ငါစိတ်ထဲမှာ အဝေးကြီးကို ထွက်သွားခဲ့တယ် ကံဆိုးခြင်းတွေ လက်လှမ်းမမှီတဲ့ နေရာဆီ အဆုံးမဲ့တဲ့ ခံစားချက်တွေထဲမှာ။ အဆိပ်သင့်လွန်းတဲ့ နေ့ရက်တွေ တစ်ရက် ပြီးတစ်ရက်။ ငါ့ခန္ဓာကိုယ်ထဲမှာပဲ အဆိပ်ပင်တွေ ရှင်သန်ပေါက်ရောက်နေသလို။ သက်သက်ရေ ... သက်သက်ရေလို့ အော်ခေါ်နေခဲ့တဲ့ ဒီအိမ်မက်တွေထဲ။ ရင်ဘတ်ထဲ ဟင်းလင်းပွင့်ထွက် လှိုက်ဟာသွားတဲ့ဒီအချိန် ဝဲဂယက်တစ်ခုထဲ ဆွဲဝင်နစ်မြုတ်၊ နေ့နဲ့ညတွေထပ်ပြန်တလဲလဲ။ ဒါဟာ အချိန် ဝဲသြဂ တစ်ခုလား။ ဒီလို အသံမဲ့ ကမ္ဘာမှာ ငါကရော အခိုးအငွေ့ တစ်ခုလား။ ငါဖြစ်တည်ဆဲလား။
(အရင်တစ်ပါတ် နေမကောင်းတုန်းက ရေးထားတာပါ။)
(အရင်တစ်ပါတ် နေမကောင်းတုန်းက ရေးထားတာပါ။)
No comments:
Post a Comment
Note: Only a member of this blog may post a comment.