Sunday, May 28, 2017

နှစ်သစ်ကူးအတွေး

it was written on 2016Dec23. I forgot to post it here.
.
2016 ကုန်တော့မယ် ဆိုပါတော့
နှစ်သစ်ကျ ဘာလုပ်မယ်ညာလုပ်မယ် မကျွေးကြော်ချင်ပါဘူး
သေချာတာက အချိန်တွေ အကုန်မြန်နေတုန်းပဲဆိုတာ
ဆိုးရွားလိုက်တာများ
လူသားတစ်ဦးအတွက်တော့ နေ့ရက်တွေ မပြောင်းလဲ
အမှားတွေ အမှောင်တွေ ငကြောင်တွေ ဘာမှ မပြောင်းလဲ
အလုပ်တွေ အရှုတ်တွေ ကြားမှာ ငါ ငုတ်တုတ် ငိုက်နေမိသလား
ခဏလောက်နေပါအုံးလို့ ပြောချင်သေးတယ်
ငါတို့မှာလည်း
လူသားတစ်ယောက်အဖြစ်
ဖရိုဖရဲ စိတ်ကူးယဉ် အိပ်မက်တွေ ရှိသေးတယ်မဟုတ်လား

သက်သက်ရေ
ငါတို့တွေ အချစ်အကြောင်း မပြောဖြစ်ခဲ့မှတော့
ဝေးကွာလွမ်းဆွတ်ခြင်းအကြောင်းတွေလည်း မပြောကြစို့နဲ့
အတိပ်ဆိုတာ အချိန်ရဲ့လှည့်စားမှု
လှည့်စားမှုဆိုမှတော့ လူကို လှည့်လှည့်ပြီး စားသွားတာပေါ့
ဒီလိုနဲ့ပဲ လူသားဘဝတွေ လုံးပါးပါးကြ
ဘဝတွေလုံးပါးပါးခဲ့ကြ
ကိုယ်က အဲ့လိုတွေ ပြောတော့
မင်းရဲ့ နှစ်သစ်ကူးအတွေးတွေက
လှလည်းမလှဘူးလို့ ပြောကြမလားပဲ
လှလှ မလှလှပေါ့လေ
သုံးဆယ့်တစ်ရက်နေ့ကျ ဟက်ပီးနယူးရီးယားတို့ ဘာတို့
ပြောကြတာပေါ့ လို့စ်။

. MyoMinSoe 2016Dec23


Thursday, May 25, 2017

Vela Blue

Real name: Chen Man Qing (陳曼青)
Date of Birth: 4 March 1988.
陳曼青VelaBlue 20160211 3 Sexy Love (T-ara)

陳曼青VelaBlue 20160208 7 SUGAR FREE (T-ara)

The Cup Game by S White and Vela Blue! !

Vela Blue - OOH AHH하게 - Drum cover


Monday, May 15, 2017

so sick :(

ငါစိတ်​ထဲမှာ အ​ဝေးကြီးကို ထွက်​သွားခဲ့တယ်​ ကံဆိုးခြင်းတွေ လက်​လှမ်းမမှီတဲ့ ​နေရာဆီ အဆုံးမဲ့တဲ့ ခံစားချက်​​တွေထဲမှာ။ အဆိပ်​သင့်လွန်းတဲ့ ​နေ့ရက်​​တွေ တစ်​ရက်​ ပြီးတစ်​ရက်​။ ငါ့ခန္ဓာကိုယ်​ထဲမှာပဲ အဆိပ်​ပင်​​တွေ ရှင်​သန်​​ပေါက်​​ရောက်​​နေ​သလို။ သက်​သက်​​ရေ ... သက်​သက်​​ရေလို့ ​အော်​​ခေါ်​နေခဲ့တဲ့ ဒီအိမ်​မက်​​တွေထဲ။ ရင်​ဘတ်​ထဲ ဟင်းလင်းပွင့်ထွက်​ လှိုက်​ဟာ​သွားတဲ့ဒီအချိန်​ ဝဲဂယက်​တစ်​ခုထဲ ဆွဲဝင်​နစ်​မြုတ်​၊ ​နေ့နဲ့ည​တွေထပ်​ပြန်​တလဲလဲ။ ဒါဟာ အချိန်​ ဝဲသြဂ တစ်​ခုလား။ ဒီလို အသံမဲ့ ကမ္ဘာမှာ ငါက​ရော အခိုးအ​ငွေ့ တစ်​ခုလား။ ငါဖြစ်​တည်​ဆဲလား။
(အရင်​တစ်​ပါတ်​ နေမ​ကောင်​းတုန်​းက ​ရေးထားတာပါ။)