Monday, January 24, 2011

Pagoda Festival Mall

ဒီဇင်ဘာလ နောက်ဆုံးပါတ်ထဲက ဗိုလ်တထောင် ဘုရားပွဲ ရှိလို့ ညဘက်မှာ ပွဲဈေးတန်းကို လျှောက်ကြည့်ဖြစ်တယ်။ ဒီလို ပွဲဈေးတန်းမျိုး မရောက်ဖြစ်တာ ကြာပြီ။ ဟိုးအရင် မန္တလေးမှာ နေတုန်းကတော့ ပွဲဈေးတန်းဆိုတာ အစုံပဲ။ ရပ်ကွပ် ဘုရားပွဲတွေဆိုတာ နိုဝင်ဘာလထဲမှာဆို ရပ်ကွပ်တိုင်းလိုလိုမှာ ဆိုတော့ ဟိုအိမ်လိုက်စား ဒီအိမ်လိုက်စား။ ပျော်စရာကောင်းတယ်။ ရန်ကုန်မှာ မရှိဘူး။ နောက် ကျောက်တော်ကြီး ဘုရားပွဲ ရှိသေးတယ်။ မန္တလေးမှာ အကြီးဆုံး ဘုရားပွဲပဲ။ အဲ့ဒီမှာ ဦးမောင်မောင်ဆပ်ကပ် ကမ္ဘာလုံးထဲ ဆိုင်ကယ်စီးတာ ကြည့်ခဲ့တာ အရမ်း သတိရတယ်။


အင်း အဲ့ဒါ ဒီ ဗိုလ်တထောင် ဘုရားပွဲ တော့ ဓါတ်ပုံလေးဘာလေးလည်း ရိုက်မယ်ဆိုပြီး လျှောက်ကြည့်ခဲ့တာ။


mall


pagoda mall


ညဆိုတော့ ရိုက်လို့တော့ သိပ်မကောင်းဘူး။ မုန့်သည်တွေတော့ အစုံပဲ။ ဒါရေမုန့်သည်တွေ။ မန္တလေးမှာတော့ မုန့်ရေပါးလို့ ခေါ်တယ်။


pagoda mall


ဒါက မုန့်လင်မယား


pagoda


pagoda


ဒါက ကောက်ညှင်းကျည်တောက်


pagoda


နောက်ပြီးတော့ ရဟတ် အကြီးကြီး တစ်ခုကို သွားကြည့်ဖြစ်တယ်။


pagoda


ဒီ ရဟတ်ကြီးနားကို videoလေး ရိုက်မလို့ သွားတာ။ အခုနောက်ပိုင်း ရဟတ်တွေက စက်တွေဘာတွေနဲ့ လှည့်နေကြတာလေ။ အခုတွေ့ရတဲ့ ရဟတ်က လူအားနဲ့ပဲ လည့်တာ။ လူအားနဲ့ လှည့်တယ်ဆိုတာ လူတွေက ရဟတ်ကြီးရဲ့ ဘောင်တွေပေါ် တွယ်တက်ပြီး သူတို့ အလေးချိန်နဲ့လှည့်တာ။ အရှိန် မြန်လာပြီဆိုရင် သူတို့ အမှီကို လိုက်တက်တာ ကြည့်ရတာ မျောက်တွေလိုပဲ။ အူယားဖို့လည်းကောင်းတယ်။ တကယ်တော်ကြတယ်။ အဲဒါမျိုးကို ရိုက်ချင်လို့ သွားတာ။ ဒီရဟတ်အဖွဲ့ကတော့ စိတ်ပျက်ဖို့ကောင်းတယ်။ လုံးဝကို အကြံအဖန်သမားတွေပဲ။ သုံးလေးပတ်လောက်ပဲ လှည့်တယ်။ ခရီးသည် ပြည့်အောင် တင်နေတာကို အကြာကြီးစောင့်ခဲ့ရတဲ့ လူတွေမှာ ရဟတ်က တကယ်လည်ပြီဆိုတော့ ခဏလေး။ ကျွန်တော်တို့ မန္တလေးမှာ စီးတုန်းကဆိုရင် အကြာကြီးလှည့်တာ။ တော်ပါတော့ လို့တောင် စိတ်ထဲက ရွတ်နေရတယ်။


ကဲ... စိတ်ပျက်စရာ ရဟတ်ပြီးတော့ စိတ်ဝင်စားစရာလေး ပြမယ်... :P


sales girl


sales girl


ကွမ်းယာသည် ငယ်ငယ်ချောချောလေး တစ်ယောက်ပါ။ ဒီပုံကို တော်တော် ခက်ခက်ခဲခဲ ရိုက်လိုက်ရတယ်။ လျှပ်စစ်မီးရောင်မရှိတဲ့ အစွန်ပိုင်းမှာ ဖရောင်းတိုင်မီးလေးပဲ ရှိတာမို့ ပုံကောင်းကောင်း ရဖို့ခက်တယ် (flash လည်းမဖွင့်ချင်တော့)။ ထားပါတော့။ ဒီလို ငယ်ငယ်ချောချောလေးက ကွမ်းယာရောင်းနေတာ ထူးဆန်းလို့ပါ။ သူနဲ့အတူရှိတဲ့ မိန်းမကြီးကလည်း ရုပ်ဆိုးဆိုးနဲ့မို့ သူ့အမေ ဟုတ်ပုံမရဘူး။ ဒီလိုဆို ဒီကောင်မလေးကို promotion girl အဖြစ် ခန့်ထားတာဖြစ်မယ်။ ဒါမှမဟုတ် sales girl လို့ပြောရမလား။ သူကိုယ်တိုင် ယာရောင်းနေတာဆိုတော့လေ။ တကယ်ဆို အရင်တစ်ရက် လာတုန်းက ဒီလိုကောင်မလေးတွေ ရောင်းတဲ့ဆိုင် သုံးဆိုင်လောက်ရှိတယ်။ အဲ့ဒီရက်က ကင်မရာ ပါမသွားလို့ ဒီတစ်ခါ သွားတော့ တစ်ဆိုင်ပဲ ရှိတော့လို့။


ဒီအောက်က ပုံကတော့ ဇာတ်ပွဲ။


pyazet


မြန်မာနိုင်ငံ မြှားပစ်အဖွဲ့ဆိုပဲ။ ပူဖေါင်းတွေကို မြှားနဲ့ပေါက်ကြတာ။


mall


ပြီးပါပြီ ။ ပုံတွေတော့ ကော်နက်ရှင် ချွေတာရတာမို့ အကုန်မတင်တော့ဘူး။


:)



No comments:

Post a Comment

Note: Only a member of this blog may post a comment.