နေ့ရက်တိုင်းမှာ တိတ်ဆိတ်တဲ့ စကားသံတွေ ခေါင်းထဲမှာပဲ လှည့်ပတ် စီးဆင်းနေသလို သက်ငြိမ်လူသားတစ်ယောက်။ ခံစားချက်တွေကို ရင်ထဲမှာ သိမ်းစည်းထားလိုက်တယ်။ ဖွင့်ဟပြောဆိုတော့ရော ရလာဒ်တွေက အနုတ်ပြနေတာပဲ မဟုတ်လား။ လူသားတစ်ယောက်အဖြစ် အသက်ရှင်နေရတာ ဆိုတော့လည်း လူသားဆန်ချင်တာ သဘာဝကျတယ် ထင်ပါတယ်။ မျက်စေ့တွေစုံမှိတ်ပြီး ငါ့ကိုငါ ပြန်ဖတ်ကြည့်တယ်။ နာကျည်းမှုတွေ၊ ငြင်းပယ်ခံရမှုတွေ၊ အမှောင်လွှမ်းတဲ့ ကံကြမ္မာတွေ၊ အားလုံးအားလုံးကို ပြန်မြင်ရတယ်။ ငါ ဒီလိုပဲ နေတတ်နေပြီမို့ အားလုံးကို အကောင်းမြင်ပေးပါတယ်။ ငါ နေတတ်ပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.