Wednesday, September 24, 2008

Good news

This morning Burma got a good news. I was very happy to know that our respected journalist  U Win Tin was released. His is still strong and well determined to stand in front of people.
ဆရာကြီးကတော့ ထက်ထက်မြတ်
မြတ်နဲ့ ပြတ်ပြတ်သားသားပါပဲ။


နောက်တစ်ခုကတော့ email နဲ့ရောက်လာလေးတစ်ခု သဘောကျလို့ တင်ပေးလိုက်ပါတယ်။ Hip-Hop သီချင်းလို့ထင်တာပဲ။


မွေးရပ်မြေရဲ့ အကြောင်း (by
ကောင်းကင်ကို)


ကမ္ဘာအနှံ့ က “ရွှေ”…တံဆိပ် လော်စပီကာ တွေ
ကူပါ ကယ်ပါ တကြော်ကြော်အော်နေရတဲ့
ကျွန်တော့်ရဲ့  မွေးရပ်မြေ အကြောင်း နဲ့ 
ခင်ဗျားတို့ နားထဲကို သံရည်ပူ လောင်းပါရစေ ။
ဆရာဝန်တွေက ဆေးရောင်း
အင်ဂျင်နီယာတွေက ဈေးရောင်း
တော်သူတွေအကုန် ဘေးဂျောင်း
လူငယ်တွေ အကုန် အတွေးစောင်း
ခွင်ရှာနိုင်မှ သူဌေးလောင်း ဖြစ်နိုင်မယ်။
အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်ရင်တော့ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ ကျွန်ခံဖို့  goကြပေဗျို့ ။
ညာဥ့်ငှက်မလေး တစ်ယောက်က ဖောက်သည်မျှော်
မိန်းမတန်ဖိုးကို ရောင်းဖို့ စောင့်နေမယ်နော်တဲ့။
ဈေးသည်မလေးတစ်ယောက်က ဝယ်သူမျှော်
အကြွေးပင်လယ်ကြီးထဲ ကယ်သူမပေါ်
ခေတ်ကြီးကိုက လည်သူဆော်
ရှေ့ နောက် မစဉ်းစားမိခဲ့တဲ့ မောင်နှံ
ရှိသမျှ ပစ္စည်းလေးတွေကို ပေါင်နှံ
မွေးလာမယ့် ကလေးကတော့ အချောင်ခံ။
ဂျာနယ်တွေက အတင်းအဖျင်း ရောင်းစား
လူပွဲစားတွေက အချင်းချင်း ရောင်းစား
လူတစ်ချို့ က လမ်းမတွေပေါ်မှာ တောင်းစား
ကလေးငယ် တစ်ယောက် မျက်နှာငယ်လေးနဲ့ ကျောင်းသွား
ပါရာဒို တစ်စီးက ဗွက်တွေ စင်အောင် မောင်းသွား
ငါတို့ ငိုသံတွေကို
အိမ်နီးချင်း နိုင်ငံတစ်ချို့ က မကြားချင်ယောင်ဆောင်နေကြတယ်။
ဖျာခင်းချင်သူ တစ်ချို့ ကလည်း သနားချင်ယောင်ဆောင်နေကြတယ်။
မီးခဲကိုင်ထားရသလိုပဲဆိုတဲ့ စေတနာရှင်တို့ ၊
ဦးတည်ချက် ဆယ့်နှစ်ရပ်နဲ့  လူ့ ပြည်ကိုဖျက်နေတာလား။
ခင်ဗျားတို့ စကားလုံး ကြီးကြီးတွေက ကော်ပီ သံစဉ်ပါ။
တစ်ပြည်လုံးလည်း နားညဉ်းနေပြီ… အော်ဂလီ ဆန်ချင်စရာ။
ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့လည်း
မနှစ်ကလည်း ဒီနေရာ
ဒီနှစ်လည်း ဒီနေရာ
ရပ်နေလည်း ဒီလောက်
ပြေးသွားလည်း ဒီလောက်မို့ 
ငါ့ ခြေထောက် တွေကတောင် ငါ့ကို ပြောတယ်။
သူတို့ ဆက်မလျှောက်ချင်တော့ဘူးတဲ့။
ငါ့လက်တွေကလည်း သစ္စာဖောက်ပြန်တယ်။
အရှုံးပေး လက်မြှောက်ပြီး ထောက်ခံတယ်။
ဒီလိုနဲ့ ...
စိတ်ထဲမှာပဲ သိမ်းထားနေရတဲ့ အိပ်မက်တွေလည်း ခေါက်ရိုးကြေ။
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက ဇောက်ထိုးတွေ။
လူ့ သက်တမ်း တစ်ဝက်ကျိုးပြီဆိုတဲ့ အချက်ပေးသံတွေလည်း မြည်လာပြီ။
ကျန်တဲ့သက်တမ်း တစ်ဝက်ကို ဆက်လျှောက်လှမ်းဖို့ တောင် အီလာပြီ။
“ဆန်တစ်ပြည်ကို ၁၅၀၀ တောင်” အဲဒါ အဘွားညဉ်းတဲ့ အသံ။
“မြန်မာပြည်ဟာ ဘယ်သူမှ မနေချင်ကြတော့တဲ့ အရပ် ဖြစ်သွားပြီ” အဲဒါ ခါးသီးတဲ့ အမှန်။
ဒီကြားထဲ…
နာဂစ်က တစ်ချက်မွှေ့ 
ဧရာဝတီက လူတွေခမျာ အသက်စေ့
တစ်ချို့ လူတွေကလည်း အကွက်ရွှေ့ 
အစိုးရ ကုလားထိုင်ကတော့ တစ်ချက်မရွေ့ 
မြန်မာပြည်ကြီးကတော့ ဝမ်းဗိုက်ဟောင်းလောင်းနဲ့ အခက်တွေ့။
အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်မှ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ ကျွန်ခံဖို့ goကြပေဗျို့ ။
(ကောင်းကင်ကို)

5 comments:

  1. ဗျို့ .. ကိုကြီးဒဿန .. မေ့လောက်ပြီရှိမှပဲ ပြန်ပြန်ပေါ်လာတော့တယ် ။ အင်း .. အားသလို စိတ်ပါသလိုသာရေးပါဗျာ ။ ကျနော်တို့ လည်း အားသလိုသာ လာဖတ်တာပေါ့ ။
    အဲ့ဒီ အကို့ မေးလ်ထဲရောက်လာတာ ဟစ်ဟော့ သီချင်း မဟုတ်ဘူးဗျ ။ ကောင်းကင်ကို ဆိုတဲ့ ဘလော်ဂါတစ်ယောက်ရေးတဲ့ ကဗျာ ဆိုပါတော့ဗျာ ။ အသုံးအနှုန်းနဲ့ ကာရံတွေက ဟစ်ဟော့ ဆန်ဆန်ဆိုတော့လည်း ထင်မယ်ဆို ထင်လောက်စရာပေါ့ဗျာ .. :) သီချင်းလုပ်ဆိုမယ် ဆိုလည်း ရလောက်တာပေါ့ ။ အဲ .. အဲ ..ကျနော်ပြောတာ ကဗျာဆရာ ပြန်ကြားရင် အသည်းကွဲနေပါဦးမယ် ။ ဘလော့ဂ်လောက က နာမည်ကျော်ကဗျာဆရာတွေထဲက တစ်ယောက်ပဲဗျို့ ။ သွားရင်းလာရင်းနဲ့ သူ့ လိပ်စာတွေ့ ပါလိမ့်မယ် ။ တကယ်မိုက်တဲ့ ကဗျာတွေ ရှိတယ်ဗျ ။
    အကိုလည်း တလ တခါလောက်တော့ ရေးဦးလေဗျာ ။ ဘာပဲ ရေးတင်တင်ပါ ။
    အိုကေ ..ဘရားသားရေ .. keep on ..

    ReplyDelete
  2. If you can, Pleases!Send to me this KaungKiKo's Poem. I don't no how to copy it.Ok! Thankyou veryvery much !!!!

    ReplyDelete
  3. welcome back!
    ပျောက်နေတာကြာပေါ့။ အသက်ရှိနေသေးတာသိရတော့အရမ်းဝမ်းသာပါတယ်။

    ReplyDelete
  4. long time no see :)

    ReplyDelete

Note: Only a member of this blog may post a comment.