Thursday, March 27, 2014

Sci and Tech news 2014-03-18

ဒရမ်တီးနိုင်တဲ့ စက်လက်အတု
အရင်တစ်ပါတ်က ထိတွေ့မှုကိုခံစားနိုင်တဲ့ လက်အတုအကြောင်း ဖေါ်ပြခဲ့တာ မှတ်မိကြလိမ့်မယ်လို့ ထင်ပါတယ်။ အခု နောက်ထပ် တစ်မျိုးကို တော့ Georgia Tech တက္ကသိုလ်မှ ပါမောက္ခ Gil Weinberg က ဒရမ်တီးနိုင်တဲ့ စက်လက်အတုကို တီထွင်ခဲ့ပါတယ်။ ဒရမ်ရိုက်ချက် ကို စက်မောင်းတံနဲ့ ရိုက်ခတ်ဖို့ ကို လက်ရဲ့ အာရုံကြောက ပို့လွှတ်တဲ့ အချက်ပြလှိုင်းကို electromyographyန နည်းနဲ့ ဆက်သွယ် လုပ်ဆောင်ပါတယ်။ ထူးခြားတာကတော့ နောက်ထပ် အလိုအလျောက် ဒရမ်ခေါက်တံတစ်ချောင်းက လက်နှစ်ဘက်က တီးနေတဲ့ သံစဉ်ပေါ် မူတည်ပြီး စည်းချက် ဖြည့်စွက် တီးခတ်ပေးမှာ ဖြစ်ပါတယ်။ တီးခတ်မှု ဗွီဒီယို https://www.youtube.com/watch?v=ntrlHw6f4E4

သူသားနှင့်စက်ရုပ်ပြိုင်ပွဲ
ဂျာမဏီနိုင်ငံက စက်ရုပ်လုပ်ငန်း Kuka က စားပွဲတင်တင်းနစ် ရိုက်နိုင်တဲ့ စက်ရုပ် Agilus ကို ထုတ်လုပ်ခဲ့ပြီး ဂျာမန် ချန်ပီယံ Timo Boll နဲ့ ယှဉ်ပြိုင်ကစားရာမှာ အစပိုင်းမှာ လူသားက ရှုံးနိမ့်ခဲ့ပေမယ့် Agilus စက်ရုပ်ကို ပြုလုပ်သူ လူသားတွေရဲ့ တီထွင်နိုင်စွမ်းကို တော့ youtube ဗွီဒီယို https://www.youtube.com/watch?v=tIIJME8-au8 မှာ ကြည့်ရှုနိုင်ပါတယ်။

Googleရဲ့ Project Ara
လက်ရှိခေတ်မှာ စားပွဲတင်ကွန်ပြူတာတွေတစ်လုံး ဝယ်ယူတဲ့အခါမှာ စိတ်ကြိုက် အစိတ်အပိုင်း တစ်မျိုးချင်းစီ ဝယ်ယူ တပ်ဆင်နိုင်ကြသို လက်ကိုင်ဖုန်းတွေကိုလည်း စိတ်ကြိုက် ပရိုဆက်ဆာ၊ စိတ်ကြိုက် ကင်မရာ။ စိတ်ကြိုက် မှတ်ဉာဏ်သိုလှောင်မှု စသည်ဖြင့် တပ်ဆင်နိုင်မယ် တပ်ဆင်နိုင်တဲ့ဖုန်း စနစ်ကို ဂူးဂဲလ်က Ara ဆိုတဲ့ ပရောဂျက်အမည်နဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဧပြီ ၁၅−၁၆ ရက်တွေမှ ဒီ အာရာ ပရောဂျက် ကွန်ဖရင့်တပ်ရပ်ကျင်းပဖို့ စီစဉ်ထားပါတယ်။

ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို 3D printerနဲ့ တည်ဆောက်ခြင်း
ပြီးခဲ့တဲ့အပါတ်အတွင်းမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို 3D printer နဲ့တည်ဆောက် ကုသတဲ့ သတင်းနှစ်ရပ် ရှိပါတယ်။ ပထမသတင်းကတော့ အသက် ၂၉နှစ်အရွယ် Stephen Power ဟာ ဆိုင်ကယ်မတော်တဆဖြစ်ပြီး ဦးခေါင်းခွံ ကျိုးကြေခဲ့ရတဲ့ အပိုင်းတွေကို Morriston ဆေးရုံက Adrian Sugar ဦးဆောင်တဲ့ အဖွဲ့က 3D printer တစ်မျိုးနဲ့ လိုအပ်တဲ့ ဦးခေါင်းခွံအပိုင်းကို ပြုလုပ်ပြီး ကုသပေးခဲ့ကြပါတယ်။ နောက်သတင်းကတော့ Harvard တက္ကသိုလ်က Jennifer Lewis ဦးဆောင်တဲ့ သုတေသီ အဖွဲ့ရဲ့ ပိုမို ရှုပ်တွေး အဆင့်မြင့်တဲ့ စမ်းသပ် သုတေသနဖြစ်ပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်း ကြွက်သားတစ်ရှုး တွေကို 3D printer နဲ့ ပြုလုပ်တဲ့အခါမှာ တစ်ရှုးထဲမှာ သွေးကြောလေးတွေကိုပါ ထည်ုသွင်းတည်ဆောက် နိုင်ခဲ့ကြပါတယ်။




No comments:

Post a Comment

Note: Only a member of this blog may post a comment.