Tuesday, July 07, 2015

သူ online ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ။

ကိုယ်ချစ်မြတ်နိုးရသူက တစ်ပါးသူကမ်းတဲ့လက်ကိုမှ ဆုတ်ကိုင်လိုက်တဲ့အခါ
ကမ္ဘာမြေကြီး ၉၀' တိမ်းစောင်းသွားတယ်ဆိုတာသိလား
မိုးကောင်းကင်က ကိုယ်နဲ့အတူ ချုံးပွဲချငိုတယ်ဆိုတာသိလား
အရောင်စုံတဲ့လောကကြီးက အားလုံးမဲနက်သွားတယ်ဆိုတာသိလား
ကြေကွဲမှုတွေနဲ့ ကမ္ဘာမြေ တိတ်ဆိပ်သွားတာ သိလား
သိချင်သိ မသိချင်နေပါ။
အချစ်နဲ့ပါတ်သတ်ရင်တော့ စိတ်ထဲမှာ ထရော်မာ တွေတုန်ခါနေဆဲပဲ။
အချစ်ရင်ခုန်သံဆိုတာ အများတကာလို မသာယာခဲ့ဘူး ဆိုပါတော့။
စိတ်ထဲက နုတ်ဆက်ပါတယ်။ စိတ်ထဲက စကားတွေ လှမ်းပြောပါမယ်။
သူ online ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ။


No comments:

Post a Comment

Note: Only a member of this blog may post a comment.