Blog of Nyein Chan Yar
Poisoned legends started to insurrect when the doomed sky refused to shine. Dathana blog here in the quest for the key of sky. -::::....:::::- (ငြိမ်းချမ်းရာ) "Nyein Chan Yar" means Sanctuary or Place of Serenity.
Wednesday, November 10, 2010
Thursday, July 29, 2010
Sunday, June 20, 2010
Saturday, April 24, 2010
Sunday, January 31, 2010
Wednesday, May 27, 2009
Wednesday, March 04, 2009
Nyein Chan Yar Reloaded
New URL of Nyein Chan Yar is http://dathana.byethost3.com/ .
Feed URL is http://feeds2.feedburner.com/dathana. I transferred new feed to the same feedburner address, so that my new posts from new blog will appear in your feed reader. Thank you everyone for not leaving me. My new blog looks quite plain in design for I have no time to touch the template and I can't wait until I make it. I just want to start with new posts.
see you @ http://dathana.byethost3.com/
Friday, February 06, 2009
Moving out
For this blogger.com and blogspot.com domains are banned in Burma, I'm starting a new blog on wordpress platform. For the time being, I closed comments on this blog. You know, these days I'm getting spam comments a lot. Strange that spammers can overcome the word verification. Yesterday, I got 107 spam comments within an hour.
Anyway, I'll post the new blog URL when confirmed. I want to make sure the hosting I chose is stable and reliable. So, please don't forget me. I'll be back.
From Nyein Chan Yar with love,
Dathana
Wednesday, September 24, 2008
Good news
ဆရာကြီးကတော့ ထက်ထက်မြတ်မြတ်နဲ့ ပြတ်ပြတ်သားသားပါပဲ။
နောက်တစ်ခုကတော့ email နဲ့ရောက်လာလေးတစ်ခု သဘောကျလို့ တင်ပေးလိုက်ပါတယ်။ Hip-Hop သီချင်းလို့ထင်တာပဲ။
မွေးရပ်မြေရဲ့ အကြောင်း (by ကောင်းကင်ကို)
ကမ္ဘာအနှံ့ က “ရွှေ”…တံဆိပ် လော်စပီကာ တွေ(ကောင်းကင်ကို)
ကူပါ ကယ်ပါ တကြော်ကြော်အော်နေရတဲ့
ကျွန်တော့်ရဲ့  မွေးရပ်မြေ အကြောင်း နဲ့ 
ခင်ဗျားတို့ နားထဲကို သံရည်ပူ လောင်းပါရစေ ။
ဆရာဝန်တွေက ဆေးရောင်း
အင်ဂျင်နီယာတွေက ဈေးရောင်း
တော်သူတွေအကုန် ဘေးဂျောင်း
လူငယ်တွေ အကုန် အတွေးစောင်း
ခွင်ရှာနိုင်မှ သူဌေးလောင်း ဖြစ်နိုင်မယ်။
အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်ရင်တော့ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ ကျွန်ခံဖို့  goကြပေဗျို့ ။
ညာဥ့်ငှက်မလေး တစ်ယောက်က ဖောက်သည်မျှော်
မိန်းမတန်ဖိုးကို ရောင်းဖို့ စောင့်နေမယ်နော်တဲ့။
ဈေးသည်မလေးတစ်ယောက်က ဝယ်သူမျှော်
အကြွေးပင်လယ်ကြီးထဲ ကယ်သူမပေါ်
ခေတ်ကြီးကိုက လည်သူဆော်
ရှေ့ နောက် မစဉ်းစားမိခဲ့တဲ့ မောင်နှံ
ရှိသမျှ ပစ္စည်းလေးတွေကို ပေါင်နှံ
မွေးလာမယ့် ကလေးကတော့ အချောင်ခံ။
ဂျာနယ်တွေက အတင်းအဖျင်း ရောင်းစား
လူပွဲစားတွေက အချင်းချင်း ရောင်းစား
လူတစ်ချို့ က လမ်းမတွေပေါ်မှာ တောင်းစား
ကလေးငယ် တစ်ယောက် မျက်နှာငယ်လေးနဲ့ ကျောင်းသွား
ပါရာဒို တစ်စီးက ဗွက်တွေ စင်အောင် မောင်းသွား
ငါတို့ ငိုသံတွေကို
အိမ်နီးချင်း နိုင်ငံတစ်ချို့ က မကြားချင်ယောင်ဆောင်နေကြတယ်။
ဖျာခင်းချင်သူ တစ်ချို့ ကလည်း သနားချင်ယောင်ဆောင်နေကြတယ်။
မီးခဲကိုင်ထားရသလိုပဲဆိုတဲ့ စေတနာရှင်တို့ ၊
ဦးတည်ချက် ဆယ့်နှစ်ရပ်နဲ့  လူ့ ပြည်ကိုဖျက်နေတာလား။
ခင်ဗျားတို့ စကားလုံး ကြီးကြီးတွေက ကော်ပီ သံစဉ်ပါ။
တစ်ပြည်လုံးလည်း နားညဉ်းနေပြီ… အော်ဂလီ ဆန်ချင်စရာ။
ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့လည်း
မနှစ်ကလည်း ဒီနေရာ
ဒီနှစ်လည်း ဒီနေရာ
ရပ်နေလည်း ဒီလောက်
ပြေးသွားလည်း ဒီလောက်မို့ 
ငါ့ ခြေထောက် တွေကတောင် ငါ့ကို ပြောတယ်။
သူတို့ ဆက်မလျှောက်ချင်တော့ဘူးတဲ့။
ငါ့လက်တွေကလည်း သစ္စာဖောက်ပြန်တယ်။
အရှုံးပေး လက်မြှောက်ပြီး ထောက်ခံတယ်။
ဒီလိုနဲ့ ...
စိတ်ထဲမှာပဲ သိမ်းထားနေရတဲ့ အိပ်မက်တွေလည်း ခေါက်ရိုးကြေ။
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက ဇောက်ထိုးတွေ။
လူ့ သက်တမ်း တစ်ဝက်ကျိုးပြီဆိုတဲ့ အချက်ပေးသံတွေလည်း မြည်လာပြီ။
ကျန်တဲ့သက်တမ်း တစ်ဝက်ကို ဆက်လျှောက်လှမ်းဖို့ တောင် အီလာပြီ။
“ဆန်တစ်ပြည်ကို ၁၅၀၀ တောင်” အဲဒါ အဘွားညဉ်းတဲ့ အသံ။
“မြန်မာပြည်ဟာ ဘယ်သူမှ မနေချင်ကြတော့တဲ့ အရပ် ဖြစ်သွားပြီ” အဲဒါ ခါးသီးတဲ့ အမှန်။
ဒီကြားထဲ…
နာဂစ်က တစ်ချက်မွှေ့ 
ဧရာဝတီက လူတွေခမျာ အသက်စေ့
တစ်ချို့ လူတွေကလည်း အကွက်ရွှေ့ 
အစိုးရ ကုလားထိုင်ကတော့ တစ်ချက်မရွေ့ 
မြန်မာပြည်ကြီးကတော့ ဝမ်းဗိုက်ဟောင်းလောင်းနဲ့ အခက်တွေ့။
အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်မှ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ ကျွန်ခံဖို့ goကြပေဗျို့ ။
Wednesday, April 16, 2008
Happy New Year
မင်္ဂလာရှိသောနှစ်သစ်ပါ လို့ အရင်ဆုံး နုတ်ဆက်ချင်ပါတယ်။ ကျွန်တော်လည်း ဒီနှစ် သင်္ကြန်တော့ အပြင်မထွက်ဖြစ်ပဲ အိမ်တွင်းပုန်းပဲ လုပ်နေလိုက်တော့တယ်။ အဲတော့ ဓါတ်ပုံလေးဘာလေးလည်း မတင်နိုင်တော့ဘူး။ ကောင်မလေးတွေ ဘယ်လောက်ကဲနေကြလဲ ဆိုတာ မမြင်လိုက်ရတော့ဘူး။ သင်္ကြန်လည်တဲ့ကားတွေ အိမ်ရှေ့က ဖြတ်သွားတာလောက်ပဲ မြင်ရတာပေါ့လေ။ ဒီနှစ် အများအော်ဆိုတဲ့ သီချင်းကလည်း အံ့သြစရာ၊ \"အိုးလေးလှုတ်ပါဟေ့\" တဲ့။ အဲဒါတစ်ကယ့် တရားဝင် ထွက်တဲ့သီချင်း၊ သိလား။ ဘာ hip-hop တွေလည်းမသိဘူး။ သံစဉ်ကလည်း eminem သီချင်းထင်တာပဲ။ စိတ်ပျက်စရာ။
အရင် post မှာ အားပေးစကား ပြောသွားကြတဲ့ မိတ်ဆွေတွေကိုတော့ အထူးအထူး ကျေးဇူးတင်ပါတယ်။ comment area မှာ reply ပြန်လို့မရလို့ မပြန်နိုင်တာကို နားလည်ပေးကြပါအုံး။ အရေးကျဲတာကတော့ reasonက အစုံပဲ။ ဟိုနေ့က စာရေးဆရာမကြီး လူထုဒေါ်အမာ ဆုံးသွားတာတောင် ၀မ်းနည်းကြောင်း post ရေးပြီးမှ connection ပြဿနာကြောင့် မတင်လိုက်ရဘူး။ ခေတ်ကြီးက မကောင်းဘူး… လို့ နှစ်သစ် နုတ်ခွန်းဆက်ရင်း မငြီးချင်ပါဘူး။ ကဲပါ… အကောင်းဆုံးအတွက် နှစ်သစ်မှာ… မြန်မာနိုင်ငံကြီး ငြိမ်းချမ်းပါစေ၊ စစ်အာဏာရှင် ပြိုလဲပါစေ… လို့ဆုတောင်းလိုက်ပါရစေ။