Saturday, July 04, 2015

သူလည်း ကိုယ့်လို ခံစားချက် ရှိရင်တော့ ကောင်းတာပေါ့

December 28, 2012 တုန်းကရေးခဲ့ဖူးတဲ့ အဟောင်းလေးပါ

--------------------------------------

သတိရတာလည်း ရတာပေါ့။
ငါ့စိတ်ထဲမှာတော့ခံစားရတာပါပဲ
ဟိုးအရင်တုန်းကလိုတော့ ရူသွပ်မှုမရှိပါဘူး
သံဝေဂလည်း အများကြီးရခဲ့ ပြီးပြီမို့ပါ
သူလည်း ကိုယ့်လို ခံစားချက် ရှိရင်တော့ ကောင်းတာပေါ့
တဖက်သတ် ခံစားချက်ဖြစ်လည်း
ကျင့်သားရနေပြီမို့ ဝမ်းတော့ မနည်းပါဘူး
မျဉ်းပြိုင်လိုဖြစ်နေတဲ့ ဘဝတွေ မပေါင်းဆုံနိုင်ဘူးလေ
အချစ်ဆိုတဲ့အရာက အိပ်မက်တခုလား
သိလားတော့ မသိဘူး
ကံကြမ္မာက ငြင်းပယ်ခြင်းတွေ ဆောင်ယူလာတတ်တယ်
ဘဝမှာတော့ နေတတ်ပါတယ်။
သတိရတာလည်း ရတာပေါ့။
ဒီလိုပဲ နိစ္စဓူဝ ကိစ္စတွေနဲ့ အချိန်တွေ စီးဆင်းသွားကြတာပဲ


No comments:

Post a Comment

Note: Only a member of this blog may post a comment.