Monday, March 31, 2008

How are you?


မရေးတာကြာလို့ ကျွန်တော် သေပြီလားဆိုပြီးတောင် ဘယ်သူမှမမေးကြဘူး။ အားပေးတဲ့သူ အဲ့လောက်များတဲ့ ဘလော့ဂါ။ ပူလိုက်တဲ့ ရန်ကုန်နွေ ငရဲလိုပဲ။ ဒီအပူဒါဏ်နဲ့ ဘာလုပ်လုပ် ပင်ပန်း။ နဂိုထဲက ကျန်းမာရေးက မကောင်းတော့၊ စိတ်ပင်ပန်း လူပင်ပန်းပဲ။ (ညည်းချင်လို့ ရေးလိုက်တာပါ။ ဟုတ်ပါတယ်။) တစ်ခါတစ်ခါ တိတ်တိတ်ဆိတ်ဆိတ် အေးအေးလူလူ တစ်နေရာမှာ တစ်ယောက်တည်း တိတ်တိတ်လေး စကားမပြောပဲ ထိုင်နေချင်တယ်။ ဒီမှာက မီးတွေကပျက်တော့ မီးစက်တွေကဆူ၊ ပူတာရောဆူတာရော။ နိုင်ငံရေးအခြေအနေ ကလည်းမကောင်း။ နအဖကလည်း ပြုတ်မကျသေး။ တွေးလိုက်တိုင်း ရင်လေးတယ်။ ဒေါကန်တယ်။ ဒါတွေပေါ့လေ။ ရေးမှာပါ။ ဆက်ရေးမှာပါ။ ဆက် blogမှာပါ။ :)
အားလုံးပဲ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ကြပါစေ။
with love,
Eccentric Ghost

9 comments:

  1. အသံတိတ်အားပေးနေလို့ပါခင်ဗျ။ အမြဲတမ်း လာဖတ်ပါတယ် ကိုဒဿန။ ဆက်ပြီး ဘလော့နေမယ်ဆိုလို့လည်း ၀မ်းသာပါတယ်။

    ဒါနဲ့။ ဟိုရှေ့က ဆူညံညံဆိုရင်တော့ ဘာသံလို့ မမေးနဲ့။ မီးစက်သံပဲခင်ဗျ။ လို့ ပြောရမယ်။ တကယ် စိတ်ညစ်စရာ ကောင်းပါတယ် အကိုရာ။

    ReplyDelete
  2. အားပေးတယ်။ဆက်ရေးပါ။

    ReplyDelete
  3. ဟုတ်တယ်နော်။ ဘယ်သူမှမေးဖော်မရရင်စိတ်မကောင်းဘူး။ :P အားပေးနေပါတယ်။ ဆက်ရေးပါ။

    ReplyDelete
  4. မိုးမြင့်......
    “သေပြီလား” မမေးလို့ အားငယ်မနေပါနဲ့ 
    “ရန်ကုန်နွေ ငရဲလိုပဲ” ဆိုတာ အညာသား
    ဒီနေ့ မှ သိလိုက်ရလို့ ခံစားရင်း အားပေးခဲ့ ပါတယ်....

    ReplyDelete
  5. မြောက်ဥက္ကလာအ၀ိုင်းမှာ ကားကြပ်နေလို့ နောက်ကျမှပဲ ရောက်ရတော့တယ်... ဆောရီး... ယပ်တောင်တွေတောင် ဝေလို့ ကုန်ပြီလား... ကိုယ့်ဖို့မှ မသိ..ဟား ဟား.. နောက်တာ... ကိုဒဿနကြီးကို အခုလို အရှင်လတ်လတ်ပြန်တွေ့ရတာ.. ၀မ်းသာပါတယ်.. ဆက်ပါ... ဘလော့ဂ်ပါ...ဂေါ်ဂယ်ကုမ္ပဏီ ဒေ၀ါလီ မခံမချင်း ဘလော့ဂါပါဗျာ...

    ReplyDelete
  6. i subscribed u in google reader some time ago and i do read ur entries. and apparently, it seems like i'm not the only one. =)

    ReplyDelete
  7. invite me
    nitikiti@gmail.com
    www.uhlhosting.com

    ReplyDelete
  8. သေပြီလား? :)

    ReplyDelete
  9. ခေတ်သစ်ညည်းချင်းဖွင့်နည်းလေးက ကောင်းပါတယ်။ ကိုယ်တိုင်လဲ အဲသလိုလေးညည်းချင်ပါတယ်။ ဖတ်မယ့်လူ နားထောင်မယ့်လူ ရှိရင်ပေါ့.. လာလည်သွားပါတယ် (လင်းအာရုဏ်။ http://linnaryone.blogspot.com)

    ReplyDelete

Note: Only a member of this blog may post a comment.