Friday, May 26, 2006

When darkness falls

နေ့စဉ် ထွက်ပေါ်နေကျ နေ့အလင်းရောင် နောင်တစ်ကြိမ် ထွက်ပေါ်မလာ တော့ပြီ။
ဘ၀ရဲ့လမ်း တွေမှာ အမှောင်ထုသာ ပိုမို နက်ရှိုင်းလာခဲ့တယ်။ အမှောင်လွှမ်းတဲ့ လမ်းတွေကို ဖြတ်လျှောက်ရတဲ့အခါ ကျွန်တော်ဟာ တစ်ယောက်ထဲပါ။

နှလုံးသာရဲ့ ခံနိုင်အားတွေ ပြတ်တောက် သွားတဲ့အထိ ဒဏ်ရာတွေ လေးလံ ပိကျလာခဲ့တယ်။ ဒုက္ခတရားတွေ ပင့်ကူမျှင်လို နွယ်ယှက်၊ အထွက်လမ်းတွေကို ပိတ်ဆို့ခဲ့ကြတယ်။ လူသား အားလုံးကလည်း မကောင်း ဆိုးဝါးက ဖြားယောင်းထားတဲ့ အလား ကျွန်တော့်ကို ငြင်းပယ်ကြတယ်။ အုံ့ဆိုင်းလာတဲ့ အနက်ရောင် မိုးကောင်းကင်အောက်မှာ အမှောင်ထုရဲ့ စိမ့်ဝင် စီးဆင်းသံ သဲ့ သဲ့၊ အနက်ရောင် တိမ်တိုက် တွေရဲ့ အတောင်ပံ ခတ်သံ တဖျက်ဖျက် ကို ကြားနေရချိန်တွေ မှာ၊ အိပ်ရာက နိုးထချိန်တွေ တိုင်း  ခမ်းခြောက်ခြောက် အိပ်မက်ဆိုးတွေ  သွေးထဲ ဖြတ်စီး နေတာကို  ကြားနေရချိန်တွေ မှာ၊  ( အသံတိတ်) တီးတိုး ရေရွတ် နေမိတယ်... အနက်ရောင် ခါးသက်ခြင်းတွေရယ် ရပ်တန့်ပါတော့။

ဘ၀ရဲ့လမ်း တွေမှာ အရောင်အားလုံး  အနက်ရောင်သို့ တစစ ပြောင်းသွားခဲ့တယ်။ အမှောင်လွှမ်းတဲ့ လမ်းတွေကို ဖြတ်လျှောက်ရတဲ့အခါ ကျွန်တော်ဟာ တစ်ယောက်ထဲပါ။ နှစ်ပေါင်း တစ်သောင်းက ၀ိညာဉ်တို့ လာပါ၊ ကျွန်တော် သင်တို့နဲ့ လိုက်ခဲ့ ပါရစေ။


Previous posts in this category:


2 comments:

  1. hi Scream
    My name is Nay Zaw Aung,i am a student and also a musician in Taiwan,i am really in to your poem,if you don't mind i would like to write a song about this article"When darkness falls"
    if you see this pls contact with me
    my email ericduan76@gmail.com

    ReplyDelete
  2. It’s ok. Feel free to use it. I just wrote what I feel. There is no copyright copyleft. I really appreciate ur acknowledgement. And I will be glad if you send me ur song as a gift when finish. :-)

    ReplyDelete

Note: Only a member of this blog may post a comment.