blog မရေးဖြစ်တာ အရမ်း ကြာသွားပြန်ပြီ။ အဖေ ဆေးရုံတက်နေရတာက ရက်တွေရှည်လာတယ်။ ဦးနှောက်ရောင်တာ ဆိုတော့ အတော်ဆုံး ဆရာဝန်နဲ့ ကုတာတောင် သိသာတဲ့ တိုးတက်မှု မရှိဘူး။ aging ဆိုတာကလည်း cell တစ်ခုချင်းတိုင်း ရဲ့ ယိုယွင်းမှုပဲလေ။ အသက်ကြီးရင် ကုရခက်တယ်ပေါ့။ စိတ်လည်း အရမ်းညစ်ရတယ်။ ရင်ထဲမှာတော့ စိတ်ညစ်ခြင်းတွေပဲ ပြန့်ကျဲနေတယ်။ ဘဝက မှိန် မှိန်လာတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လူ့ဘဝ ဆိုတော့လည်း ဒီလို နာကျင်မှုတွေ ရှိတာ ခံယူတတ်ရမယ် ထင်ပါရဲ့။ ရင်ထဲက လာတဲ့ အဖြေမရှိတဲ့ မေးခွန်းတွေ နဲ့လည်း နေတတ်ရအုံးမယ်။ စိတ်ဆန္ဒတွေ နောက် လိုက်ရင်း မောနေရတဲ့ လူသား ဘဝပါပဲ။
ဒီနောက်ပိုင်း နိုင်ငံရေး ကိစ္စတွေတောင် မပြောဖြစ်တာကြပြီ။ သိန်းစိန် အစိုးရကို မျှော်လင့် ကြတဲ့ လူတွေက မျှော်လင့် ကြတယ်။ သန်းရွှေ ခေတ်က ဖမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသမားတွေ လွှတ်မပေးမှတော့ သူတို့ရဲ့ ရုပ်သွင်က ရှင်းနေတာပဲ။ အန်တီစုနဲ့ ပါတ်သတ်ပြီး ပြောင်းလဲလာတာတော့ ကြိုဆိုပါတယ်။ အန်တီစုကို ပြည်တွင်းဂျာနယ်တွေမှာ ရှေ့ဆုံးက ပုံအကြီးကြီးနဲ့ interview တွေ ဆောင်းပါးတွေ မှာတွေ့လာရတယ်။ နိုင်ငံရေး အကြံပေးတွေ ဘာတွေရဲ့ တိုက်တွန်းမှုတွေ ပဲလို့ထင်ပါတယ်။ နိုင်ငံအတွက် ထိရောက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာဖို့တော့ လိုနေသေးတယ်။
Internet censorship ကိုတော့ တော်တော် လျှော့ပေးလိုက်တာပဲ။ irrawaddy, mizzima, bbc, စတဲ့ သတင်းsite တွေကအစ ဖွင့်ပေးလိုက်တယ်။
ဧရာဝတီ မြစ်ဆုံ ရေကာတာ ကိစ္စကလည်း ပြည်သူတွေ ဒီလောက် ကန့်ကွက်နေတာတောင်ဇော်မင်းဆိုတဲ့ အောက်တန်းစားဝန်ကြီးက လူမိုက်ဆန်ဆန် သူလုပ်ချင်တာ လုပ်မယ်ဆိုတာ ပြောသွားတယ်။ နိုင်ငံရဲ့ သဘာဝ ပန်းဝန်းကျင်ကို ရောင်းစားနေတဲ့ တနပ်စား သမား အောက်တန်းစားတွေပဲ။
ဒီ blogရဲ့comment တွေ လောလောဆယ်ပိတ်ထားတယ်။ ဟိုရက်ပိုင်းက spam bot တွေ သောင်းကျန်းသွားတာ comment နှစ်သောင်းကျော် ဝင်လာတယ်။ ဒီတိုင်းတော့ အဲ့ဒါတွေ ဘယ်လို ဖျက်ရမှန်းကိုမသိဘူး။ database မှာ comment table ကို empty လုပ်ပလိုက်ရတယ်။ comment အစစ်ကလည်း နှစ်ခုသုံးခုပဲ ရှိတာပါ။ အဲဒါပါ ပါသွားတယ်။ မတတ်နိုင်တော့ဘူး။
.