Wednesday, September 06, 2006

I'm home

အင်း.. . ဟိုရောက် ဒီရောက် ရှောက်သွားနေလို့ မblog ဖြစ်တာပါ။  criers တို့ထင်သလိုလဲ ဟန်းနီးမွန်း ထွက်ရအောင်လဲ မကြီးပွားသေးပါဘူး။ :D ခရီးထွက်တာလည်း ပိုက်ဆံမရှိလို့ ဟိုမြို့က သူငယ်ချင်း၊ ဒီမြို့က သူငယ်ချင်း တွေဆီ အလကား လှည့်စားနေတာလေ။ :D အခုတော့ ပြည်တော် ပြန်ရောက်ပါပြီ။ အမေ့အိမ် ပြန်ရောက်ပါပြီ။

ကွဲကွာနေတဲ့ရတဲ့ မြန်မာနိုင်ငံကြီးမှာ ဘာတွေများ ထူးခြားနေပါလိမ့်…
လေဆိပ်ရောက်ရောက်ချင်း လေဆိပ် “လ၀က” က ပုဂ္ဂိုလ် များ ဆရာကြီး ဒေါက်တာ ဆလိုင်း ထွန်းသန်း ပုံကို စားပွဲတိုင်းမှာ ကပ်ထားတာတွေ့ရလေရဲ့။ ဆိုက်လာသမျှ လေယာဉ် တိုင်းမှာ ရှာနေ သလားတော့ မသိ။
ရန်ကုန်မြို့ထဲမှာတော့ ဘာမှမထူးခြား၊ ကားတွေ traffic jam မြဲ။  အရာရာ ခေတ်နောက်ပြန်နေတဲ့ နိုင်ငံမှာ ဟိုတစ်ခေါက်ကထက် တိုးတက်လာတာဆိုလို့ လျှပ်စစ်မီး ဆိုတဲ့အရာ ပြန်ရှိလာတယ်၊ ဟိုsite ၀င်မရ ဒီsite ၀င်မရ အင်တာနက်ဆိုတာလေး ရှိလာတယ်။ မဆိုးပါဘူးဗျာ။ မြန်မာနိုင်ငံ ပြန်ရောက်ကြောင်း email လေးတွေပို့ဖို့ Gmail ဖွင့်တော့မရ။ (yahoo, hotmail တွေမရတာတော့ အရင်ကတည်းက ကြားဖူးပြီးသားပါ။) သြော်.. . ဘယ်ရလေမလဲ mail4u.com.mm တို့က email တွေလို သူတို့ အကုန် ထိုင်ဖတ်လို့မှ မရတာကိုး။

လူတွေမှာတော့ ဒီစစ်အစိုးရ ဘယ်တော့ ပြုတ်မလဲ သတင်းအစအနလေးများ ရလိုရငြား ရေဒီယိုလေးတွေကိုင် နားစွင့်နေကြလေရဲ့။ မနက်ခင်း ကျန်းမာရေး ထွက် လမ်းရှောက်သူတွေတောင် ရေဒီယိုလေးတွေ တကိုင်ကိုင်။
ကန်တော်ကြီး (ဗိုလ်ချုပ်ပန်းးခြံ) ထဲက ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကြီးကတော့ အနားသွားလို့မရအောင် မြက်ရိုင်းတောထဲ ရောက်အောင် လုပ်ထားကြလို့ အထီးကျန် နေလေရဲ့။
Categories / tags: ,

8 comments:

  1. Hey,
    You blogged again. A May' ein ka a kaung sone loh pway te naw.
    when I was in Burma, I couldnt' access gmail and yahoo too. But I used https:// to do it and it got through. they banned that too??? Take care Myo. Blog more abotu Burmese adventures

    ReplyDelete
  2. WOh, in Myanmar now?
    Good luck!

    ReplyDelete
  3. Welcome back to blog.Waiting for your new posts.

    ReplyDelete
  4. A Ko yal, happy things lay tway blog par oo. mm pyi ma kaung kyoung blog yin, ygn ko nxt time ma pyan shin pal nay mhar soe lo.
    I hope you having fun there.
    Eat a lot of good stuffs for me too :D

    Enjoy bro.

    ReplyDelete
  5. welcome back, bro.. we are waiting for your new posts..

    ReplyDelete
  6. nyar bar nae gya, kha nyar ta yauk hte twar tar ma hote par bu. nauk ka Aphaw (fri etc.) par thay tel ma hote lar?

    ReplyDelete
  7. to MoeMoe » yeah... that trick doesnt work now. but i can now use some other doors to read/write gmail. :)

    to NLS & AwLanMg » Thanks, i hope to blog more from now on.

    to Mayvelous » Yes sis May, i'm eating more 4 u now. But i gain more weight and u still thin. :P ok...k... i will post something good about burma. cheers

    to Lin Let Kyal Sin » Thanks sis, new posts on d way. :)

    to criers » haa haa. a phaw lay myar par lo ga daw blog tway bar tway bay khauk :P

    ReplyDelete

Note: Only a member of this blog may post a comment.