ဒီနေ့ ကျွန်တော့် သူငယ်ချင်း forward လုပ်လိုက်တဲ့ email ကတော့ ဟုတ်သည်
မဟုတ်သည်မသိ ဒီသတင်း အရဆိုရင် ...
ဟီးဟီး lol rofl :D
နောက်ဆက်တွဲသိရသော စစ်ဘက် အသိုင်းအ၀ိုင်း သတင်းများ အရ ဗိုလ်သန်းရွေ သမီးတွင် န၀တအတွင်းရေးမှူး-၂ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်တင်ဦး( တပ်တွင်းဗုံးခွဲ လုပ်ကြံမူကြောင့် ကွယ်လွန်)၏ သားဖြစ်သူ ကိုဇော်(နအဖ အသိုင်းအ၀ိုင်း အတွင်း ခေါ်ဝေါ်သော နာမည်) နှင့်ရရှိထားသော ကိုယ်ဝန်ရှိနေကြောင်း။ အဆိုပါ ကိုဇော်ဆိုသူသည် ယခင် မြို့တော်ဝန် ကိုလေး၏ သမီး နှင့် တရားဝင်လက်ထပ်ထားသော အိမ်ထောင်ရှိသူတဦးဖြစ် ကြောင်း။ သူတိုနှစ်ဦး နိုင်ငံခြားရေးဌာနတွင် အတူ အလုပ်လုပ်နေရာမှ ငြိစွန်းပြီး၊ ကိုယ်ဝန်ရရှိခဲ့ ခြင်းဖြစ်ကြောင်း ။ ထိုသို့ အိမ်ထောင်ရှိသူ နှင့် ဖောက်ပြန်နေသည့်သတင်းကို ဗိုလ်သန်းရွှေသိ ရှိ ခဲြ့ပီး မျက်မာန်တော်ရှကာ ကိုဇော်ဆိုသူအား ကုန်တင်ကားဖြင့် တိုက်သတ်ရန်စီစဉ်ခဲ့ကြောင်းး။ ကံကောင်းထောက်မ၍ အသက်မသေခဲ့သော်လည်း ယခုအခါ ကိုယ်တစ်ပိုင်း သေဆုံး သွားကြောင်း။ ကိုဇော်သည် Intensive Care Unit(ICU) တွင် ဆေးကုသမူခံယူရကြောင်း။ ဆေးရုံတက်နေစဉ်အတွင်း သန္တာရွှေသည် ညအခါတွင် ရုပ်ဖျက် လာရောက်ကြည့်ခဲ့ ကြောင်း။ နောက်ဆုံးတွင် ဖခင်၏အမိန့် ဖြင့် ကိုဇော်ဆိုသူအား စွန့် ကာ ဗိုလ်မှူးဖြိုးဇော်ဝင်း နှင့် လက် ထပ်ခဲ့ရခြင်း ဖြစ်ကြောင်း ။ ဗိုလ်မှူးဖြိုးဇော်ဝင်းသည်လည်း ဗိုလ်သန်းရွေအား ထားရ သော လူယုံတဦးဖြစ်သည့်အပြင် ဗိုလ် သန်းရွှေ.အမိန် ကို မလွန်ဆန်ရဲသဖြင့် သန္တာရွှေကို လက်ထပ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း စုံစမ်းသိရရှိရပါသည်။
မှတ်ချက်၊ ၊ သန္တာရွေနှင့် လက်ထပ်လိုက်သော မင်္ဂလာဆောင်အခမ်းအနားတွင် ဗိုလ်မှူးဖြိုးဇော်ဝင်း၏ မျက်နှာကို အစအဆုံး သေသေချာချာကြည့်ပါက ပျော်ရွှင်ကြည်နူးသည့် မျက်နှာနှင့် နှစ်သက်မြတ်နိုးခြင်း မရှိသည်ကို တွေ့ ရပါလိမ့်မည်။
(မှတ်ချက်။ ။ ဒါကြောင့် သန္တာရွှေ လမ်းလျှောက်ရင် ဗိုက်လေးနေတာကိုး၊ ဘေးတိုက်လျှောက်ရင် ပူနေတဲ့ ဗိုက်ကလေးကို ပုဝါနဲ့ ဖုံးထားပေမယ့်  ပုဝါ မလုံတဲ့အခါမှာ သိသိသာလေးကိုတွေ့ ရတာ။ နောက်ဆုံး မိသားစုတွေနဲ့ ရင်းနှီးသူတွေဘဲ ဓါတ်ပုံစုရိုက်တော့ ပုဝါကို ခါးအပေါ်မှာ ချီထား လိုက်တော့ ပိုမြင်ရတာပေါ့။ ၀လို့ ဗိုက်ပူတာနဲ့  ဗိုက်ကြီးလို့ ဗိုက်ပူတာကတော့ သိသာပါတယ်။)
(ရေးသားဖေါ်ပြသူ – မောင်ရှင်)

ဝါးဟားဟားဟား..ရယ်ရတယ်ဗြဲဟဲဟဲဟဲ
ReplyDeleteဘိုးတော် မင်းက ဗြဲလုပ်သွားတော့ ငါဘယ်လိုရယ်ရမှာတုံး။ ဟုတ်ပြီ ဒီလိုရယ်မယ်။ ဟာ ဟာ ဟ….ဟီ ဟီ ဟိ ကရော်ကရော် ရှက်ပါတယ် ဝက်မလေးရယ်
ReplyDeleteyour eye is very good
ReplyDeleteLUcky enough, lucky enough,
ReplyDeleteNot to hav fell in love with her,
hooooo!!!
Blog addrs ပြောင်းသွားပြီဗျို့..
ReplyDeleteအခုအသစ်ကိုလည်း အားရင် လာလည်ဦးပေါ့..
http://the-song-i-sing.blogspot.com/
ReplyDelete