Thursday, August 12, 2010

Two hearts believing in just one mind (Unicode)

[Zawgyi-one version is here]


နှစ်ကိုယ့်တစ်စိတ် အချစ်ဆိုတာ ရှိသလား။ စွဲလမ်းမှု သက်သက်၊ သံယောဇဉ် သက်သက် လောက်နဲ့ ဘယ်လောက် ချစ်သည် ပြောပါစေ ယူလည်းပြီးရော အိမ်ထောင်ရေးက ရီးစားဘဝက ထင်ထားကြသလို မဟုတ်တော့ဘူး ဖြစ်လာရော။ ခွင့်လွှတ် တတ်မှု၊ စွန့်လွှတ် အနစ်နာခံမှူတွေ ဆိုတာလည်း တဘက်သတ် ဆိုရင် ကြာလာတော့ တဖြည်းဖြည်းနဲ့ အားလျော့သွားတာပဲ။


အဓိကကတော့ ရိုးသားမှု၊ ပွင့်လင်းမှု တွေလိုတယ်။ အရေးကြီးတာက နှစ်ဦး နှစ်ဘက်လုံးက ဒီလို ရိုးသားမှု၊ ပွင့်လင်းမှု လိုတာ။ နောက်ပြီး flexible ဖြစ်ဖို့၊ open minded ဖြစ်ဖို့လည်းလိုတယ်။


ဥပမာ - ဘာမဟုတ်တာလေးကို ငြင်းခုံကြတယ်။ မနိုင်နိုင်အောင် ပြောရာကနေ စကားလုံးပြင်းထန်သွားရော။ တဘက်က ပြန်လည် ခြေပရာကနေ စကားလုံးတွေက ပိုပြင်းထန်လာတယ်။ နောက်ဆုံး ရန်ဖြစ်ကြတဲ့ထိ ဖြစ်ကုန်ရော။ ပြောခဲ့ ဆိုခဲ့တာတွေက တစ်ဦးစီ ရင်ထဲမှာ အစိုင်အခဲတွေ ဖြစ်ကျန်ခဲ့ကြရော။


ဒီစာသားလေးကို သဘောကျတယ်။ => Don't let a little dispute injure a great relationship!! Remember the best relationship is one in which your love for each other exceeds your need for each other.


ရုပ်ရှင်တွေမှာပဲ ကြည့်ပေါ့။ အိမ်ထောင်ပြုတော့မယ်ဆိုရင် မိန်းမ ကလည်း ယောင်္ကျားကို ဘယ်လို handleလုပ်ဖို့ ။ ဘယ်လို manipulate လုပ်နိုင်ဖို့ ဆိုတာ စဉ်းစားကြတယ်။ ယောင်္ကျား ကလည်း မိန်းမ ကို ဒီလိုပဲ။ ဒီကတည်းက ဘယ်မှာ ရိုးသားမှု ရှိတော့လို့လဲ။ ဘယ်မှာ ရိုးသား ပွင့်လင်းမှု နဲ့ transparency ရှိတော့လို့လဲ။ နောက် ရှိသေးတယ် . . . ဘေးက အပေါင်းအသင်းတွေ မြှောက်ပေးတာ။ (မိဘ၊ မောင်နှမတွေလည်း ပါတယ်) သွေးထိုးပေးတာကို ယုံတာ။ ကိုယ့် အိမ်ထောင်ဖက်ထက် အပေါင်းအသင်းတွေကို ပိုယုံနေမှတော့ ဘယ်ကောင်းတော့မလဲ။ တစ်ဖက်ကလှည့်စဉ်းစားရင် အဲ့လိုပြောတဲ့ အပေါင်းအသင်းကလည်း မိတ်ဆွေကောင်း မဟုတ်ဘူး။


အင်း.. ခက်တော့ခက်ပါတယ်။ ဒါတွေက လူတွေရဲ့ ပင်ကိုယ် စိတ်သဘောထားတွေ ပေါ်မူတည်တာပါပဲ။


အဲ့ဒါတွေစဉ်းစားပြီး မိန်းမကို မရနိုင်သေးဘူး။ ဟီးဟီး :P


နောက်တစ်ခုက မိန်းကလေးတွေရဲ့ စိတ်ကောက်တတ်တဲ့အကျင့်။ သူတို့ မကျေနပ်တာ တစ်ခုခုရှိတာနဲ့ စိတ်ကောက်ပစ်လိုက်တာပဲ။ တစ်ချို့ အသေးအမွှား ကိစ္စလေးကို ဆိုရင် ယောင်္ကျားလေးက သတိမထားမိရင် ပြီးရော။ ဘာကောက်မှန်းလည်းမသိ။ မေးရင်လည်း “ဘာကြောင့် ကောက်တယ်ဆိုတာတောင် မသိတာ ငါ့ကို ဂရုမစိုက်လို့ပေါ့” လို့ တွေးကြတာ။ အဲတော့ ပြောရရင် မပွင့်လင်းမှုပဲ။ မကျေနပ်တာ ဘာလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောမှ သိမှာပေါ့။


နောက် တစ်ခြားမိန်းကလေးနဲ့ သဝန်တိုတာကို ပြန်ရွဲ့တိုက်ပြီး တခြား ယောင်္ကျားလေးနဲ့ တွဲပြတာဆို အရမ်းဆိုးတယ်။ တစ်ချို့ မိန်းကလေးတွေက ယောင်္ကျား အာရုံစိုက်စေတဲ့ နည်းပညာ အဖြစ်သုံးတာလည်းရှိတယ်။ ဒါတွေကတော့ လုံးဝကို မရိုးသားမှုပဲ။ ဟန်ပြတွဲခံရတဲ့ သူမှာလည်းထိခိုက်တဲ့ အပြင် သူ့ဘက်က အရမ်းစွဲလမ်းသွားတာ ဘာညာတွေ ဖြစ်လာရင် အန္တရယ်ကြီးတဲ့ ပြဿနာဖြစ်သွားနိုင်တယ်။



No comments:

Post a Comment

Note: Only a member of this blog may post a comment.