Thursday, March 27, 2014

Science and Technology news of the week

Facebook က Oculus VR ကို ဝယ်ယူ
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
Oculus VR ဆိုတာကတော့ Oculus Rift လို့ခေါ်တဲ့ ပုံရိပ်ယောင်မြင်ကွင်းစစ် (virtual reality) ကိရိယာကို တီထွင်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အခုဒီကုမ္ပဏီကို Facebook က ဒေါ်လာ သန်း နှစ်ထောင်နဲ့ ဝယ်ယူလိုက်ပါတယ်။ လက်ရှိတော့ ဒီကိရိယာဟာ ဂိမ်းကစားဖို့ အဓိက ထားပေမယ့် နောက်တစ်ဆင့် အနေနဲ့ အဝေးက ဆရာဝန်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံနိုင်သလို အဝေးသင် ကျောင်းကဲ့သို့ စာသင်ခန်းကိုလည်း အိမ်ကနေပဲ တက်ရောက်နိုင်တာမျိုးလို အကျိုးရှိတဲ့ အသုံးချ နည်းပညာတစ်ခု ဖြစ်လာမယ်လို့ Facebook တည်ထောင်သူ Mark Zuckerberg ကပြောကြားပါတယ်။ ဒီလိုကိရိယာမျိုးကို တီထွင်နေကြောင်းကို ဆိုနီကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ Consumer Electronics Show မှာ နမူနာ ပြသခဲ့ပါတယ်။

×××××××××××××××××××××
Samsung က smart နာရီစျေးနှုန်းများကြေငြာ
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
အရင်အပါတ်က Mobile World Congress မှာ ပြသခဲ့တဲ့ Samsung ရဲ smart နာရီစျေးနှုန်းတွေကို ကြေငြာလိုက်ပါတယ်။ Gear 2 Neo ကတော့ $199 ဖြစ်ပြီး ကင်မရာပါတဲ့ Gear 2 ကတော့$299ဖြစ်ပါတယ်။ ကွေးညွတ်ထားတဲ့ screen နဲ့ Gear Fit ကတော့ $199 ဖြစ်ပါတယ်။

×××××××××××××××××××××
Android Wear
−−−−−−−−−−−−−−−−−−−−
လက်ရှိ smart နာရီမျိုးစုံ ထွက်လာတဲ့ခေတ်မှာ ဂူးဂဲလ်က သူ့ရဲ့ Android အမျိုးအစားသစ် Android Wear ကို smart နာရီတွေအတွက် operating system အဖြစ် ထုတ်လုပ်ပေးလိုက်ပါတယ်။ ပထမဆုံး Android Wear ကိုအသုံးပြုထားမယ့် နာရီတွေကတော့ Motorola ရဲ့ Moto 360 နဲ့ LG G Watch တို့ ဖြစ်ပါတယ်။

××××××××××××××××××××
မလေးရှားလေကြောင်းခရီးစဉ် ၃၇၀ နဲ့ပါတ်သတ်၍
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
Swift လို့ခေါ်တဲ့ aircraft data-streaming system ကို တောင်အမေရိကနဲ့ ဥရောပဘက်ကို ပျံသန်းတဲ့ လေယာဉ်တွေမှာ တပ်ဆင်ဖို့ ညွှန်ကြားထားပေမယ့် အာရှဘက်မှာ ပျံသန်းတဲ့ လေယဉ်တွေမှာ တပ်ဆင်ဖို့ သတ်မှတ်ချက်မရှိပါဘူး။ လေယာဉ်မှာ ပုံမှန်ပါတင်တဲ့ Communications Addressing and Reporting System ပျက်သွားရင်တောင်မှ Swift က ဆက်လက် အလုပ်လုပ်နိုင်မှာ ဖြစ်ပြီး လေယာဉ် အမြန်နှုန်း၊ ဆီသုံးစွဲမှု အင်ဂျင်အခြေအနေ ဦးတည်ရာ အမြင့်ပေ စတာတွေကို ဂြိုဟ်တုဆီ တိုက်ရိုက် ပို့လွှတ်နိုင်တဲ့အတွက် တပ်ဆင်ထားမယ်ဆိုရင် လေယာဉ်ကို ရှာရမခက်ဘူးလို့ သိရပါတယ်။ အခု ခရီးစဉ် ၃၇၀ ကိုရှာတာမှာ မိုင်ပေါင်း ၂.၂၄ သန်း အကျယ်အဝန်းကို ရှာခဲ့ကြပေမယ့် မတွေ့နိုင်သေးပါဘူး။


××××××××××××××××××××××××

No comments:

Post a Comment

Note: Only a member of this blog may post a comment.