Wednesday, March 30, 2016

Today is a different day

ဒီနေ့ နေ့လည် ၁၂ နာရီကစလို့ မြန်မာနိုင်ငံ အသစ်တဖန် မွေးဖွားခဲ့ပြီ။ နိုဝင်ဘာ ၈ရက်နေ့က ရွေးကောက်ပွဲမှာ အနိုင်ရပေမယ့် ဒီနေ့မှပဲ အပြည့်အဝ ယုံကြည်လို့ရတဲ့ အခြေအနေကိုး။ ၈၈၈၈ တော်လှန်ရေးအပြီး ၂၈နှစ်။ နေဝင်း အာဏာသိမ်းကတည်းကဆိုရင် ၅၄နှစ်။ အာဏာရှင်တွေ အဆက်ဆက် တိုင်းပြည်ကို ဂုတ်သွေးစုတ်ခဲ့ကြတယ်။ အခုရော ၁၀၀% ဒီမိုကရေစီ ရပြီလို့ မဆိုသာသေးဘူး။ လွှတ်တော်ထဲက အစိတ်သား ရှိနေသရွေ့ ၊ ကာလုံကောင်စီ ရှိနေသရွေ့၊ ကာချုပ်က သမ္မတ အထက်မှာ ရှိနေသေးသရွေ့၊ ၂၀၀၈ အခြေခံဥပဒေ မပြင်နိုင်သေးသရွေ့ အပြည့်အဝ ဒီမိုကရေစီ မဟုတ်သေးဘူး။ ပြောင်းလဲချိန်တန်ပြီဆိုပြီး အစိုးရ ပြောင်းရုံနဲ မရဘူး။ နိုင်ငံသားတိုင်းရဲ့ စိတ်ဓါတ်တွေ ပြောင်းလဲမှသာ ပြည့်ဝတဲ့ ပြောင်းလဲမှုကို မြင်တွေရမှာပါ။


No comments:

Post a Comment

Note: Only a member of this blog may post a comment.