Saturday, December 24, 2011

Win 7 tips

file icon

windows 7 မှာ လွယ်ပေမယ့် မသိရင် ဘယ်လိုလုပ်ရမှန်း မသိတာလေး နှစ်ခုပါ။


ပထမတစ်ခုက အရင်windows တွေမှာ file name တွေရဲ့ font ပြောင်းချင်ရင်
desktop » right click » properties » appearance tab ဆိုပြီး သွားနေကျ။ ဟိုတနေ့က  file nameတွေကို မြန်မာလို ပေးရအောင် ယွန်းချို font ပြောင်းမယ် လုပ်တော့ ဘယ်လိုမှ ရှာမရဘူး။ အင်တာနတ်ကနေ ရှာဖတ်ရတယ်။





ဒီလိုတဲ့



desktop » right click » personalize » ဟိုအောက်ဆုံးက window color



အဲ့ဒီမှာမှ...




change icon font win 7


အဲ့သလို မမြင်သာအောင်ရေးထားတဲ့ စာသားလေးကို နှိပ်တော့မှ



မိတ်ဆွေဟောင်းကြီးကိုတွေ့ရတယ်။



appearance



အဲ့တော့မှ ပြင်ချင်တာ ပြင်လို့ရပြီ။ :)



---------------------



favorite win 7

နောက်တခုကတော့ windows 7 ရဲ့ feature အသစ်လေး။



ဘယ်ဘက် side bar ရဲ့ favorite ထဲမှာ folder shortcut လေးတွေ ထည့်ချင်ရင်  favorite ပေါ်မှာ right click » add current location to favorite ဆိုပြီး လုပ်ရတာ သိတယ်မှုတ်လား။





အဲ့ဒီမှာ program shortcut တွေလည်း ထည့်လို့ ရတယ်။



%userprofile%  folder ကိုသွားလိုက်။ အဲ့ဒီမှာ Links ဆိုတဲ့ folder ကိုတွေ့လိမ့်မယ်။ အဲ့ဒီထဲကို ကိုယ်ထားချင်တဲ့ program shortcut ကို ကူးထည့်ပေးလိုက်ပါ။



အရမ်း အသုံးကျတယ်။