Saturday, August 29, 2009

Days


နေ့ရက်များ


စိတ်တွေ ဖရိုဖရဲနဲ့ အချိန်ရထားပေါ် ကျပ်ကျပ်သပ်သပ်


ရင်ထဲကအပူကြောင့် ရာသီဥတု အပူကို ထပ်မခံစား နိုင်သေးဘူး


သူတို့ပြောတဲ့စကားတွေဟာ ငါ့အတွက်တော့ ဆူညံသံသက်သက်


အသုံးမကျတာတွေ လုံးဝ ခေါင်းထဲ မထည့်လိုတော့ပါ


တစ်နေ့စာ ရလဒ်ကို မှန်ထဲမှာပြန်ကြည့်တော့


သွန်ထုတ်ပြစ်စရာတွေ အများကြီးပဲ


ဘာတွေဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ


စိတ်ထဲမှာမှောင်မဲ ရင်တွေကွဲလို့ တစ်ပတ်ရစ်အပျော်လေးတွေနဲ့


မနက်ဖြန်ကို ခန်းစီးဖွင့်လို့ ငါကြိုရဦးမယ်။

DTN


Zawgyi-one version

နေ့ရက်များ
DTN





No comments:

Post a Comment

Note: Only a member of this blog may post a comment.