Thursday, August 09, 2007

တာရာမင်းဝေ

မနေ့ကမှ သူငယ်ချင်းတစ်ယောက် ပြောမှသိတယ်၊ တာရာမင်းဝေ ကွယ်လွန်သွားတယ် ဆိုတာကို။ မဂ္ဂဇင်းဝတ္ထုတိုတွေမှာ စဖတ်ဖူးကတည်းက သူ့ရဲ့စာတွေကို ကြိုက်နှစ်သက်လာခဲ့တယ်။ ဒီလိုစာရေးဆရာကောင်း တစ်ယောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားတာ အလွန် ဝမ်းနည်းစရာကောင်းပါတယ်။ နောက်ပြီး အသဲရောင် B ဆိုတာ ကာကွယ်ဆေးရှိတဲ့ ရောဂါဖြစ်ရက်နဲ့။ ဒီစစ်တပ်အာဏာပိုင်တွေကလည်း စာရေးဆရာတစ်ယောက်ရဲ့ နာရေးကိုသွားတဲ့ ကားတွေကိုတောင် တားဆီးပိတ်ပင်သတဲ့။ နာရေးကို ၈၈မျိုးဆက် ကျောင်းသားတွေ တက်ရောက်တယ်လို့ DVB သတင်းမှာရေးထားပါတယ်။ မင်းကိုနိုင်ရဲ့ ကဗျာကိုလည်း DVB မှာဖတ်နိုင်ပါတယ်
UPDATEသူငယ်ချင်းတစ်ယောက်ရဲ့အဆိုအရ စီပိုး ကြောင့်တဲ့ Bပိုး မဟုတ်ဘူးတဲ့။


1 comment:

Note: Only a member of this blog may post a comment.