
windows 7 မှာ လွယ်ပေမယ့် မသိရင် ဘယ်လိုလုပ်ရမှန်း မသိတာလေး နှစ်ခုပါ။
ပထမတစ်ခုက အရင်windows တွေမှာ file name တွေရဲ့ font ပြောင်းချင်ရင်
desktop » right click » properties » appearance tab ဆိုပြီး သွားနေကျ။ ဟိုတနေ့က file nameတွေကို မြန်မာလို ပေးရအောင် ယွန်းချို font ပြောင်းမယ် လုပ်တော့ ဘယ်လိုမှ ရှာမရဘူး။ အင်တာနတ်ကနေ ရှာဖတ်ရတယ်။
ဒီလိုတဲ့
desktop » right click » personalize » ဟိုအောက်ဆုံးက window color
အဲ့ဒီမှာမှ...

အဲ့သလို မမြင်သာအောင်ရေးထားတဲ့ စာသားလေးကို နှိပ်တော့မှ
မိတ်ဆွေဟောင်းကြီးကိုတွေ့ရတယ်။

အဲ့တော့မှ ပြင်ချင်တာ ပြင်လို့ရပြီ။ :)
---------------------

နောက်တခုကတော့ windows 7 ရဲ့ feature အသစ်လေး။
ဘယ်ဘက် side bar ရဲ့ favorite ထဲမှာ folder shortcut လေးတွေ ထည့်ချင်ရင် favorite ပေါ်မှာ right click » add current location to favorite ဆိုပြီး လုပ်ရတာ သိတယ်မှုတ်လား။
အဲ့ဒီမှာ program shortcut တွေလည်း ထည့်လို့ ရတယ်။
%userprofile% folder ကိုသွားလိုက်။ အဲ့ဒီမှာ Links ဆိုတဲ့ folder ကိုတွေ့လိမ့်မယ်။ အဲ့ဒီထဲကို ကိုယ်ထားချင်တဲ့ program shortcut ကို ကူးထည့်ပေးလိုက်ပါ။
အရမ်း အသုံးကျတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.