Thursday, January 17, 2008

Fever (lang="my")

လူသားဘ၀တွေ မတည်မြဲဘူးတဲ့။ ဒီစကားစုကို ငါအထပ်ထပ် ရေရွတ်နေခဲ့ဖူးတယ်။ အခုလည်း ကြားနေရတယ်၊ ဒီ ခန္ဓာကိုယ် ထဲက သေချင်စိတ်။ ဒါမှမဟုတ် ရှင်သန်ချင်စိတ်။ ဒီနှစ်ခုရဲ့ နယ်စပ်မှာ ဘဝကြီးကပဲ ရောဂါတွေကို ကျွေးမွေးနေမိသလား။ အဖျား ရောဂါရဲ့အဆင့်ခုနှစ်မှာ ကြောက်ရွံ့မှုရဲ့အရသာနဲ့ ငါခါးသက်လှပြီ၊ မိခင် ကမ္ဘာမြေရေ... သင်လည်ပတ်နေသရွေ့ ဒီနာကျင်မှုတွေ အဓွန့်ရှည်နေဦးမှာလား။
ကြမ်းကြုတ်မှု နာကျင်မှုတွေ ငါ့ခန္ဒာကိုယ်က အားအင်တွေကို စုတ်ယူနေသလား။ ငါအမြဲသိပါတယ်၊  ကမ္ဘာမြေရေ ဟောဒီ မြေပြင်ပေါ်မှာ အမှန်တရားပဲ အမြဲထိခိုက်ခံစားရတာ များပြီနော်။ ဒီအသံတွေ... ကြားနေရဆဲပဲ၊ နားထဲမှာ နားထဲမှာ နောက်ပြီး ရယ်သံတွေ၊ ရယ်သံတွေ ရဲ့အလယ်မှာ အထီးကျန်ခြင်းကို ခံစားသိခဲ့ရတယ်။ နောက်ပြီးတော့ သည်းခံမှုကို သိခဲ့ရတယ်။
ပိုးမွှားတွေ ပိုးမွှားတွေ ငါ့ ခေါင်းထဲကို ရောက်လာကြပြီလား ထွက်သွားကြစမ်းပါ။ အသံတွေကျယ်လောင်လာနေပြီ။ ။  မင်းဟာ ငါ့ရဲ့ အမိုးအောက်မှာ ရှိနေသရွေ့ငါ့ကိုလေးစားရမယ် လို့... ငါအာခေါင်ခြစ်ပြီး အော်လိုက်မိတယ်။ (ကြောက်ရွံ့မှုတွေ ရှင်သန်ဆဲလား။) ထွက်သွားကြစမ်းပါ။ မင်းဟာ ငါ့ရဲ့အမိုးအောက်မှာ ရှိနေသရွေ့ငါ့ကိုလေးစားရမယ်။ ဒီည၊ နောက်တစ်ရက်၊ အမှောင်၊ ပြီးတော့ မှောင်မိုက်တဲ့ အိပ်စက်ခြင်းထဲမှာ ငါ့ခန္ဓာကိုယ်ကို ဆွဲယူကြိတ်ခြေနေသလို၊ သွေးလွန်နေတဲ့ သန္ဓေသားလောင်းတွေ၊ ဒါမှမဟုတ် အိပ်မက်ဆိုးရဲ့ ကလေးတစ်ယောက်လို ငါလွင့်မျောနေရင်း သေလွန်သော လူတွေရေ... ငါတို့တစ်လမ်းထဲလျှောက် နေကြရပြီလား။ ရေ...ရေဆာလိုက်တာ၊ ဟောဒီအခါးတွေ၊ ပြီးဆုံးပါတော့၊ မနက်မိုးလင်းတိုင်း အိပ်မက်တွေနဲ့ ငတ်မွတ် နေမိသလား၊ အလကားကွာ၊ သွားသေစမ်းပါ။ မင်းရဲ့စိတ်ကိုချဲ့ထွင်လိုက်စမ်းပါ။ ပြီးတော့ ဘာမှ မခုခံမတိုက်ခိုက်ပဲ အရှုံးပေးလိုက်ရမှာလား။  မင်းတို့တွေဟာ လွတ်လပ်စွာ ပွင့်တဲ့ပန်းကို ပိတ်လှောင် ရိုက်ချိုး သတ်ပစ်ဖို့ကြိုးစားနေတာပဲ၊ ဒေါသတရားက ငါ့ရဲ့ ခန္ဓာကိုယ်ထဲက မော်လီကျူးတွေမှာ ပေါက်ပွားနေပြီ၊။ မေမေရေ... ကျွန်တော့် ခန္ဓာကိုယ်ထဲက ရောဂါပိုးမွှားတွေရဲ့ အသံကို ကြားနေရလား။ အဖျားရှိန်ရဲ့ အနံ့တွေ ရနေလား။ ၊ အားနည်းနေတဲ့သွေးကြောတွေထဲ ဒီအဖျားရောဂါတွေလေ။ တစစ ချုပ်နှောင်ဖမ်းဆီး၊ ငါ့ရင်ခေါင်းထဲမှာ လစ်ဟာနေပြီ်၊ ငါ့ကိုယ်ငါ အရာရာတိုင်းမှာ လိုက်ရှာနေမိတယ်။ ဝါးမြိုတိုက်ခိုက်နေတဲ့ သေခြင်တရားရေ ငါ့ကိုလွှမ်းမိုးနေတဲ့ မကောင်းဆိုးဝါးတွေ ငါကိုမှတ်ထားတယ်။   ဒီသွေးထဲကနေ စုတ်ထုတ်ပစ်ရမယ်။ ohh... ratatouille strychnine ၊ ဟိုးအဝေးက လမ်းကျဉ်းကျဉ်းလေးတွေ။ အိမ်သေးသေးလေးတွေ။ ငါရောက်သွားခဲ့သေးတယ်။ အချစ်လေးရေ... ကောင်းကင်ဘုံရဲ့ ဂီတကိုလည်း ငါကြားခဲ့ရတယ်။ နောက်ဆုံးမှာ မြင့်မြတ်သူတွေသာ အောင်နိုင်ရမယ်။
နောက်ပြီး ကျွန်တော် လူသားအားလုံးရဲ့ ကိုယ်စား ပြောဆိုအပ်ပါတယ်။ ငါတို့ ဘယ်တော့မှ မျှော်လင့်ချက်မမဲ့ရဘူး။ ကျွန်တော် ဘာတွေစတေးခဲ့ရလဲ နာကျင်ခံစားခဲ့ရလဲ သိလား။
ငါ့ကိုကြောက်စမ်းပါ သေခြင်းတရား။ ငါ့ကိုကြောက်စမ်းပါ ။
ငါတို့ရဲ့ အတောင်ပံတွေ ခြောက်သွေ့ပြီး လွတ်မြောက်လုနီးပြီ
ဒါဟာ ငါတို့တောက်ပရမယ့်အချိန်ပဲ
အမှန်တရားဟာ ငါတို့ဘက်ရောက်လာရမယ့် အချိန်ပဲ
မြင့်မြတ်တဲ့ငါတို့ ပြာပုံဘဝက ပြန်ထရမယ့်  အချိန်ပဲ
ဒါဟာ ငါတို့ရဲ့ မြင့်မြတ်တဲ့စစ်ပွဲပဲ
ကယ်တင်ရှင်ရေ...
ငါတို့ ဘယ်တော့မှ မျှော်လင့်ချက်မမဲ့ရဘူး။
အမြဲတမ်း
အမြဲတမ်း
မိခင်ကမ္ဘာမြေ လည်ပတ်နေသမျှ အမှန်တရားအတွက်။ ။


Fever (lang="my")

3 comments:

Note: Only a member of this blog may post a comment.