Thursday, April 10, 2014

Sci and Tech news of the week

ဆိုနီကုမ္ပဏီရဲ့ e-ink tablet
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−

screenအကျယ်13.3 လက်မရှိပြီး pdf ဖတ်ဖို့အပြင် ကလောင်တံသုံးပြီး ရေးသားနိုင်မယ့် e-ink display သုံး Digital Paper လို့အမည်ပေးထားတဲ့ tablet ကို စျေးနှုန်း ၁၁၀၀ ဒေါ်လာ သတ်မှတ်ထားတဲ့ အတွက် ပြိုင်ဘက် Kindle Paperwhite 3G နဲ့ယှဉ်ရင် အလွန်အမင်း စျေးများနေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ Kindle Paperwhite 3G ကတော့ screenအကျယ် ၆လက်မ သာရှိပေမယ့် စျေးနှုန်းကလည်း ဒေါ်လာ ၁၉၀ သာ ဖြစ်ပါတယ်။

____________________________________________________________________________


Rubik's Cube ကို 3.253 စက္ကန့်အတွင်း အဖြေညှိနိုင်တဲ့ စက်ရုပ်
---------------------------------------------------------------------------------

Cubestormer 3 လို့ အမည်ပေးထားတဲ့ စက်ရုပ်ကို ကစားစရာလီဂိုအပိုင်းတွေနဲ့ တည်ဆောက်ပြီး ကွန်ပြူတာအဖြစ် Samsung Galaxy S IV ကို အသုံးပြုထားပါတယ်။ ဒီစက်ရုပ်ကို တည်ဆောက်သူနှစ်ဦးကတော့ ARM အင်ဂျင်နီယာ David Gilday နဲ့ Securi-Plex ကအင်ဂျင်နီယာ Mike Dobson တို့ဖြစ်ပါတယ်။ ပုံမှန် ၃x၃ အတုံးလေးတွေစီထားတဲ့ Rubik's Cube ကို ၃.၂၅၃ စက္ကန့်နဲ့ မျက်နှာပြင်ခြောက်ဘက်ကို ညှိနိုင်ခဲ့လို့ ကမ္ဘာ့ ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။ သူတို့ နှစ်ယောက်ကတော့ နောက်ထက်ပိုမို အဆင့်မြင့်တဲ့ စက်ရုပ် နှစ်မျိုး ကိုလည်း တည်ဆောက်ခဲ့ပါသေးတယ်။ MultiCuber 3 စက်ကတော့ ၄x၄x၄ အတုံးေလးတွေ ပါတဲ့ Rubik's Cube ကိုတော့ ၁မိနစ် 18.68 စက္ကန်နဲ့ ချိန်ညှိပေးနိုင်ပြီး MultiCuber 999 စက်က ၉x၉x၉ Rubik's Cube ကို ၃၄မိနစ် ၂၅.၈၉ စက္ကန် နဲ့ ချိန်ညှိနိုင်ပါတယ်။ video https://www.youtube.com/watch?v=X0pFZG7j5cE


____________________________________________________________________________

NASA က ရုရှနှင့် လုပ်ဆောင်မှုတွေကို လျှော့ချမည်
ရုရှနိုင်ငံက ယူကရိန်းနိုင်ငံရဲ့ ခရိုင်းမီးယားဒေသကို သိမ်းပိုက်လိုက်တဲ့ နောက်မှာ အမေရိကန်က ရုရှ အစိုးရခေါင်းဆောင်အချို့ကို ပိတ်ဆို့ အရေးယူမှုတွေ လုပ်ခဲ့ပေမယ် နိုင်ငံတကာ အာကာသစခန်း နဲ့ပတ်သတ်ရင်တော့ ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားရအုံးမှာ ဖြစ်ပါတယ်။ NASA က အာကာသလွန်းပျံယာဉ် အစီအစဉ် ရပ်နားခဲ့ပြီးတဲ့နောက် ရုရှရဲ့ ဆိုယုဇ် အာကာသယာဉ်တွေကို အားကိုးနေခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လ ၂၅ရက်ကပဲ ရုရှ နှစ်ဦး အမေရိကန်တစ်ဦး ဟာ ဆိုယုဇ် အာကာသယာဉ်နဲ့ နိုင်ငံတကာ အာကာသစခန်း ကို တက်ရောက်ခဲ့ရပါတယ်။ NASA တာဝန်ရှိသူတွေကတော့ ရုရှနဲ့ ပူးပေါင်း လုပ်ဆောင်မှုတွေကို လျှော့ချသွားမယ်လို့ ပြောပေမယ့် NASA အာကာသယာဉ်အသစ်ကတော့ ၂၀၁၇မှသာ စတင်နိုင်မှာ ဖြစ်ပါတယ်။ အခြား ဖြစ်နိုင်ခြေကတော့ ပုဂ္ဂလိကပိုင် SpaceX ရဲ့ အာကာသယာဉ်နဲ့ ၂၀၁၅မှာ လူလိုက်ပါနိုင်တဲ့ ခရီးစဉ် စတင်ဖို့ပဲ ဖြစ်ပါတယ်။

____________________________________________________________________________

ပိုးမွှားတစ်မျိုးကြောင့် သတ္တဝါတွေ မျိုးသုန်းကွယ်ပျောက်ခဲ့
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−

လွန်ခဲ့တယ် နှစ်ပေါင်း ၂၅၂ သန်းအကြာက ၉၀%သော ရေနေသတ္တဝါတွေနဲ့ ၇၀%သော ကုန်းနေသတ္တဝါတွေဟာ Methanosarcina လို့ခေါ်တဲ့ ပိုးမွှားကြောင့် မျိုးသုန်းပျောက်ကွယ် ခဲ့ရတယ်လို့ သုတေသီတွေက ဆိုပါတယ်။ Massachusetts Institute of Technology က သုတေသန အရ ဒီပိုးမွှားတွေဟာ အဖြားပိုးမွှားရဲ့ မျိုးရိုးဗီဇကို ကူးပြောင်းရာကနေ မီသိန်းဓါတ်ငွေ့ အလွန်အမင်းထုတ်လွှတ်ခဲ့တဲ့အတွက် ပင်လယ်မှာ အက်ဆစ်ဓါတ်မြင့်တက်ခဲ့ပြီး လေထုထဲမှာ လေထုကိုညစ်ညမ်းစေခဲ့ပါတယ်။ ဒီပိုးမွှားဟာ ဆဲလ်တစ်ခု ဘက်တီးရီးယား ဖြစ်ပြီး ဆဲလ်ထဲမှာ နူကလီးယပ်စ် မပါဝင်တဲ့အပြင် အခြားထူးခြားတဲ့ ဆဲလ်တည်ဆောက်ပုံတွေ ရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−



No comments:

Post a Comment

Note: Only a member of this blog may post a comment.