Sunday, September 10, 2006

Happy Nation

ညီမမေ (mayvelous) က မြန်မာနိုင်ငံ ပြန်လာချင်အောင် နိုင်ငံအကြောင်း ပျော်စရာလေးများ ရေးပါဦး ဆိုလို့ စဉ်းစားနေတာပါ။ ကျွန်တော်က အမြင်မတော်တာတွေ ပြောသင့်တယ် ထင်တာတွေ ပြောနေဦးမှာဆိုတော့ ကြာရင် မြန်မာနိုင်ငံ မကောင်းကြောင်း ပြောတဲ့လူလို့များ ထင်ကုန်ကြမလား မသိ။ တစ်ကယ်တော့ ဒီနိုင်ငံကို ချစ်လွန်းလို့ပြောနေတာပါ။

ကျွန်တော်တို့  မြန်မာနိုင်ငံက စိမ်းစိုနေတဲ့ တောတောင၊် စိမ့်စမ်း၊ မြစ်ချောင်း၊ သဘာဝ အလှတွေနဲ့ လှပနေတဲ့ နိုင်ငံပါ။ ဒီစစ်အစိုးရက သစ်တောပြုန်းတီးအောင် စည်းမဲ့ ကမ်းမဲ့ သစ်ပင်တွေ ခုတ်ရောင်းနေတဲ့ကြားက လှပနေဆဲပါပဲ။ (လာလည်မယ်ဆိုရင် ဒီသဘာဝအလှတွေဆီ သွားသင့်ပါတယ်။) နောက်ပြီး လူမျိုးပေါင်းစုံ၊ စကားမျိုးစုံ၊ ကိုးကွယ်ရာ ဘာသာပေါင်းစုံနဲ့ လှလှပပ တည်နေသင့်တဲ့ နိုင်ငံပါ။ ဒါကိုလည်း စစ်အစိုးရက အားနည်းသူ လူမျိုးစုတွေကို သတ်ဖြတ်၊ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ဖိနှိပ်၊ ပြည်သူလူထုကို ချွေးတပ်ဆွဲသလိုအလုပ်ခိုင်း . . .

အင်းအင်း..တော်လိုက်ပါတော့မယ်။ ပျော်စရာလေးတွေ ရေးမလို့စဉ်းစားပြီး ရေးရင်းရေးရင်း စိတ်ညစ်စရာပဲ ပြန်ပြန်ရောက်သွားတယ်။ ပျော်စရာဆိုတော့ ဟိုတစ်နေ့က ဦးလေးကြီးတစ်ယောက် ပြောတာ ပြန်ပြောပြရဦးမယ်။

“မြန်မာနိုင်ငံက ပျော်စရာကြီးကွ” တဲ့။

ကျွန်တော်က အူကြောင်ကြောင်နဲ့ ပြုံးမိတော့.. . သူကဆက်ပြောပါတယ်.. .
“ဒီနိုင်ငံမှာ ဘာလုပ်လုပ် အကုန်ရတယ်။ ပိုက်ဆံပေးရင် အားလုံး ပြေလည်တယ်။ ဥပဒေတွေဘာတွေ ဆိုတာ ပိုက်ဆံပေး အားလုံး ရှင်းလို့ရတယ်။ အဲ့ဒါကြောင့် မြန်မာနိုင်ငံကြီးက ပျော်စရာကြီးလို့ ပြောနေကြတာ” တဲ့
နောက်ခြွင်းချက် တစ်ခုဆက်ပြောပါတယ်.. .
“ တစ်ခုတော့ ရှိတယ်ကွ ဒီမိုကရေစီ မအော်နဲ့၊ ဒေါ်အောင်ဆန်းစုကြည် အကြောင်း မအော်နဲ့၊ ဒါကတော့ ဘာနဲ့မှ ရှင်းမရဘူး” တဲ့။


Categories / tags: ,

6 comments:

  1. absolutely right!
    money makes everthing :p

    ReplyDelete
  2. ပြန်ခြင်လိုက်တာဗျာ

    ReplyDelete
  3. haha, I know, I always feel like I write depressing stuff about Burma but it should be said that we all write depressing stuff about the nature, actions and consequences of the Burmese military government and not Burma in itself, a country we all love dearly. :) I'm glad you are smiling.

    ReplyDelete
  4.ွရွာက ဂျီးဒေါ် ဒေါ်သန်းစိန် လိုက်လာပြီ။ lol...

    ReplyDelete
  5. အင်း... ဒီ ဂျီးဒေါ် spammer ကို ဖျက်ပြီ။ ဂျီးဒေါ် ပိတောက် spammer ရေ...

    ReplyDelete

Note: Only a member of this blog may post a comment.