ တည်ဆောက်ထားပြီး လှိုင်ခေါင်း အရှည် ၁၇မိုင်ရှည်လျှားတဲ့ စက်ဝန်းပုံ အရှိန်မြှင့် အမှုန်တိုက်ခိုက်စက် မှာ ပြီးခဲ့တဲ့ နှစ်က ပရိုတွန်အမှုန်တွေကို အလင်းအလျင်နီးပါးနဲ့ တိုက်ခိုက်စေပြီး Higgs boson အမှုန်ကို ခွဲထုတ် ပြသနိုင်ခဲ့ပြီး နှစ်ကာလကြာရှိခဲ့တဲ့ သီအိုရီကို သက်သေပြနိုင်ခဲ့ပါတယ်။ အခု ထပ်မံတည်ဆောက်မယ့် အမှုန် အရှိန်မြှင့်စက် ကိုတော့ Future Circular Collider (FCC) လို့ အမည်ပေးထားပြီး ဥမင်လှိုင်ခေါင်း အရှည် မိုင် ၆၀ခန့် ရှိနိုင်ပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−

နေနှစ်စင်းကို လှည့်ပတ်နေသောဂြိုဟ်

Kepler-413b လို့ အမည်ပေးထားတဲ့ ဂြိုဟ်ဟာ ကြယ်သိမ်နှစ်စင်းကို (နေနှစ်စင်းကို) လှည့်ပါတ်နေတဲ့အတွက် အဲ့ဒီဂြိဟ်ပေါ်ကနေ ကြည့်ရင် ကောင်းကင်မှာ နေနှစ်စင်း လင်းနေမှာ ဖြစ်ပါတယ်။ ကမ္ဘာကနေ အလင်းနှစ် ၂၃၀၀ ဝေးတဲ့ ဂြိုဟ်ဟာ Cygnus ကြယ်စုမှာတည်ရှိပြီး လှည့်ပါတ်နေတဲ့ လမ်းကြောင်းဟာ နေနှစ်စင်းနဲ့ နီးလွန်းတာကြောင့် အပူချိန် အလွန် မြင့်မားနိုင်ပါတယ်။ ထူးခြားချက်ကတော့ ဂြိုဟ်ပါတ်လမ်းဟာ တည်ငြိမ်မှုမရှိပဲ ယမ်းခါနေတဲ့ မူမမှန်တဲ့ ပုံစံနဲ့ လှည့်ပါတ်နေတာကတော့ နေနှစ်စင်းရဲ့ ဒြပ်ဆွဲအားကြောင့် ဖြစ်ပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−

ဆိုနီက VAIO ကွန်ပြူတာ လုပ်ငန်းကို ရောင်းချ

လက်ကိုင်ဖုန်း၊ တီဗွီ နဲ့ playstation တို့ကို ပိုမို အာရုံစိုက် ထုတ်လုပ်သွားနိုင်ဖို့ ဆိုနီက VAIO ကွန်ပြူတာ လုပ်ငန်းကို အခြား ဂျပန်လုပ်ငန်းရှင်များကို ရောင်းချလိုက်သည်။
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−