Wednesday, April 10, 2019

ဘဝကြီးပဲ ဖျားနေလား

Actually written on September 2, 2018 ·
ပဋိဇီဝဆေးတွေ တစ်လုံးပြီး တစ်လုံး
ကမ္ဘာကြီးပဲ ဖျားနေလား ဘဝကြီးပဲ ဖျားနေလား မသဲကွဲဘူး
ပိုးမွှားတွေနဲ့ နေ့ရက်တွေ တဆစ်ဆစ် လှိုက်စားသွားတဲ့ အခါ
ကမ္ဘာ့ဒြပ်ဆွဲအားကပဲ ယိုင်လာနေသလို ဘဝကြီးကပဲ ယိုင်လာနေသလိုပဲ
ဟိုး... အဝေးကြီးမှာ တိတ်ဆိပ်ခြင်းမှာ အသက်ရှူသံ ။
အရောင်တွေ တဖျက်ဖျက်လက် ကြယ်ပွင့်တွေ ကြွေ ဒီ ခန္ဓာကိုယ်က လေးလံပိကျလာတယ်
အခါး ပါးစပ်ထဲက အခါး ဘဝထဲက အခါး ရင်ဘတ်ထဲက အခါးတွေ
အနက်ရောင် ခါးသက်ခြင်းတွေထဲ ကနေ ရုန်းကန်ရင်းပဲ
အဲ့ဒီ ပိုးမွှားတွေ နဲ့ မောဟိုက်နေတဲ့ အသံ။ အဝီဝီ ကြိတ်ခြေနေသလို ခေါင်းထဲမှ လှည့်ပတ်နေတဲ့အသံ
ဟင်းလင်းပြင်။ လွင့်ခနဲ ကျသွားတယ်။ ရင်ဘတ်တခုလုံး ဟင်းလင်းပွင့်သွားသလို။
အော်ခေါ်နေမိတယ်။ လွင့်မြောနေတဲ့ တစစီဖြစ်သွားတဲ စိတ်အာရုံထဲမှာ
အာခေါင်ခြစ်ပြီး အသံတိပ် အော်နေမိတဲ့ နာရီ စက္ကန့်
ည၊ အမှောင်။ အလင်းရောင်။ နာရီသံ။ အားလုံး လေးတိလေးကန်နိုင်လွန်းတယ်
နံရံတွေ ပါးလွှာလွန်းတယ်။ တံခါးတွေ ပိတ်ထားလိုက်ပါလား။ အားလုံး ဆူညံလွန်းလို့ပါ။
ဖရိုဖရဲ လွင့်ပျံနေတဲ့ အရိပ်တွေ ယိမ်းထိုး နေကြ။ ဒြပ်ဆွဲအားရဲ့ လားရာမဲ့ ဝဲဩဃ တစ်ခုလို
နေ့ရယ်မသိ ညရယ်မရှိ အလင်းတွေ ကွယ်ပျောက်။
ရီဝေနေတဲ့ အမြင်အာရုံမှာ နုတ်ဆက်အလွမ်း။
() .

No comments:

Post a Comment

Note: Only a member of this blog may post a comment.