Thursday, November 26, 2015

Kingfisher | video of fishing bird

I like this video clip so much. Detail slow motion video of the bird called Kingfisher catching fish shows the actions of it below and under the water.



Tuesday, July 07, 2015

သူ online ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ။

ကိုယ်ချစ်မြတ်နိုးရသူက တစ်ပါးသူကမ်းတဲ့လက်ကိုမှ ဆုတ်ကိုင်လိုက်တဲ့အခါ
ကမ္ဘာမြေကြီး ၉၀' တိမ်းစောင်းသွားတယ်ဆိုတာသိလား
မိုးကောင်းကင်က ကိုယ်နဲ့အတူ ချုံးပွဲချငိုတယ်ဆိုတာသိလား
အရောင်စုံတဲ့လောကကြီးက အားလုံးမဲနက်သွားတယ်ဆိုတာသိလား
ကြေကွဲမှုတွေနဲ့ ကမ္ဘာမြေ တိတ်ဆိပ်သွားတာ သိလား
သိချင်သိ မသိချင်နေပါ။
အချစ်နဲ့ပါတ်သတ်ရင်တော့ စိတ်ထဲမှာ ထရော်မာ တွေတုန်ခါနေဆဲပဲ။
အချစ်ရင်ခုန်သံဆိုတာ အများတကာလို မသာယာခဲ့ဘူး ဆိုပါတော့။
စိတ်ထဲက နုတ်ဆက်ပါတယ်။ စိတ်ထဲက စကားတွေ လှမ်းပြောပါမယ်။
သူ online ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ။


Saturday, July 04, 2015

သူလည်း ကိုယ့်လို ခံစားချက် ရှိရင်တော့ ကောင်းတာပေါ့

December 28, 2012 တုန်းကရေးခဲ့ဖူးတဲ့ အဟောင်းလေးပါ

--------------------------------------

သတိရတာလည်း ရတာပေါ့။
ငါ့စိတ်ထဲမှာတော့ခံစားရတာပါပဲ
ဟိုးအရင်တုန်းကလိုတော့ ရူသွပ်မှုမရှိပါဘူး
သံဝေဂလည်း အများကြီးရခဲ့ ပြီးပြီမို့ပါ
သူလည်း ကိုယ့်လို ခံစားချက် ရှိရင်တော့ ကောင်းတာပေါ့
တဖက်သတ် ခံစားချက်ဖြစ်လည်း
ကျင့်သားရနေပြီမို့ ဝမ်းတော့ မနည်းပါဘူး
မျဉ်းပြိုင်လိုဖြစ်နေတဲ့ ဘဝတွေ မပေါင်းဆုံနိုင်ဘူးလေ
အချစ်ဆိုတဲ့အရာက အိပ်မက်တခုလား
သိလားတော့ မသိဘူး
ကံကြမ္မာက ငြင်းပယ်ခြင်းတွေ ဆောင်ယူလာတတ်တယ်
ဘဝမှာတော့ နေတတ်ပါတယ်။
သတိရတာလည်း ရတာပေါ့။
ဒီလိုပဲ နိစ္စဓူဝ ကိစ္စတွေနဲ့ အချိန်တွေ စီးဆင်းသွားကြတာပဲ


Saturday, June 20, 2015

something in my heart...

ငါ့စိတ်တွေ တစ်စဆီ ပြန့်ကျဲနေတယ်။ ပြန်လိုက်ကောက်ပြီး သိမ်းဆည်းဖြစ်တော့မယ် မထင်ပါဘူး။ ရင်ထဲကအရမ်းချစ်မိတဲ့ မိန်းကလေးကိုတော့ စိတ်ထဲကနေ အရမ်းချစ်တာပဲလို့ ခဏခဏ ပြောဖြစ်တယ်။ သူ့ဟာသူ ကြားချင်ကြား မကြားချင်နေပေါ့လေ။ တကယ်တော့ တဖက်သတ်ချစ်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အရင်လိုပဲ ကံကြမ္မာကတော့ ငါ့ဘဝကို ပစ်မှတ်ထားတိုက်ခိုက်နေတုန်းပဲ။ သိသိသာသာပေါ့လေ။ ပြောမယ့်သာပြောရတာ ငါကလည်းငါပါပဲ။ ခုထိကတော့ ဘဝရဲ့ အဖြေကိုလည်း အရာရာတိုင်းမှာ လိုက်ရှာနေတုန်းပဲ။ လူသားမျိုးနွယ်စုရဲ့ အမှောင်ဘက်ခြမ်းကို အလင်းပေးဖို့လည်း မစွမ်းခဲ့ပါဘူး။ နောက်ဆုံးတော့ ဘဝဆိုတာ တော်လှန်ရေးပဲ မဟုတ်လား။ အနက်ရောင် ခါးသက်ခြင်းတွေ တစ်ကိုယ်လုံး ပျံ့နှံ့လာပြန်ပြီလား။ ဘဝဆိုတာ ဘဝဆိုတာ ဘဝဆိုတာ...


Tuesday, May 12, 2015

Interstellar

Interstellar ရုပ်ရှင် ကိုနာမည်ကြီးလို့ အထင်ကြီးနေတာ တကယ်ကြည့်လိုက်တော့ physics သဘောအရ အမှားတွေ အများကြီးပဲ။ black hole ရဲ့ gravity ကနေ လွတ်အောင် အင်ဂျင်တွေ အကုန်မောင်းပြီးထွက်တယ် လောင်စာကုန်သွားတဲ့အခါ အရှိန်နဲ့ ဆက်သွားတဲ့အခါကျ ပေါ့အောင်ဆိုပြီး lander module တွေကို ဖြုတ်လိုက်သတဲ့။ ဖြုတ်လိုက်တာနဲ့ ပင်မယာဉ်ကြီးက ဆက်သွားနေပြီး module တွေက black hole ထဲကို ကျသွားရောတဲ့။ ဒြပ်ဆွဲအား ကလည်း ဟိုဟာကြ သိပ်မဆွဲဘူး ဒီဟာကြ ပိုဆွဲလိုက်မယ်ဆိုပြီး ခွဲခြားဆက်ဆံသလား မသိတော့ဘူး။ တကယ်ဆို ပေါ့အောင်လည်း module တွေ ဖြုတ်ချစရာမလိုဘူး။ လောင်စာကုန်လို့ အင်ဂျင်တွေ ရပ်သွားကတည်းက နောက်ဆုံး အရှိန်နဲ့ တသတ်မှတ် ဆက်သွားရမယ့် အစား ဒြပ်ဆွဲအားက နောက်မှာ ရှိတော့ တဖြည်းဖြည်းနဲ့ အရှိန်နှေးသွား (decelerate) မယ်။ weight က ဘယ်လောက်ဖြစ်ဖြစ် အမြန်နှုံး အတူတူပဲ။ ဒါက ပထမတစ်ခုပါ။ နောက်ပြီးတော့ black hole ကျသွားတေ့လည်း လောင်ကျွမ်းသွားတာတွေ ဆွဲအားတအားပြင်းလွန်းလို့ ဆွဲဆန့်သွားတာမျိုးတွေ ဘာမှမဖြစ်ဘူး။ အေးဆေးပဲ။ အနာဂါတ်က လူတွေပဲ တည်ဆောက်ထားတယ်ဆိုတဲ့ tesseract ထဲရောက်သွားတယ်။ အဲဒီမှာ စဉ်းစားကြည့်လေ။ အာကာသကို သူသွားဖို့ အကြောင်းဖန်လာအောင် အာကာသထဲရောက်လာမှ အတိပ်ကို ပြန်ပြီး message ပို့တယ်ဆိုတော့... ပတ်ချာလည်နေပြီ။ tesseract ကြီးကို ဆောက်ထားတာလည်း ဒီ့ထက် အနာဂါတ်ကျတဲ့ အချိန်ကလူတွေက အခုလို ဖြစ်လာအောင် အချက်အလက်တွေပို့နိုင်ဖို့ ဆိုတော့ ...... လုံးဝကို မဖြစ်နိုင်ခြင်း loop ပတ်နေတယ်။ နောက် forum တွေမှာ လိုက်ဖတ်ကြည့်တော့ သူတို့ရေးထားတာတွေ အရဆိုရင် အချိန်ကုန် အရမ်းမြန်နေတဲ့ ဂြိုဟ်ဆိုရင် အဲ့လောက်မြန်တယ် ဆိုကတည်းက gravitational field အရမ်းပြင်းတဲ့နေရာရောက်နေလို့ပဲ။ အဲဒီဂြိုဟ်လည်း တစ်စဆီကြေမွနေလောက်ပြီတဲ့။ နောက်လည်း အများကြီးပဲ။ ဘာပဲဖြစ်ဖြစ် ကြည့်လို့တော့ ကောင်းပါတယ်။ မကြည့်ရသေးရင်တော့ ကြည့်လိုက်ကြပါအုံး


General Aung San said...