အစိုးရသတင်းစာတွေမှာ ဒီမိုကရေစီ ဘက်တော်သားတွေကို တိုက်ခိုက်တဲ့ ဆောင်းပါးတွေ တစ်နေ့တစ်နေ့ ရေးလိုက်ကြတာ ဘယ်သူကမှလည်း ဖတ်မှာမဟုတ်ဘူး။ နောက်တော့ အဲ့ဒါကို
သူတို့သဘောပေါက်သွားတယ် ထင်တယ်။ ပုဂ္ဂလိက ဂျာနယ်တွေမှာပါ အတင်း ထည့်ခိုင်းလာတော့တယ်။ ဒါလည်း ဘယ်သူကမှ ဖတ်မှာမဟုတ်ဘူး။ အဲဒီ့ စာမျက်နှာကို ကျော်ဖတ်လိုက်ကြတာပါပဲ။
(တခါတရံ ယောင်လို့များ "သြော်... ဘာတွေများပါလိမ့်" ဆိုပြီး တစ်ကြောင်းတစ်လေ မဖတ်မိလိုက်နဲ့၊ သူခိုးက လူလူဟစ် ထားတာတွေချည်းပဲ။ )
အဲ့တော့ ဒီလို ဘယ်သူမှ မဖတ်လည်း ဒီလောက် စာမျက်နှာကြီး အပြည့် ရေးရေးနေကြတာ တော်တော် သနားဖို့ကောင်းလာတယ်။ (အင်းပေါ့လေ... သန်းရွှေကတော့ အရိုးအရင်း ပေးကိုက်မှာပေါ့။) စာရေးတယ်ဆိုတာ (diary ကလွဲလို့) စာဖတ်သူရှိမှ ကျေနပ် ပီတိ ရတော့မပေါ့။ အဲ့ဒါကြောင့် ကျွန်တော်တော့ သူတို့ကို သနားသနားလာတယ်။ အဲ့ဒီ ဆောင်းပါးရှင်တွေကို သိရင် ပြောပေးကြပါ။ ကျွန်တော်က သနားတယ် လို့။

Hote pa.
ReplyDelete